Wednesday, December 30

Some Places to Celebrate Countdown Party at Singapore

မနက်ဖြန်ညဆို လူကြီး လူငယ် လူရွယ် အများစုဟာ နှစ်သစ်ကို လက်လှမ်းမှီရာမှ ကြိုဆိုဖို့ အခုလောက်ထဲက အစီအစဉ်တွေ ဆွဲပြီး ပြင်ဆင်နေကြပါပြီ။ သူငယ်ချင်းတွေ ဆွေမျိုးတွေဆီဖုန်းဆက် အီးမေးလ်ပို့နှင့် ပါတီလုပ်မယ် ဘာဘီကျူးလုပ်မယ်။ ဘယ်နေရာက countdown ကို သွားမယ် စသည်ဖြင့်ပေါ့။
ပူးတေကိုလဲ သူငယ်ချင်းတွေကော၊ အိမ်က လူတွေကရော၊ စင်္ကာပူရောက်ခါစက နေခဲ့တဲ့ အိမ်က အစ်မတို့မိသားစုကရော၊ ပူးတေကို ရောက်စက ကူညီခဲ့တဲ့အစ်မ(သူနဲ့ ပူးတေကတလှည့်ဆီ ကူညီကြတာ။ ပူးတေမသိတဲ့ ကိစ္စတွေ ဥပမာ အိမ်ငှားတဲ့ကိစ္စတွေကို သူက ကူညီပေးလေ့ရှိတယ်။ အဲ ပူးတေနေမကောင်းရင်လဲ အရင်တုန်းက တစ်ယောက်ထဲဆိုတော့ သူ့အိမ်သွားနေလိုက်ယုံပဲ။ သွားနှုတ်တုန်းကလဲ ပူးတေက အညှော်ခံလို့မရဘူးလေ။ ကိုယ်နေတဲ့အိမ်က သူများတွေနဲ့ ပူးတေကလဲ အငယ်ဆုံးဆိုတော့ အညှော်မလုပ်ပါနဲ့လို့လဲ ကိုယ်က လူကြီးတွေကို မပြောချင်တော့ သူ့အိမ်မှာသွားနေရတယ်။ သူ့အိမ်ကလူတွေကို သူက အညှော်မလုပ်ဖို့ စည်းကမ်းထုတ်လိုက်တယ်။ အားလုံးက ခေါက်ဆွဲပဲပြုတ်စားကြတယ်။ အရင်က ကြက်ဥကြော်စားတဲ့လူတွေလေ။ :) သူတို့အားလုံး အဲဒီအစ်မရဲ့ ပါးစပ်ကိုကြောက်ကြလို့ အညှော်မလုပ်ကြတော့ဘူး။ အဲ သူပဲလုပ်တယ်။ သူလုပ်တဲ့အချိန်တော့ ချွင်းချက်ပေါ့။ ပူးတေကို သူ့ရဲ့  master bed room ကြီး (မာစတာဘက်ရွမ်းကြီးလို့ပြောရတာက တကယ့်ကို အကြီးကြီးပါ။ သူနေတာ ကွန်ဒိုလေ။ ရေချိုးခန်းထဲမှာတင် နောက်ထပ် ကုတင်၁လုံးထပ်ထည့်ပြီး လူထားလို့ရတယ်လို့ အမြဲနောက်နေကျ) ထဲကိုထည့်ထားလိုက်ပြီးတော့ အဲကွန်းဖွင့်ပေးထားတယ်။ ထွက်မလာနဲ့တဲ့။ အညှော်တွေကုန်ရင် လာခေါ်မယ်တဲ့။ အဲလိုလူမျိုး။ အဲဒီအစ်မက ပါးစပ်ပဲဆိုးတာ။ စေတနာကတော့ အလွန်ကောင်း။ သူလိုတဲ့ ကိစ္စကတော့ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ကလေးကျောင်းအပ်တာတွေ၊ ကလေးကို စာသင်ပေးတာတွေ၊ ပူးတေလုပ်ပေးရလေ့ရှိတယ်။ သူ့သားလေးကို စာသင်ပေးတဲ့နေ့ဆို ပူးတေနဲ့ သူ့သားလေးအတွက် အင်းလေးက ကြေးအိုးဆီချက်ကို သူကိုယ်တိုင်သွားဝယ်တာ။နောက်မှ သူ့အကြောင်းပြောပြဦးမယ်။) လိုရင်းကို ပြန်ဆက်ရဦးမယ်။ သူတို့တွေက ပူးတေကို new year celebrate လုပ်ဖို့ ခေါ်ထားကြတယ်။
သူတို့ကတော့ သူတို့ရဲ့ ဘူမိနက်သံ east coast မှာပဲ ဘာဘီကျူးပါတီတဲ့။ ကျောင်းမှာတုန်းကလဲ သူငယ်ချင်း၊ ခုလဲ ဘလော့သူငယ်ချင်း မြူးမြူးရဲ့  သားလေးမွေးနေ့ကလဲ New Year ပဲလေ။ မှတ်ရလွယ်တယ်။ သူကလဲ ဖိတ်ထားတော့ ပူးတေတို့လဲ အဲဒီကိုပဲ အဓိက Target ထားထားကြတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေလဲ တွေ့ရကောင်းတွေ့ရနိုးပေါ့။ တခြားဖိတ်ထားတဲ့ လူတွေကိုတော့ အခြေအနေအရ နေကောင်းရင် လာခဲ့ကြပါမယ်ပေါ့။ ပြီးရင်က အိမ်ပြန် အိပ်ဖြစ်ဖို့ကများတယ်။ အဲဒါက ထုံးစံပဲ။ :) ပူးတေက ဒီရောက်မှ တော်တော်လေး ချူချာတယ်လေ။

တချို့တွေလဲ New Yaer Countdown ကို တနှစ်နဲ့ တနှစ်မတူတဲ့ နေရာမှာ မတူညီတဲ့ ပုံစံအသစ်လေးတွေနဲ့ ဆင်နွှဲချင်ကြတာရှိတယ်လေ။ အဲဒီလူတွေအတွက် စင်္ကာပူက အထင်ကရနေရာတချို့မှာ ကျင်းပမယ့် နှစ်သစ်ကူးပွဲတော် အစီအစဉ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ သွားပြီးရင်တော့ အတွေ့အကြုံလေးတွေကို ပြန်လာ share ပေးကြဦးနော်။

ပထမတစ်ခုက Marina Bay က Countdown Party တဲ့ ။ သူ့ကြော်ငြာက ပူးတေနေ့တိုင်း အလုပ်သွားနေတဲ့ လမ်းမှာ ဆိုင်းဘုတ်ကြီးထောင်ထားတယ်။ You are Invited to Marian Bay Countdown Party တဲ့။ စိတ်ဝင်စားပေမယ့် အချိန်မရလို့ သေချာမဖတ်ခဲ့ရဘူး။ ခုသေချာဖတ်ရလို့ ဘော်ဘော်တို့ကို share လိုက်တာ။ ဝင်ကြေးက FOC တဲ့။ တချို့က လူထူထပ်တဲ့နေရာတွေကြောက်တယ်လေ။ ပူးတေတို့ မစ္စတာပီတို့လိုပေါ့။ အဲလို မသွားနိုင်ရင်လဲ Channel NewsAsia ကနေ Live ပြပေးတယ်တဲ့။ အသေးစိတ်မူရင်းကတော့ အောက်မှာ

Marina Bay Countdown Party 2009/2010 on Dec 31
Catch the brilliant fireworks display at 2009 Marina Bay new year countdown party. More than just a festive celebration, Broadcast LIVE on Channel NewsAsia, the Countdown will also capture the hearts of fellow Singaporeans and friends residing overseas.
Fast becoming the city’s favourite festival stage, Marina Bay provides a perfect setting against the signature city skyline to stage and enjoy large-scale cultural and community events, water-based sports and celebrations. Active programming of events will bring iconic events to Marina Bay all year round, establishing it as a Bay of Celebration with exciting activities for everyone to enjoy.


Free admission, except for entry to The Float at Marina Bay.
Marina Bay countdown Party Time: 7pm


သူနဲ့ပက်သက်တဲ့ website ကဒီမှာ။ အွန်လိုင်း new year wish လဲ တင်ချင်ရင်တင်လို့ရတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။ အွန်လိုင်းမှာ new year wish တင်ထားတဲ့ wish တွေကို တကယ့် countdown ပါတီမှာ firework နဲ့ အတူတူ ကြေငြာပေးမပေးတော့ မသိဘူး။ ခုတော့ အွန်လိုင်းမှာ တင်ထားကြတယ်။ မြန်မာတချို့တလေလဲ တင်ထားကြပါတယ်။ စိတ်ဝင်စားရင် wish လုပ်လို့ရသေးတယ်။ မှီသေးတယ်။ ဘာမှပေးစရာမလိုဘူး။ စိတ်ဝင်စားရင် ဒီကိုသွား။ ဓါတ်ပုံ၊ ဗွီဒီယို၊ နဲ့လဲ တင်လို့ရတယ်။ text ချည်းပဲလဲရတယ်တဲ့။ တခြားစိတ်ဝင်စားစရာတွေရှိသေးတယ်။ ဓါတ်ပုံပြိုင်ပွဲတို့၊ ဘာတို့ပေါ့။ :)


နောက် ဒုတိယတစ်ခုက 91.3 FM ရဲ့ New Year Countdown Party။ သူက Asian Civilisations Museum, Empress Place မှာ လုပ်မှာတဲ့။ သူလဲ FOC ပဲ။ သူ့က ပူးတေကို ပိုစိတ်ဝင်စားစေတာကUDDERS ရေခဲမုန့်လဲ လာတဲ့လူတွေကို ကျွေးမယ်တဲ့။ exhibition လဲရှိသေးတယ်တဲ့။ Show့ =ပွဲတွေလဲပါဦးမှာတဲ့။ fire eater ဆိုတော့ မီးစားပြမှာထင်တယ်။ :) တခါမှ မရောက်ဖူးတော့ သေချာတော့ မပြောတတ်ဘူးနော်။ သွားခဲ့တဲ့လူတွေရှိရင်လဲ ပြန်ပြောပြကြဦးနော့။ စိတ်တော့ဝင်စားတယ်။ လူတိုါ်ရမှာ စိတ်ညစ်လို့လေ။ ပြီးတော့ ပထမဆုံးလာတဲ့ လူ ၅၀၀ ကိုလဲ 91.3 FM က ည ၈နာရီကစပြီးတော့ အိတ်တွေ လက်ဆောင်ပေးမယ်တဲ့။ ပျော်စရာကြီးနော်...သူ့အကြောင်းသေချာဖတ်ချင်ရင် အောက်မှာ ...

91.3FM New Year Countdown Party@ACM 2010
Count down to the New Year 2010 with 91.3 FM as they spin the most popular radio hits of 2009. Look out for chart-toppers Jack and Rai, fire-eater magician Bosco and percussion group Beatswork.
Catch the special exhibition “Land of the Morning: The Philippines and its People” and catch the exciting New Year’s Eve fireworks at midnight from the ACM Green.
Program from 8pm at Asian Civilisations Museum, Empress Place. Free admission from 5pm-1am. Enjoy free UDDERS ice-cream, etc. 1st 500 pax will get special 91.3 FM goodie bags from 8pm onwards.

နောက်တခုကပိုစိတ်ဝင်စားဖို့ကောင်းတယ်။ သူက Clarke Quay က Central Square မှာလုပ်မှာတဲ့။ New Year Countdown Party ကို ဆပ်ကပ်ပါပါတယ်။ သူလဲ ဝင်ကြေးက ဖရီးပဲ။ ဆပ်ကပ်တော့ကြည့်ချင်တယ်နော်။ ငယ်ငယ်က ဦးမောင်မောင် ကမ္ဘာလုံးကြီးထဲမှာ ဆိုင်ကယ်စီးပြတာပဲ အပြင်မှာ ကြည့်ဖူးတယ်။ တီဗီထဲမှာတော့ စုံနေအောင် ကြည့်ဖူးပါတယ်။ :)


Clarke Quay New Year Eve Countdown 2009
It’s never boring to celebrate the coming of New Year; countdown party 2009 for 2010 is a must for everyone. Clarke Quay is another option.
သူ့အကြောင်းသေချာသိချင်ရင်တော့ ဒီမှာ

နောက် ဆန်တိုစာက ဆီလိုဆိုကမ်းခြေမှာလဲ New Year Party လုပ်မှာတဲ့။ သူကတော့ FO မစီတော့ဘူး။ :( ဝင်ကြေး ဖရီးမဟုတ်တော့ဘူးလို့ ။ လက်မှတ်တွေရောင်းတယ်။ ခုမှဝယ်မယ်ဆိုရင်တော့ စင်္ကာပူ ၃၉ ဒေါ်လှတောင် ပေးရမှာ။ UOB ဘဏ်ကဒ်ရှိရင်တော့ 15% off ပေးမယ်တဲ့။ UOB ဆင်းရဲသားကဒ်ကို ပြောတာနော်။ သူဌေးကဒ်တွေမရဘူး။ :) သူ့တော့ ဈေးကြီးလို့ သေချာကို မဖတ်တော့ဘူး။ စိတ်ဝင်စားရင် အောက်မှာဖတ်ကြည့်။ ဒီမှာလဲ ဖတ်လို့ရတယ်။

Siloso Beach Party at Sentosa 2009
Asia’s Grooviest Beach Party – Siloso Beach Party at Sentosa – is turning up the heat this year with MORE DJ line-ups, the SIGNATURE foam pool and sandy dance floor!


Count down to a sensational 2010 with non-stop action at 4 distinct party zones, Siloso Beach Party’s giant foam pool, awe-inspiring pyrotechnics and exciting fringe performances.

Shake those svelte bodies to pulsating music and groove to the beat at the new chill-out stage. Fuel your energy with the wide array of food and drinks, as the fringe performances provide you with a visual feast.

Thump to heart-pounding dance hits at the Main Arena, groove to Lbiza beats at Cafe del Mar, indulge in plush party sounds at Azzura, chill out to lo-fi and beach house tunes at COASTES, and surf to the rhythm at Wave House Sentosa. It’s the only New Year Eve’s party to be seen at, so grab your tickets at sistic.com.sg.

The whole host of activities will no doubt satisfy your appetite for entertainment till the break of dawn – this is Asia’s Grooviest beach party you cannot miss!
Siloso Beach Party Date
Dec 31, 2009 – Jan 1, 2010
Time: 8pm – 6am

Siloso Beach Party Tickets

■Nov 21 – Dec 18: $29
■Dec 19 – Dec 27: $35
■Dec 28 – Dec 31: $39
Tip: if you have UOB card, you can enjoy 15% off.

ကဲ အားလုံးပဲ HAPPY NEW YEAR ပါနော်... 
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်...

ကဲ ပြီးရင်တော့ ကိုယ်ဆင်နွှဲခဲ့ကြတဲ့ New Year Party လေးတွေအကြောင်း ပြန်ပြောပြဖို့ မမေ့ကြနဲ့နော်...

Information တွေကတော့ စင်္ကာပူက လူတွေအတွက်ချည်းပဲဆိုပေမယ့် နေရာအနှံ့က လူတွေရဲ့  အပျော်လေးတွေကို ပူးတေက သိချင်တာပါနော်...

အားလုံးကိုခင်တဲ့
ပူးတေ

ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ဟာ မြန်မာပြက္ခဒိန်မှာ ပြာသိုလပြည့်နေ့ကျပါတယ်။ ဇန်နဝါရီလ ၁ရက်နေ့ကတော့ အားလုံးသိကြတဲ့ အတိုင်း အင်္ဂလိပ်နှစ်သစ်(New Year Day) ကျရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ညနေလောက် ကတည်းက နောက်နှစ်နှစ်သစ်ကို ကြိုဆိုဖို့၊  "Happy New Year" အော်ဖို့ ၊ New Year ပါတီကျင်းပဖို့ အားလုံးနီးပါး ပြင်ဆင်လေ့ရှိကြပါတယ်။ (လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိ ပူးတေလဲ အပါအဝင်ပေါ့။ :D)

2004 ကစပြီး ပူးတေရဲ့ အန်းကုန်း (ပူးတေပါပါးရဲ့  အဖေ) က ဇန်နဝါရီလ ၁ရက်နေ့ မနက် 00:45 မိနစ်မှာ စမ်းချောင်း၊ မဟာမြိုင်ဆေးရုံမှာ ကွယ်လွန်ခဲ့တာပေါ့။ ပူးတေတို့တွေ အဲဒီနှစ်က စလို့ New Year ပါတီ၊ New Year ပျော်ပွဲရွှင်ပွဲ ဆိုတာ ကိုယ်နဲ့ သိပ်မဆိုင်တော့ပါဘူး။ ဒါပေမယ့် နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ရောက်တိုင်းတော့ အန်းကုန်းအတွက် ရည်စူးပြီး နှစ်တိုင်း အိမ်မှာ ဘုန်းကြီးဆွမ်းကပ်၊ တရားနာရေစက်ချ အလှူလုပ်ပါတယ်။

ပြောနေရင်းနဲ့ အန်းကုန်းအကြောင်းရောက်သွားတယ်။ ရှင်တစ်ထောင်အခါတော်နေ့ အကြောင်းပြန်ဆက်မယ်နော်။ အရင်ကပူးတေလဲ ပြာသိုလပြည့်နေ့ကို ရှင်တထောင် အခါတော်နေ့လို့ပဲ သိပါတယ်။ ဘာကြောင့် ရှင်တထောင် အခါတော်နေ့လို့ ခေါ်မှန်းလုံးဝမသိခဲ့ပါဘူး။ တချို့ လဲ သိကြပါလိမ့်မယ်။ အားလုံးကို မသိဘူးလို့ ပူးတေမဆိုလိုပါဘူး။ ပူးတေမသိခဲ့တာကို ပြောတာပါ။ ဝါဆိုလပြည့် ဗုဒ္ဓနေ့ ဆိုတာမျိုး အထင်ကရနေ့တွေကိုတော့ပူးတေသိပါတယ်။ :)

၁။ တန်ခူးလ ( သင်္ကြန်ပွဲ )
၂။ ကဆုန်လ ( ညောင်ရေသွန်းပွဲ )
၃။ နယုန်လ ( စာတော်ပြန်ပွဲ )
၎။ ၀ါဆိုလ ( ၀ါဆိုပွဲ ) ( ပဉ္ဖင်းရှင်ပြုပွဲ )
၅။ ၀ါခေါင်လ ( စာရေးတံမဲပွဲ )
၆။ တော်သလင်းလ ( လှေပြိုင်ပွဲ )
၇။ သီတင်းကျွတ်လ ( မီးထွန်းပွဲ )
၈။ တန်ဆောင်မုန်းလ ( ကထိန်ပွဲ )
၉။ နတ်တော်လ ( စာဆိုတော်ပွဲ )
၁၀။ ပြာသိုလ ( မြင်းခင်းပွဲ )
၁၁။ တပို့တွဲလ (မီးပုံပွဲ)( ယာဂုထမနဲပွဲ )
၁၂။ တပေါင်းလ ( သဲပုံစေတီပွဲ )

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။
(ဒီအပိုဒ်ကလေးကို ဒီနေရာလေးကနေ ကူးယူကိုးကားပါတယ်ရှင်)

တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့ ဖြစ်လာပုံ အကြောင်းလေးကိုလဲ အရှင်တိက္ခဉာဏာလင်္ကာရ က ဒီနေရာလေးမှာ ရေးဖွဲ့ထားပါသေးတယ်ရှင်။ ဘာသာရေးပွဲတော် အားလုံးကို ပူးတေတစုတစည်းထဲ ထားချင်တာရယ်၊ အာလုံးလဲ သိရ ဖတ်ရအောင် ပူးတေဘလော့လေးမှာ မှတ်တမ်းအနေနဲ့ ထားခွင့်ပြုပါလို့။

ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ဆိုတာတော့ ကြားယုံသာကြားဖူးပြီး ဘယ်လိုဘယ်ပုံ ဖြစ်လာတယ်ဆိုတာ ပူးတေမသိခဲ့ပါဘူး။ ဟိုတနေ့ကမှ အိမ်ကလူကြုံနဲ့ ပို့လိုက်တဲ့ ရောင်ပြန်မဂ္ဂဇင်းထဲမှာ စာရေးဆရာ တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု) ရေးထားတာလေးတွေ့လို့ ဘာသာရေးနဲ့ပက်သက်တာလေးကို ပြန်လည်မျှဝေချင်စိတ်ပေါက်လာပါတယ်။ ပြာသိုလပြည့်နေ့ (၃၀-၁၂-၂၀၀၉) နေ့အမှီလေး တင်ပေးချင်တာကြောင့် ပူးတေအနေနဲ့ စာရေးသူဆီ ဆက်သွယ်အခွင့်တောင်းဖို့ အချိန်မရှိတော့တာကြောင့် ဒီနေရာလေးကနေတဆင့်ပဲ အခွင့်တောင်းပါရစေရှင်။ စာရေးဆရာရဲ့ စာမူ မူရင်းအတိုင်း စာရေးသူရဲ့ အမည်ကို အတိအကျဖော်ပြပြီးတော့ ပြန်လည်ဖြန့်ဝေပေးတာမို့ ပူးတေကို နားလည်ခွင့်လွှတ်ပေးဖို့ ဒီနေရာကနေပဲ လေးစားစွာဖြင့် အခွင့်တောင်းလိုက်ပါတယ်လို့။ စာရေးသူကို ပူးတေ ရဟန်းတပါးဖြစ်မယ်လို့ခန့်မှန်းပါတယ်။ ရဟန်းဖြစ်ခဲ့မယ်ဆိုလဲ တပည့်တော်ကို နားလည်ခွင့်ပြုပေးပါလို့။ စာရေးသူအနေနဲ့ သာမန်လူပုဂ္ဂိုလ်ဆိုလဲ ဘာသာရေးအကြောင်း အများသိအောင် ကျမ်းပြုရေးသားနေသူအား ပူးတေအနေနဲ့ စာရေးသူအမည်နဲ့သာ ထပ်မံဖြန့်ဝေပေးတာဖြစ်လို့ နားလည်ပေးပါလို့။



ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု)

ပြာသိုလကား စိုစိုရွှဲရွှဲ ငွေခဲနှင်းပွင့်တို့နှင့်အတူ ခွာညိုတွေ လှိုင်လှိုင်သင်းသည့်လ ဖြစ်ချေ၏။

ပြာသိုလပြည့်နေ့ကို ရှင်တထောင်အခါတော်နေ့အဖြစ် ကျင်းပကြလေသည်။ ထိုသို့ကျင်းပရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့်ပါပေ။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည့်အရေးအတွက် စိုးရိမ်တော်မူနေကြသည့်ကြားမှပင် ဘုရားရှင်က နဂါးကြီးအား နှိမ်နင်းပြလိုက်သည့်အခါ ဥရုဝေလကဿပနှင့်တကွ ရသေ့အပေါင်းတို့လည်း ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ ဤ၌ မေတ္တာကရုဏာ ကြီးမားလှစွာသော ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် ဖန်ဆင်းပေးတော်မူခဲ့သည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်ဒအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ၏။ သည့်အတွက်ကြောင့် ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ပြာသိုလကား ဖုဿရာသီဖြစ်၏။ ဆောင်းဥတု၏ အလယ်ပိုင်းရတု ဖြစ်ခြင်းကြောင့် ဆီးနှင်းတို့ ထူထပ်၍ အအေးဒာတ်လွန်ကဲသောအခါလည်း ဖြစ်ပေသည်။ လမင်းနှင့် ဖုသျှနက္ခတ်ယှဉ်၍ လပြည့်ခြင်း၊ နေမင်းနှင့် "မကရ" ကြယ်စုတို့ ယှဉ်ခြင်းတို့ကြောင့် "မကာရရာသီ" ဟူ၍လည်း မှတ်သားကြလေသည်။ မကာရမှာ မိကျောင်းဟူ၍ အဓိပ္ပာယ် ရပါသည်။ ရှေးမြန်မာဘုရင်တို့သည် ဤလရာသီသို့ရောက်လျှင် မြင်းခင်းသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ မင်းညီမင်းသား၊ မင်းမြေးများနှင့်တကွ မှူးကြီးမတ်ကြီး စစ်သေနာပတိကြီးများ စုရုံးကြွရောက်လာကြပြီး ကြည်းတပ်စစ်တန်ဆာများ ဖြစ်ကြသော ချပ်မိန်ညိုတို့အား သပ်ရပ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြလျှက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ ဓား၊ လှံ၊ လေး၊ မြား စသည်တို့ကို စွဲဆောင်ကြပြီး နန်းရင်ပြင်၌ စွမ်းရည်များ ပြသကြပါသည်။ ဓားခုတ် လှံထိုးအမျိုးမျိုးတို့ကို ဆိုင်းချက်ညီညီနှင့် အစွမ်းပြကြရာ ရင်ထိတ်သည်းဖို ရှုကွင်းရှု့ကွက်များအဖြစ် ခံစားကြရလေသည်။

မြင်းစီးသူရဲကောင်းများသည် မြင်းပေါ်၌ ထိုင်လျက်ကလည်းကောင်း၊ မတ်တပ်ရပ်လျှက်လည်းကောင်း၊ အိပ်လျက် ရှေ့ပြန်နောက်ပြန်ပြုလျက်လည်းကောင်း အမျိုးမျိုး မြင်းစီးရင်း စွမ်းရည်များပြသကြ၏။ မြင်းကို ဒုန်းစိုင်းစီးပြ၏။ မြင်းစီးယင်းမှ အဲမောင်းပစ်ပြ၏။ စက်အမျိုးမျိုး ခုတ်ပြ၏။ ဓားရေး လှံရေးတို့ပြသသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ အဲမောင်း ၉၃၇)ချင်း သံပေါက်၌
" စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။
လွှတ်ကွင်းပြင်ဝယ်၊ သဘင်မြင်းခင်း
ခွာရေးကျင်း
စိုင်းလျင်းဆိုဖွယ်သာ....." ဟူ၍ တွေ့ရှိရပါသည်။

မြင်းခင်းသဘင်အပြင် ဆင်ခင်းသဘင်ကိုပါ ကျင်းပပြန်ပါသည်။ ဆင်ခင်းသဘင်ဆိုသည်မှာ ဆင်တိုက်ပွဲပင်ဖြစ်လေ၏။ တိုက်ဆင်အချင်းချင်း အစွမ်းကုန် အားကုန် တိုးခွေ့တိုက်ခိုက် နင်းချေကြသော အင်အားချင်းပြိုင်၊ ဆင်ချင်းသတ်ပွဲ၊ တိုက်ခိုက်ပွဲကို ဆင်ခင်းသဘင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ စစ်ပရိယာယ် အသွယ်သွယ်ဖြင့် တိုက်ခိုက်ထိုးခုတ်ပုံများနှင့်တကွ ဆင်စီး မြင်းစီး သိပ်သည်းကျစ်လျစ်လျက် စစ်ကြီးအင်္ဂါပြည့်စုံစွာ ကြည့်ရှုရခြင်းဖြင့် မြန်မာတို့အနေနှင့် စစ်သွေးစစ်မာန်များ၊ မျိုးချစ်စိတ်များ၊ တက်ကြွနိုးကြားလာရသည်ကား အဆိုပါ မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်ကြောင့်ဆိုလျှင် မှားမည်မဟုတ်ပေ။ မြင်းခင်းသဘင်အကြောင်းနှင့် စပ်လျဉ်း၍ ဆီသည်ရွာစား ဦးအောင်ကြီးကာ အဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၌ မှတ်တမ်းတင်ခဲ့ပါသည်။

ပြာသိုလကား ၁၂ရာသီ မိုးလင်္ကာမှတ်စုအတိုင်း " ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်" နှင့် ညီပါပေ၏။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပြာသိုလ၌ အချမ်းဒဏ်မှ သက်သာစေရန်အတွက် မီးလှုံခဲ့ရပေသည်။ ရရှိလာသော ပြာများအား အကြောင်းမဲ့ ပြုန်းတီးမှုမရှိစေရန် သိုလှောင်စေ၏။ ပြာသည် အညစ်အကြေးများကို သန့်စင်နိုင်စွမ်းရှိ၏။ မြေဆီသြဇာကို ဖြစ်ထွန်းစေ၏။ သည့်အတွက် ပြာများကိုသိုလှောင်စေခြင်းမှ "ပြာသို" ဟူသော ဝေါဟာရ ဖြစ်ပေါ်လာရလေ၏။ ခွာညိုတို့သည် တလှိုင်လှိုင်ပွင့်သော၊ ငွေနှင်းတို့ ကြွေဆင်းသော ပြာသိုလရာသီနှင့် စပ်လျဉ်း၍ ကုန်းဘောင်ခေတ်စာဆို မဟာအတုလမင်းကြီးက အောက်ပါအတိုင်း လွမ်းချင်းဖြင့် သရုပ်ဖော်ခဲ့ရာ လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းလှပါဘိ။

" တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို၊ လပြာသိုမှာ
နွယ်ခွာညို မြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်၊ ကြည်ညီဖုသျှ
မကာရမို့၊ ရွှေဝဥကင်
နန်းရင်ပြင်မှာ၊ လှံရင်မြင်းခင်း
သဘင်ကျင်းလို့၊ ရာမင်းထွက်စံ
ဗိုလ်ညီလာ ခံသော့ခါ
ဆန္ဒတ်ပိုင့် ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးလို့
ထူးလှတယ်လေး။ "

စာဖတ်သူ အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေလို့။ :)

Monday, November 30

Things to Always Remember

အင်တာနက်က ပူးတေ ဖတ်မိတာလေးပါ။ ဘဝအတွက် ခွန်အားတွေပေးတဲ့ ဒီလိုစာမျိုးလေးတွေ ပူးတေမကြာမကြာ ရှာဖတ်လေ့ ရှိတယ်။ အဲဒီအခါ ခွန်အားတွေ ပြန်ပြန်ရလာတတ်တယ်။

ပူးတေတို့လိုလူတွေက အပြင်ပန်း သူများတွေ ကြည့်ရင် ခွန်အားတွေ ပြည့်ဝနေသလိုနဲ့ ဒီခွန်အားတွေက မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး မိတ်ဆွေတွေကို ပေးလိုက်ရတဲ့ အခါ ကိုယ်က ခွန်အားရှိသလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နေ့ ငါလဲပြိုတော့ပါ့မလဲလို့ အမြဲစဉ်းစားမိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အားပေးဖို့ရယ်၊  ပူးတေ အစ်ကိုနဲ့ ညီမလေးက မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အားမလိုအားမရ စိတ်အားငယ်တတ်ကြလို့ သူတို့အတွက် အားပေးဖို့အတွက်ရယ် ဒီလိုစာမျိုးလေးတွေ ရှာဖတ်ရင်းနဲ့ သူငယ်ချင်းတို့ကို မျှဝေလိုက်တာပါ။
 အဲဒီ ၂၄ ချက်ထဲမှာ ပူးတေ နံပါတ်စဉ် ၁၄ ရယ် ၂၁ ရယ် ၂၃ ရယ်ကို  သဘောအကျဆုံးပဲ။ ကျန်တာတွေလဲ သဘောကျပါတယ်။ သူငယ်ချင်းတို့လဲ ဖတ်ကြည့်ပြီး ဘယ်အချက်တွေသဘောကျလဲလို့ Share ခဲ့ကြပါလားဟင်....

နံပါတ် ၁၅ ကိုတော့ ပူးတေ ကျင့်သုံးနိုင်အောင် လေ့ကျင့်ရဦးမယ်။ တခါတလေ ပူးတေက အရာတိုင်းကို အရမ်း Serious ဖြစ်လွန်းတယ်။ ဒါလုံးဝမကောင်းတာမဟုတ်ပေမယ့် တခါတလေ ကိုယ့်ကို အရမ်းပူလောင်စေတယ်လေ။



သူငယ်ချင်းတို့အတွက် ပူးတေစာတွေကို ဖတ်ရလို့ အချိန်တွေ အလကားဖြစ်ကုန်တယ်ဆို Sorry ပါလို့

ခင်မင်စွာဖြင့်
ပူးတေ

Saturday, November 21

ကန့်ကွက်မယ့်လူ ရှိပါသလားရှင်

ညီမလေးရဲ့  အကြောင်းလေးတွေ ရေးနေတာ။ ရေးရင်းနဲ့ကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကို ခဏလောက်ဖြစ်ဖြစ် ပြန်ရောက်ချင်တယ်။ ပူးတေတယောက်လဲ ဒွတ်ခပဲ၊ သူများတွေက ကမ္ဘာကြီးပျက်တော့မယ်၊ ကမ္ဘာကြီးပျက်ခဲ့ရင် သေဖို့အတွက် ဘာတွေဘယ်လိုပြင်ဆင်ထားမယ် ဆိုပြီး သေဖို့ပြင်ဆင်နေတဲ့ အချိန်မှာ ပူးတေက အနောက်ကို အနှစ် ၂၀ကျော်ကိုတောင် ပြန်ဆုတ်ချင်နေတယ်။ တရားမရှိပုံများနော်။ တရားမရှိဘူးပဲဆိုဆို မိသားစုဘဝလေးကိုတော့ တကယ်ကို တွယ်တာမိပါတယ်။ အခုနေခါများ ပူးတေတစ်ယောက် ဒီမှာ မတော်တဆ သေများသွားခဲ့ရင် အလောင်းက အရင်ရေခဲတိုက်ရောက်ဦးမှာ မဟုတ်ဘူး။ ဝိညာဉ်က အရင် ရန်ကုန်ရောက်သွားမှာသေချာသလောက်ရှိတယ်။ ပူးတေက အဲဒီလောက်ကို မိသားစုနဲ့ ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တော်တော်ကြီးတာ။ သူငယ်ချင်းဆိုလဲ အဲလိုပဲ။ ခင်ပြီးရင် ဘယ်တော့မှ ဆွေမျိုးလိုပဲ ဖြစ်သွားရောပဲ။ ပြောနေရင်းနဲ့ လွဲကုန်ပြီ။

ညီမလေးအကြောင်းဆက်ပြောဦးမယ်။ ညီမလေးရဲ့  ရီစရာနောက်တခုက သူပထမဆုံးဆုရဖူးတဲ့ နှစ်ကပေါ့။ ညီမလေးက အငယ်ကလဲ အငယ်ဆုံး၊ အရှေ့မှာ ပူးတေပြောထားသလို ကျန်းမာရေးကလဲခဏခဏ ချူချာတော့ ပညာရေးဘက်မှာ သူက အစ်ကိုတွေ အစ်မတွေလို မထူးချွန်ခဲ့ရှာဘူးလေ။ ဟဲဟဲ တပြိုင်ထဲနဲ့ ငှက်၂ကောင်ပစ်သလိုပဲ။ အစ်ကိုတွေအစ်မတွေက ထူးခွန်တယ်ဆိုတဲ့ သဘော။ ဟဲ ဟဲ.... အဲလိုပဲယူဆလိုက်နော်။

အဲဒါသူက ပထမတန်းကဆုကို သူဒုတိယတန်းမှာယူရတယ်။ သူ့အနေနဲ့ ဆုပေးပွဲကို အစ်မတွေ အစ်ကိုတွေ သွားနေတာပဲ သူတွေ့ဖူးပြီး သူကိုယ်တိုင်တခါမှ မတက်ဖူးတော့ သူစိတ်တွေ လှုပ်ရှားနေတာပေါ့။ ကျောင်းရောက်တော့ မိဘတွေက သတ်သတ်တနေရာ၊ ဆုယူမယ့်ကျောင်းသားတွေက အတန်းလိုက် ပထမတန်းက ပထမ၊ဒုတိယ၊တတိယ၊ နှစ်သိမ့်ဆု၊ ထူးခွန်ဆု အစရှိတဲ့ ဆုတွေကို တက်ယူရမယ့်အတိုင်းအစဉ်လိုက်ထိုင်ရတာ။ မိဘတွေနဲ့ အတူတူမထိုင်ရဘူးပေါ့။ ပူးတေတို့နဲ့လဲ သူတူတူမထိုင်ရတော့ ဆုပေးနေတဲ့ အချိန်တုန်းက သူဘာတွေဖြစ်နေလဲတော့ ပူးတေတို့တွေရော၊ ပါပါးတို့ မာမားတို့ရောမသိရဘူး။

ဆုပေးပွဲပြီးတော့ အိမ်ပြန်ရောက်တော့မှ သူက အိမ်ကအဒေါ်တွေကို သူ့ရဲ့ခံစားချက်လေးကို ရင်ဖွင့်ရှာတာ။ သူပြောတာက "ဆု၊ ကံကောင်းလို့ဆုရတာတဲ့ " သူ့နာမယ်ကိုသူက "ဆု" ဆိုပြီးတော့ နာမ်စားသုံးတယ်။ ဒါနဲ့ အဒေါ်တွေက သူ့ကို လူကြီးစကားပြောတယ်ဆိုပြီးတော့ စချင်တာနဲ့ ပြောပါဦးဆုက ဘယ်လိုကံကောင်းတာလဲ ပေါ့။ ဆုပေးပွဲမှာတဲ့ လူကြီးတွေ ဆရာမတွေက မေးတယ်တဲ့။ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊  ဆိုပြီးတော့ ၃ ခါ၊ ၃ခါစီ ထထမေးတာတဲ့။ အဲဒါဆုတို့ကို ကန့်ကွက်မယ့်လူမရှိလို့ ဆုတို့ ဆုရတာတဲ့။

သူဘာပြောတာလဲဆိုတော့ ဆုပေးပွဲ ညီလာခံတွေလုပ်ရင် မိဘဆရာအသင်း အဖွဲ့ဝင်ဟောင်းတွေကို ရပ်နားပြီး အမှုဆောင်အသစ်ရွေးတယ်လေ။ မြန်မာပြည်က ဆုပေးပွဲတွေမှာ၊ ငွေစာရင်းတို့၊ ရန်ပုံငွေတို့၊ ကျောင်းတိုးတက်ရေးတို့ အဖွဲ့တွေအတွက် တခါရာထူးတနေရာကိုရွေးတိုင်း သူတို့စိတ်တိုင်းကျရွေးထားပြီးသားကို ဦးဘယ်သူကို ကျွန်တော်အဆိုပြုပါတယ်။ ဒေါ်ဘယ်သူကို ကျွန်တော်အဆိုပြုပါတယ်။ ကန့်ကွက်မယ့်သူ ရှိပါသလားခင်ဗျာ၊ ကန့်ကွက်မယ့်သူ ရှိပါသလားရှင်နဲ့။ ၃ ခါ ၃ ခါစီမေးပြီးတော့ အောက်ကလူတွေကလဲ ပွဲမြန်မြန်ပြီးရင် နားအေးရောဆိုပြီး သူတို့မေးတိုင်း မရှိပါဘူး။ မရှိပါဘူးနဲ့ ပူးတေတို့ကလေးတွေက အသံပိုကျယ်တယ်။ အပြိုင်ကိုအော်ကြတာ။ ဒါကို သူက သေချာနားထောင်နေပြီးတော့ ကလေးဆိုတော့ အရှေ့ကပြောသွားတာတွေကို သူနားမလည်ပဲ ကန့်ကွက်မယ့်သူ ရှိပါသလားရှင်လို့မေးမှ သူ့ကို ဆုပေးမှာကို ကန့်ကွက်မယ့်သူရှိပါသလားမေးနေတာ ကန့်ကွက်မယ့်သူမရှိလို့ သူဆုရတာမို့ သူတော်တော်လေး ကံကောင်းတာပါတဲ့လေ။ ကလေးဘဝလေးက ဘယ်လောက်ရိုးသားလိုက်သလဲနော်။
နောက်နှစ်မှာ သူဆုမရတော့ပါဘူး။ ထုံးစံအတိုင်း သူ့ကျန်းမာရေးကြောင့်ပေါ့လေ။ နောက်နှစ် ဆုပေးပွဲကို သူမလိုက်ရပဲ အိမ်မှာပဲကျန်ခဲ့ရမှာကို သူ့မှာ ကောင်းပါတယ်လေတဲ့။ ဆုက အဲဒီကိုသွားရတာ ဆုတောင်းနေရတာနဲ့၊ ဘုရားစာဆိုနေရတာနဲ့ ရင်လဲတုန်ရသေးတယ်တဲ့။ ကန့်ကွက်မယ့်သူ ရှိမှာစိုးလို့တဲ့လေ။ တကယ်ရိုးတဲ့ ပူးတေရဲ့ ညီမလေးပါ။ အခုထိလဲ တော်တော်လေးရိုးတုန်း။ အစ်မတွေ အစ်ကိုတွေ မပါရင် သူမဖြစ်ဖူးလေ။
အခုထိ အိမ်မှာ ကလေးအငယ်တွေဆုပေးပွဲသွားရရင် ပြန်လာရင် သားသားတို့ကို ကန့်ကွက်မယ့်သူ ရှိလားဆိုရင် သူက တော်တော်လေးသဘောကျနေတာ။ အိမ်မှာ မမေ့နိုင်တဲ့ အကြောင်းအရာတွေထဲက တခုပေါ့လေ။

ကဲ

သူငယ်ချင်းတို့ရော ငယ်ငယ်တုန်းက ကန့်ကွက်မယ့်သူတွေ ဘာတွေ ရှိခဲ့ ကြသေးလားဟင်....

ပူးတေမေးမယ်နော်။။ 

(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)

၁ မိနစ်ခန့်နား .....အဖြေစောင့်နေတာ..:)

(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)

၁ မိနစ်ခန့်နား .....ခေါင်းကို ဘယ်ကြည့် ညာကြည့် ၊ အဖြေစောင့်နေတာ..:)


(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)
၁ မိနစ်ခန့်နား .....ခေါင်းကို ဘယ်လှည့် ညာလှည့် ၊ အဖြေစောင့်နေတာ..:)

ပူးတေတို့ရဲ့ ပျော်စရာလေးတွေကို မှတ်တမ်းတင်ချင်တာနဲ့ ပြန်မျှပေးချင်ရုံသက်သက်ပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်....








(ဒီဘလော့လေးက ပူးတေရဲ့  မိသားစု၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဘဝအတွေ့အကြုံလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဖို့ ဖန်တီးထားတာဖြစ်လို့ ကိုယ်ရေးကိုယ်တာတွေများနေပြီး စာဖတ်သူအတွက် ဘာရသ၊ သုတမှ မပေးနိုင်ခဲ့ဖူးဆိုရင် တောင်းပန်ပါတယ်။ စာဖတ်သူအနေနဲ့ နားလည်ပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ စာဖတ်သူအတွက် ဘာမှမကျန်ဘူး အကျိုးမရှိဘူးထင်ရင် ပူးတေရေးထားတာတွေကို မဖတ်ပဲ ကျော်သွားနိုင်ပါတယ်လို့။ ဖတ်ပြီး ခင်မင်လို့ တခုခုပြောခဲ့မယ်ဆိုလဲ ပူးတေကျေးဇူးအထူးတင်ပါတယ်။ လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ) :)

Thursday, November 19

Happy Birthday White Angel (သူငယ်ချင်း အဖြူရောင်နတ်သမီးအတွက်)

ဒီနေ့ (၁၉-၁၁-၂၀၀၉) နေ့မှာ ကျရောက်တဲ့ ချစ်သူငယ်ချင်း ယောက်မလေး(သူ့ကို ပူးတေအစ်ကို ပေးမယ်ပြောထားတာ :) ) ရဲ့  မွေးနေ့ အမှတ်တရ ပို့စ်လေးပါ။
သူငယ်ချင်းရေ ပူးတေက ကဗျာမစပ်တတ်တော့ အမှတ်တရမွေးနေ့ ဆုတောင်းလေးပဲ လုပ်ပေးနိုင်တာကို နားလည်ပေးပါလို့။  သူငယ်ချင်းလေးကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တ္တ မာန ကင်းစင်ပြီး
ဖြူစင်ကြည်လင်သော
ရောင်စဉ်မေတ္တာ အပြည့်နဲ့
နတ်သမီးတပါးအလား
မီးလေးတယောက်ကို
မီးဖွားသန့်စင်ခဲ့တဲ့
မွေးနေ့မင်္ဂလာ အထိမ်းအမှတ်
နေ့မြတ်
(နိုဝင်ဘာ ၁၉ ရက်) ကို ရောက်ရှိလို့ လာခဲ့ပြန်ပေါ့။
ပျော်စရာအတိနှင့်
ရွှင်လန်းသာယာ၍
ပါဝင်ဆင်နွှဲသူ မိတ်ဆွေအပေါင်းနှင့် အတူ
စေတနာ မေတ္တာအကျိုး ခံစားနိုင်ပါစေလို့ ....

(ဒါက အဖြူရောင်နတ်သမီးငယ်ငယ်က ပုံလေ၊ သူက ဘယ်သူ့ကိုမှ လျှောက်မပြနဲ့နော်ဆိုပြီး ပူးတေရဲ့  အစ်ကို ကိုပေးထားတဲ့ ပုံလေ) :P

(ဒါလေးက White Angel လေး)


(ဒါက နမ်းမဝ ခေါ် အဖြူရောင်နတ်သမီး အတွက် ပူးတေရဲ့  မွေးနေ့လက်ဆောင် Diamond Crown လေ သူက နတ်သမီးဆိုတော့ Crown လိုတာပေါ့။ ဒါကြောင့်ပူးတေက ကိုယ့်ယောက်မလေးအတွက် အလိုက်တသိ မွေးနေ့အမှီ အော်ဒါမှာထားရတာ USD 1 million တောင်ပေးရတာလေ)   :)

သူငယ်ချင်း ယောက်မလေး သဘောကျ ကျေနပ်ရဲ့ လား။ ကျေနပ်ပါစေလို့လဲ ဆုတောင်းနေတယ်နော်

Dear Lovely Friend,

May you be
WEALTH,
HAPPY,
INTELLIGENT,
TALENTED,
ELEGANT,

AFFECTIONATE,
NOVEL,
GENTLE,
ENERGETIC,
LUCKY
throughout your life with yours love all.

သူငယ်ချင်း အဖြူရောင်နတ်သမီး မွေးနေ့မှသည် ချစ်ခင်သော မိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုးများနဲ့ ဘလော့မောင်နှမများနှင့်အတူ နောင်နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အောင်မြင်သောဘဝလမ်းခရီးကို လျှောက်လှမ်းဖြတ်ကျော်နိုင်ပါစေလို့

ဆန္ဒမွန်ဖြင့်
ပူးတေ

(၂၁ ရက်နေ့ကျရင် ပူးတေ ညီမလေး ဆုမွန်ရဲ့  မွေးနေ့နော် သူငယ်ချင်းအားလုံးကို ဖိတ်လိုက်ပါတယ်။)

Wednesday, November 18

စတိတ်ရှိုးမင်းသမီးလေး

ညီမလေးကို ပူးတေ ငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့အကြောင်းတွေ ပူးတေရေးပြီးတော့ သူ့ရဲ့ ကလေးဘဝ ချစ်ဖို့ကောင်းတဲ့ ရီစရာအဖြစ်ပျက်လေးတွေကို ပြန်သတိရနေတာနဲ့ ညီမလေးအကြောင်းပဲ ဆက်ရေးလိုက်တာပါ။

ငယ်ငယ်က အိမ်မှာ ပူးတေနဲ့ ညီမလေးက မင်းသမီးလေ။ ညပိုင်း တီဗီကသတင်းလာတဲ့အချိန်ဆိုအိမ်မှာ ပူးတေတို့အိမ်မှာ ဆွယ်တာစက်လုပ်တော့ စက်ချုပ်တဲ့ အစ်မကြီးတွေ၊ အလုပ်သမားတွေ အများကြီးရှိတယ်လေ ။ အိမ်သားတွေရယ်၊ သူတို့တွေက ပရိတ်သတ်၊ ပူးတေနဲ့ ညီမလေးက မင်းသမီးပဲ။ အိမ်မှာ ပူးတေတို့ငယ်ငယ်တုန်းကတုန်းက ဆက်တီခုံကပါတဲ့ ဖော်မီကာ စားပွဲခုံ( coffee table)က stage စင်ကြီးပေါ့ ။ ပါးပါးတို့ အမ်းကုန်း၊ အမ်းမတို့ မာမားတို့က ဆက်တီခုံတွေပေါ်မှာထိုင်ပြီး အလုပ်သမားတွေက ဖျာတွေခင်းထိုင်ကြတာမှတ်မိသေးတယ်။ ပရိတ်သတ်တွေက အများကြီးပဲ။ ပူးတေက ဒီအတိုင်းသာ ဂန်ကျယ်တာ။ ဒီလိုလူတွေအများကြီးရှေ့မှာ ထွက်ရမှာတော့ သိပ်ကြောက်တာ။ ဒါမျိုးကျ လုံးဝကို အသံမထွက်တော့မဟုတ်ဘူး။ ရှက်တာ။ လူတောမတိုးတာပေါ့။ ညီမလေးကတော့ အဆိုတော်လဲသူပဲ။ အစီအစဉ်ကြေငြာသူလဲသူပဲ။ အဲဒီတုန်းက မြန်မာ့အသံ တီဗီအစီအစဉ်တွေကို ကြည့်ပြီးတော့ သူက သေချာ ဟန်နဲ့ပန်နဲ့ လေယူလေသိမ်းနဲ့ကို သရုပ်ဆောင်ပြီး ဆိုပြ၊ ကပြဖျော်ဖြေတော့တာပဲ။ ပူးတေကကျောင်းတက်နေပြီဆိုတော့ နဲနဲနားလည်တတ်တဲ့ အရွယ်ဆိုတော့ ရှက်တာပေါ့။ ညီမလေးက စကားတောင်မှ မပီသေးဘူး။ ၂ နှစ်သမီးလောက်ဖြစ်မယ်ထင်တယ်။ စကားသာမပီတာ မယ်မင်းကြီးမက တတ်လိုက်တာ။ အကုန်လုံး ညညဆို သူ့ကို ပွဲတောင်းရတာအမောပဲ။ သူက အဲဒီ coffee table ပေါ်တက်ပြီး အောက်ကတယောက်ယောက်က သနားခါးအပွေးတုံး ပိန်ပိန်ရှည်ရှည်လေး တတုံးကို သူ့လက်ထဲထည့်ပေးပြီး နှုတ်ခမ်းနီဆိုး လက်ကိုင်ပုဝါလေးတထည်လောက်များ ထည့်ပေးလိုက်ရင် တကယ့်အဆိုတော်စတိုင်လ် အတိုင်း မေဆွိ၊ ကော်နီ၊ နော်လီဇာ တို့ရဲ့  သီချင်းတွေ အကုန်ဆိုတော့တာပဲ။ မဆိုခင် သူက အစီအစဉ်က အရင် ကြေငြာလိုက်သေးတယ်။ သူကြေငြာပုံက

" အားလုံးပဲ မင်္ဂလာပါချင်။ အထု သီချိုဖို့ အလှည့်ကျသူကတော့ အချိုတော် အချုမွန်ကျော်၊ အပူးတေ ကျစ်ပါတယ်။ အစီအစဉ်ကြေငြာသူကတော့ အချုမွန်ကျော်ပဲ ကျစ်ပါတယ်။ အားလုံး အားပေးကြပါ " တဲ့ အဲဒါဆို ပရိတ်သတ်က လက်ခုပ်တီးရတယ်။

သူပြောချင်တာက နာမယ်တွေရဲ့  အရှေ့ မှာ မိန်းကလေးတွေဆိုတော့ "မ" တပ်ပြောချင်တာ။ အခုသီဆိုဖို့ အလှည့်ကျသူကတော့ အဆိုတော် မဆုမွန်ကျော် မပူးတေတို့ ဖြစ်ပါတယ်။ အစီအစဉ်ကြေငြာသူကတော့ မဆုမွန်ကျော်ပဲ ဖြစ်ပါတယ်။ ဆိုပြီး သူက ကြီးကြီးကျယ်ကျယ်တွေ စင်ပေါ်တက်ပြောတာ။ ပြီးရင်

" လိပ်ပြာတွေ ဘယ်လိုဝဲနေ မင်းတယောက်ထဲပါ အချစ်ဦးရေ။ မြင်မြင်လာသမျှပန်းကလေးတွေ နေရာမျှပြီး မပေးနဲ့လေ...........တိတ်တိတ်ကလေး ကျိတ်ကျိတ်ဆွေးနေ မင်းတယောက်ထဲသာ အချစ်ဦးရေ......."

တို့

"ကိုကိုချစ်ရေ ကိုကိုချစ်ရေ တို့ကတော့ ခေါ်မှာပဲလေ။ ထာဝစဉ်သာ မင်းကြိုက်သလိုချစ်ပါ မင်းကြိုက်သလိုချစ်ပါ ချစ်ရေ..... ကိုကိုးချစ်ရေ ကိုကိုးချစ်ရေ... "

" အောင် အောင် အောင် အောင်နက် လူသားများရဲ့  အကျိုးကို ထမ်း ဟန်ဆောင်ကာ လိမ်ညာကာမနေနဲ့ ......... " ( ဒါက ကော်နီရဲ့ အောင်နက်ဆိုတဲ့ သီချင်း၊ စာသားတွေ ပူးတေ မမှတ်မတော့လို့ မှတ်မိတဲ့လူရှိရင်ပြောပေးသွားကြပါလား Chorus အပိုဒ်က ညီမလေးအော်တဲ့ အောင် အောင် အောင် အောင်နက် ကိုပဲ သတိရတော့တယ်။ ဒါကိုသူက အဲလိုအော်တာမဟုတ်ဘူး အောင် အောင် အောင် အောင်လေး တဲ့ :) )

" မောင် အများပြောတဲ့ သွေးခွဲစကားတွေကို မောင် စွဲမြဲပြီးယုံနေ မောင်ဘယ်လိုပြင်ပြင်မရတော့ဘူး....."  (ဒါလဲ စာသာတွေးမမှတ်မိတော့ဘူး။ ကြာပြီကိုး နှစ် ၂၀ နီးပါးရှိနေပြီလေ။ အခု ညီမလေးကို အဲဒီသီချင်းဆိုတဲ့ အကြောင်းသွားပြောရင် သူဘာမှ မမှတ်မိတော့ဘူး။ ဟုတ်လို့လား။ ဆုက အဲလိုဆိုခဲ့လို့လား။ မဟုတ်ပဲတဲ့ပဲ။ သူဒါပဲပြောတယ်။ ဘယ်မှတ်မိပါ့မလဲ အတော်လေးငယ်တာကိုး။ )

သူက အဲဒီ သီချင်းတွေ အားလုံးကို အမူအယာအပြည့် အက်ရှင်အပြည့်နဲ့ ဆိုတာ။ ငယ်ငယ်က မာမားတို့ ပူးတေတို့ရဲ့ အဒေါ်တွေကတောင် ညီမလေးကြီးလာရင် အဆိုတော်ဖြစ်မယ်ထင်တယ်ဆိုပြီး စိုးရိမ်နေကြတာ။ ( အိမ်က ပညာရေးကိုပဲ ထွန်းပေါက်စေချင်တာပါ။ အဆိုတော်ဖြစ်တာကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူးလို့ )ပြီးရင် သူက သူတယောက်ထဲ ဆိုနေတာတောင် အားမရဘူး။ အပူးတေ ရေ လာဆိုပါဦး ဆိုပြီး " အထု ချေချော်ဖို့ အလှည့်ကျသူကတော့ အချိုတော် အပူးတေပဲ ကျစ်ပါတယ်ရှင်" ဆိုပြီးတော့ လုပ်သေးတာ။ ပူးတေမှာ ရှက်လို့ ထွက်ကို မထွက်ဘူး။ :)

အဲဒီသီချင်းတွေ အားလုံးဆိုပြီးရင် နောက်ဆုံး စတိတ်ရှိုး ပြီးခါနီးပြီဆိုရင် သူ့ရဲ့  နောက်ဆုံးပိတ်သီချင်းက ပူးတေတို့ ငယ်ငယ်တုန်းက ကလေးတွေ ပါးစပ်ဖျားမှာ ရေပမ်းစားတဲ့သီချင်းလေး။ အပြင်မှာ ဒီသီချင်းက တကယ်မရှိဘူးထင်တယ်။ ကလေးသီချင်းလား သေချာတော့ မမှတ်မိတော့ဘူး။

သူ့လက်ထဲမှာ ကိုင်ထားတဲ့ လက်ကိုင်ပုဝါလေးနဲ့ ပဲအပြည့်ထုတ်ပြီးတော့

"
လက်ကိုင်ပုဝါလေး ခါးကြားထိုးလို့
ရှိုးထုတ်လို့လျှောက်လို့လာ
ဟိုမှာကြည့်လဲ လိပ်ပြာ၊
ဒီမှာ ကြည့်လဲ လိပ်ပြာ
ကျွန်မချစ်တဲ့ ရွှေလိပ်ပြာ
ထိုင်ပုံလေးတွေ ရိုက်လိုက်မယ်
မှိုင်ပုံလေးတွေ ရိုက်လိုက်မယ်
ဓါတ်ပုံ ဓါတ်ပုံ
ကျွန်မရည်းစားကို ပေးမယ့် ရွှေဓါတ်ပုံ "

ဆိုပြီး အိုက်တင် အပြည့်နဲ့ ဆိုပြီးရင်တော့ တအိမ်သားလုံး တဝါးဝါး တဟားဟားနဲ့ ပွဲကျနေတာကို ပူးတေမျက်စိထဲမှာ ဒီနေ့အထိ အမှတ်ရနေတုန်းပါပဲ။ ပြီးရင်တော့ တအိမ်သားလုံးရဲ့  အာဘွားတွေကို သူအဖြစ်နဲ့ ရပါတယ်။ အခုနေ ပြန်တွေးကြည့်ရင်တော်တော်လေး ကြည်နူးပျော်ရွှင်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ ဒါမျိုး ငယ်ဘဝရဲ့  ပျော်ရွှင်ကြည်နူးမှုတွေကို ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။ ပြန်ရမယ်ဆိုရင် တကယ်ပဲ ပြန်လိုချင်မိပါတယ်။ အဲဒီနောက်ဆုံးပိတ် ပွဲသိမ်းသီချင်းပြီးရင်တော့ အဲဒီ့နေ့အတွက် စတိတ်ရှိုးက သိမ်းရပါပြီ။ အားလုံးအိပ်ဖို့ ပြင်ရပါတယ်။ ဒါတောင်သူက ထပ်ဆိုချင်နေသေးတာ။ မာမား အတင်းခေါ် ပြီး အိပ်ခိုင်းလို့ စတိတ်ရှိုး ပြီးသွားရတဲ့ညတွေများတယ်။ :)


ညီမလေးသာ ဒီစာကို ဖတ်မိရင် ပူးတေကို မမဆုအကြောင်းတွေ သူများတွေကို လျှောက်ပြောတယ်ဆိုပြီး သူကတော့ တော်တော်ရှက်နေတော့မှာ။ ချစ်လို့ပါညီမလေးရယ်။ မမတို့ Generation လေးတွေ အတွက် မှတ်တမ်းတင်ထားချင်လို့ပါ။ :) ကပ်ဖားတာ။ မဟုတ်ရင် သူပါပါးကိုသွားတိုင်ရင် ဒွတ်ခ။ မတိုင်ရဘူးနော် ညီမလေး။ မမ ဘလော့ပေါ်မှာ တအိမ်လုံးအကြောင်းတွေ အထုတ်ဖြေပြ နေတယ်လို့လေ။ :)






(ဒီဘလော့လေးက ပူးတေရဲ့  မိသားစု၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဘဝအတွေ့အကြုံလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဖို့ ဖန်တီးထားတာဖြစ်လို့ ကိုယ်ရေးကိုယ်တာတွေများနေပြီး စာဖတ်သူအတွက် ဘာရသ၊ သုတမှ မပေးနိုင်ခဲ့ဖူးဆိုရင် တောင်းပန်ပါတယ်။ စာဖတ်သူအနေနဲ့ နားလည်ပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ စာဖတ်သူအတွက် ဘာမှမကျန်ဘူး အကျိုးမရှိဘူးထင်ရင် ပူးတေရေးထားတာတွေကို မဖတ်ပဲ ကျော်သွားနိုင်ပါတယ်လို့။ ဖတ်ပြီး ခင်မင်လို့ တခုခုပြောခဲ့မယ်ဆိုလဲ ပူးတေကျေးဇူးအထူးတင်ပါတယ်။ လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ) :)

Tuesday, November 17

LIFE

You have been given a glorious gift , and it is called LIFE


Laugh often , long and loud, laugh until you gasp for breath and if you have a friend who makes you laugh, spend lots and lots of time with them .


Know you are special , no matter what you have been through many times in our lives we are

dropped, crumpled, and ground into the dirt by the decisions we make and the circumstances that

come our way, sometimes we feel we are worthless, but no matter what has happened or what will

happen , you will never lose your value , dirty or clean crumpled or finely creased you are still priceless . you are specail never forget that .

Count your blessings , not your problems . Change your way of thinking , think positive , be positive .

အင်တာနက်က ဖတ်မိတာလေး ကြိုက်လို့ မျှဝေလိုက်တာပါ။








Monday, November 16

Bullyful ပူးတေ

ဘာလိုလိုနဲ့ ဒီလ ၂၁ ရက်နေ့ရောက်ရင်ညီမလေးမွေးနေ့တောင်ရောက်တော့မယ်။ ညီမလေးမွေးနေ့လေးကို သူပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားနေရတာကြာပြီ။ သူကမောင်နှမတွေ ပျော်ပျော်ပါးပါး သွားကြလာကြ စားကြသောက်ကြဆို တော်တော်လေးပျော်တာ။ သူက ပူးတေလိုမဟုတ်ဘူး။ မွေးနေ့လက်ဆောင်တွေဘာတွေ သိပ်မတမ်းတဘူး။ လူစုံ ညီအစ်ကို မောင်နှမအစုံ သူ့မွေးနေ့မှာ ရှိနေရင်ကို သူက ကျေနပ်နေတတ်တာ။ ပူးတေကတော့ မရဘူး။ ငယ်ငယ်ထဲက အခုထက်ထိ မွေးနေ့နားနီးလာရင် ပူးတေလိုချင်တဲ့ ပစ္စည်းတွေကို ဝှိုက်ဘုတ်ပေါ်မှာ အကုန်ချရေးထားတာ။ အဲဒါတွေအကုန် မရရင်စိတ်ကဆိုးချင်သေးတာ။ ငယ်ငယ်ကဆို ပါပါးက ပူးတေမွေးနေ့ရောက်ရင် အမျိုးတွေ ပေးတာကုန်တဲ့ အထိစောင့်ကြည့်နေပြီး၊ နောက်ဆုံးမှာ ဘာကျန်လဲ ကြည့်ထားပြီး ကျန်တဲ့ထဲကမှ ပူးတေအလိုချင်ဆုံးကို မေးပြီး ဝယ်ပေးလေ့ရှိတာ။ အကုန်တော့မရဘူးပေါ့။ နှစ်တိုင်း နဲနဲတော့ ကျန်ခဲ့တာချည်းပဲ။

သူ့မွေးနေ့အကြောင်းစဉ်းစားယင်းနဲ့ သူငယ်ငယ်တုန်းကအကြောင်းလေးတွေပါ ခေါင်းထဲရောက်လာတယ်။ ပြန်တွေးမိလာတယ်။ ပူးတေက အစ်ကိုထက်စာရင် ညီမလေးကိုတော်တော်လေးချစ်တာပါ။ ဒါကလဲ သိတတ်လာမှပူးတေချစ်ရကောင်းမှန်းသိတာထင်တယ်။ ပူးတေငယ်ငယ်လေးကမချစ်တာလား၊ နားမလည်သေးတာလားတော့ မသိဘူး။ ချစ်ရမှန်းမသိတာနေမှာ။ သူက ၁ နှစ် ၂ နှစ်သမီးလောက်ကို ပူးတေက ၅နှစ်ခွဲ ၆ နှစ်လောက်ရှိမှာပေါ့။ လူကြီးတွေက သူ့ကို ပုခက်ထဲမှာသိပ်ထားတာ။ ပြီးတော့ ပူးတေကို မဆော့ရဘူး။ ညီမလေးနိုးသွားလိမ့်မယ်။ ညီမလေးနိုးလာမှ တူတူဆော့လို့မှာထားတာ။ အမှန်က ပူးတေက အဖော်ရှိရင်တနေကုန်ဆော့တာ။ ညီမလေးအိပ်နေတုန်းလဲ တယောက်ထဲဆော့တာ။ ညီမလေးနိုးလာရင်လဲ သူနဲ့ တူတူထပ်ဆော့တာ။ လူကြီးတွေက တနေကုန်ဆော့ရင် ပင်ပန်းပြီး ဖျားမှာနာမှာဆိုးလို့ ညီမလေးနိုးလာမှ တူတူဆော့လို့ပြောရင် ပူးတေမကြည်တော့ဘူး။ ညီမလေးကို သူအိပ်နေလို့ငါမဆော့ရတာဆိုပြီးတော့ ညီမလေးမနိုးနိုးအောင် တမျိုးမဟုတ်တမျိုးလုပ်တော့တာပဲ။ အဆိုးဆုံးကတော့ ညီမလေးအိပ်နေတဲ့ စောင်နဲ့လုပ်ထားတဲ့ ပုခက်ရဲ့  ခေါင်းရင်းကနေ ပုခက်လွှဲနေတုန်း ခဏခဏဖြတ်ဖြတ်လျှောက်တာ။ မတိုက်တိုက်မိအောင်ကို ဖြတ်ဖြတ်လျှောက်တာ။ ပူးတေတို့အိမ်မှာ ခိုင်းတဲ့အစ်မကြီးက ပုခက်လာလွှဲလိုက်၊ သူလုပ်စရာရှိတာသွားလုပ်လိုက်နဲ့။ သူမရှိတော့ရင် ပူးတေက အဲဒီ အရှိန်နဲ့ လွှဲနေတဲ့ ပုခက်ထဲက ညီမလေးရဲ့  ဦးခေါင်းကို မတိုက်တိုက်မိအောင်ကို လမ်းဖြတ်ဖြတ်လျှောက်တာ။အဲဒါမျိုး ၃ ခါ ၄ ခါလောက်ဆို အထဲက ညီမလေးလဲ ဘယ်ကောင်းကောင်းအိပ်ရတော့မလဲ။ ငိုပြီးနိုးလာတော့တာပေါ့။ ပူးတေအဲဒီတုန်းက သူနိုးလာတော့ သိပ်ပျော်တာ။ ဆော့ရတော့မယ် ဆိုပြီးတော့လေ။ ဒီအကြောင်တွေက ပူးတေခေါင်းထဲမှာ ငယ်ငယ်လေးထဲက စွဲနေတာ။ ပူးတေလုပ်ခဲ့တာ တနေ့ထဲအလုပ်မဟုတ်ဘူး။ တလလဲမကဘူး။ နှစ်နဲ့ကိုချီပြီးတောံကို ကြာခဲ့မှာထင်တယ်။ မဟုတ်လုပ်ထားတဲ့ သူဆိုတော့ ကိုယ်လုပ်ထားတာ ဘယ်တော့ ပြန်ပေါ်မလဲဆိုပြီး တွေးနေပြီး ဒီအကြောင်းက ခေါင်းထဲကကို မထွက်ခဲ့တာ အခုထက်ထိပဲ။ နောက်ပိုင်း ပူးတေ နားလည်တတ်တဲ့ အရွယ်ရောက်လာတော့ ပြန်တွေးကြည့်တာ ငါလုပ်ခဲ့တာတွေက ညီမလေး ကံကောင်းလို့။ မတော်တဆ ဇက်တွေဘာတွေ ကျိုးသွားရင် ဒုက္ခလို့။ ဒါကတမျိုး ပူးတေ ညီမလေးကို အနိုင်ကျင့်ခဲ့တာပေါ့။

နောက်တမျိုးက သူ ၅နှစ်သမီးလောက် ပူးတေက ၈နှစ်ခွဲ ၉နှစ်မှာ ပူးတေတို့ ကစားနည်းမျိုးစုံ ကစားကြတယ်။ ဆရာမလုပ်တမ်း၊ အိမ်ရှင်မလုပ်တမ်း(ချက်ပြုတ်တမ်း) ၊ ဆရာဝန်လုပ်တမ်း၊ အလှပြင်ဆိုင်ဖွင့်တမ်း၊ ဈေးဆိုင်ဖွင့်တမ်း မျိုးစုံနေတာပဲ။ အဲလိုတွေ ကစားတိုင်း ပူးတေက ကောင်းတဲ့နေရာကပဲနေတယ်။ သူ့ကို ပူးတေ မကြိုက်တဲ့နေရာပဲနေခိုင်းခဲ့တာ။ ပူးတေတို့မှာ ဆရာဝန်လုပ်တဲ့ ကစားစရာလေးတွေဆို တစ်စုံပဲရှိတာလေ။ ညီအစ်မ နှစ်ယောက်တူတူ ကစားရတာ။ အဲဒါပူးတေက နားကြပ်တို့ ပြဒါးတိုင်တို့ ပူးတေပဲကိုင်သုံးချင်တော့ သူကအမြဲတမ်းလူနာပဲ၊ ပူးတေက အမြဲတမ်း ဆရာဝန်။ ခဏခဏလာပြခိုင်းတာ။ ဆေးခန်းကို။ သူက ပူးတေကိုပြောတယ်။ အခုပြန်တွေးကြည့်ရင်ရီရတယ်။ ဆရာမရယ် ကျွန်မနေကောင်းနေသေးတယ်။ နေမကောင်းမှ ထပ်လာပြမယ်နော်တဲ့။ ဒါပေမယ့် ပူးတေက မရဘူး။ နေကောင်းလဲ လာပြ။ မဟုတ်ရင် ဆေးခန်းမှာ လူနာမရှိဘူးလို့။ သူ့မှာ ကစားရင် ခဏခဏ နေမကောင်းဖြစ်ရတယ်။ အဲဒါကြောင့်ပဲလားမသိဘူး။ ညီမလေးက အခုထိ မကြာခဏ နေမကောင်းသူချည်းပဲဖြစ်နေရတာ။ ဆေးခန်းနဲ့ သူနဲ့ ပျက်လို့မရဖြစ်နေရတာ သနားဖို့တကယ်ကောင်းတဲ့ ညီမလေးပါ။ အလှပြင်ဆိုင် ဖွင့်တိုင်းဆော့ရင်ပိုဆိုးတယ်။ သူ့မှာ ပူးတေလုပ်သမျှ သရဲရုပ်ကို ထွက်နေတော့တာပဲ။ ပြီးတော့ ဆံပင်ကလဲ ညှပ်ပေးလိုက်သေးတယ်။ ကတုံးပါတခါထဲ တုံးပစ်လိုက်ရတယ်။ အဲဒီထဲက ပူးတေကို မာမားက ကြိမ်းတော့တာပဲ။ နောက်တခါ ကပ်ကြေးကိုင်ရင် အဲဒီကပ်ကြေးနဲ့ ပူးတေဆံပင်ကို အကွက်အကွက်တွေ ညှပ်ပစ်မယ်တဲ့။ ဒါမျိုးကျတော့ ပူးတေကကြောက်တယ်။ သူများကိုသာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ၊ ကိုယ့်ကျတော့ ရုပ်ဆိုးမှာ အတော်လေးကြောက်သား။ ပူးတေကကျောင်းကြီးတက်နေပြီလေ။ သူက မူကြိုကျောင်းတောင်မှ တက်တလှည့် ပျက်တလှည့် ငယ်ငယ်ထဲက ညီမလေးက ကျန်းမာရေး မကောင်းတာလေ။ ဒါတွေက ပူးတေသူ့အပေါ် အနိုင်ကျင့်သမျှ ဘာမှ ပြန်မပြောပဲ သည်းခံခဲ့တဲ့ ညီမလေးရဲ့  မောင်နှမတွေအပေါ်ကို အနွံတာခံပုံလေးတွေ။ ဒါတောင်သူက ပူးတေကိုကိုကြီးနဲ့ ပက်သက်ပြီး ခံရတာတွေ ရေးရင် ဒီပို့စ်က အပိုင်းဆက်ရမယ်။ :) နောက်ပိုင်း ကိုကိုကြီးနဲ့ ညီမလေးကတဖက် ပူးတေကတဖက် ဖြစ်သွားကြတယ်လေ။ ပူးတေ အနိုင်ကျင့်လွန်းလို့ သူတို့နှစ်ယောက် ပူးပေါင်းရတဲ့ အနေအထားကို ရောက်သွားတာ။

စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတို့ကို ကျေးဇူးအထူးတင်ပါတယ်။ ညီမလေးရဲ့  ကလေးဘဝ ချစ်ဖို့ကောင်းတဲ့ ရီစရာအဖြစ်ပျက်လေးတွေရှိသေးတယ်။ နောက်ရက်ကျမှ ညီမလေးရဲ့  ချစ်စရာနဲ့ ရီစရာ အဖြစ်ပျက်လေးတွေ ပြောပြဦးမယ်။

သူ့ဘဝလေးက ရိုးရှင်းတယ်လေ။ ပူးတေ ဒီစာလေးတွေရေးနေတာ ရေးစရာအကြောင်းအရာမရှိလို့ရေးတာမျိုး လုံးဝမဟုတ်ပဲ ညီမလေးအတွက် အမှတ်တရအနေနဲ့ရယ်၊ သူ့ကိုချစ်တဲ့ စိတ်နဲ့ သူ့အကြောင်းလေးတွေကို တွေးလိုက် ရေးလိုက် လုပ်နေတာပါ။

ရိုးရှင်းတဲ့ ညီမလေးရဲ့  အကြောင်းကပြောစရာ သိပ်မရှိပါဘူး။ ဘာမှပြောစရာမရှိတဲ့ သူ့ငယ်ဘဝအကြောင်းလေးတွေကိုပဲ ပူးတေမှတ်မိသလောက် မှတ်တမ်းတင်ထားချင်ယုံ သက်သက်ပါ။

အမျိုးတွေလဲပြန်ဖတ်မိရင် ပြန်ပြီးအမှတ်ရရင် ရရအောင်၊ စာဖတ်တဲ့လူတွေလဲ လူတယောက်ရဲ့  ငယ်ဘဝလေးတွေ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ အပျင်းပြေ ဖတ်ချင်ဖတ်လို့ရအောင် အချိန်ပေးပြီးတော့ကို သူ့မွေးနေ့မတိုင်ခင် ပူးတေ အပြီးရေးသွားမှာပါ။



(ဒီဘလော့လေးက ပူးတေရဲ့  မိသားစု၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဘဝအတွေ့အကြုံလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဖို့ ဖန်တီးထားတာဖြစ်လို့ ကိုယ်ရေးကိုယ်တာတွေများနေပြီး စာဖတ်သူအတွက် ဘာရသ၊ သုတမှ မပေးနိုင်ခဲ့ဖူးဆိုရင် တောင်းပန်ပါတယ်။ စာဖတ်သူအနေနဲ့ နားလည်ပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ စာဖတ်သူအတွက် ဘာမှမကျန်ဘူး အကျိုးမရှိဘူးထင်ရင် ပူးတေရေးထားတာတွေကို မဖတ်ပဲ ကျော်သွားနိုင်ပါတယ်လို့။ ဖတ်ပြီး ခင်မင်လို့ တခုခုပြောခဲ့မယ်ဆိုလဲ ပူးတေကျေးဇူးအထူးတင်ပါတယ်။ လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ) :)

Tuesday, November 10

Happy Birthday

Happy Birthday Ko Ko Gyi,

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုကြီးရေ။
ဒီနေ့ (10-11-2009) ပူးတေရဲ့ အစ်ကိုအကြီးဆုံးရဲ့ မွေးနေ့ပါ။
ပူးတေ ကိုကြီးအတွက်မွေးနေ့ပို့စ်လေးကို ညထဲက ရေးပြီးတင်မလို့ ညက သင်တန်းက ၉ နာရီမှပြီးတာရယ်၊ ညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကို ကြာဇံချက်ချက်ကျွေးနေတာနဲ့ အရမ်းပင်ပန်းသွားပြီး ကွန်ပျူတာတောင်မဖွင့်နိုင်တော့ဘူး။ အမှန်က ဒီနေ့မှ ချက်ကျွေးရမှာ။ ပူးတေက ဘလော့က မိတ်ဆွေတွေကိုလဲ ဒီနေ့ ကိုကြီးမွေးနေ့မှာ တခါထဲ ကြာဇံချက်ကျွေးချင်လို့ ညက  ကမန်းကတန်း ချက်ပြီးတင်လိုက်ချင်တာ။ စားပြီးတော့ လုံးဝမထနိုင်တော့ဘူး။ အိပ်ယာပေါ်ခဏလေးတက်ပြီး ခါးဆန့်မယ်။ ပြီးရင် ပြန်ထရေးမယ်ဆိုပြီး ပြန်တောင်မထနိုင်တာ ဒီနေ့မနက် ၆ နာရီမှနိုးပြီး အခန်းမီးလဲ ခုမနက်မှ ပိတ်ရတယ်။










ဒါက ပူးတေညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကိုချက်ကျွေးတဲ့ ပူးတေလက်ရာ ကြာဇံချက်။

လသာည က ပူးတေမုန့်ဟင်းခါးချက်တုန်းက ပူးတေ မွှေနေတဲ့ပုံလဲမပါဘူးတဲ့။ ပူးတေတကယ်ချက်တာ ဘယ်လိုယုံရမလဲတဲ့။ လသာညရေ ပူးတေမွှေနေတုန်းဆို ပူးတေကို ဘယ်သူဓါတ်ပုံရိုက်ပေးမှာလဲလို့။ ပူးတေ ကိုယ်တိုင် ဓါတ်ပုံရိုက်ရတဲ့ဟာကို။ :,(

ဒီနေ့မနက် ပူးတေ အိပ်ယာနိုးတော့ အရင်ကဆို ဆက်ပြီး နှပ်ချင်ပေမယ့် ဒီနေ့တော့ ကိုကြီးမွေးနေ့ဆိုပြီး အိပ်ယာထ၊ ရေကို အဝသောက်၊ ရေအမြန်ချိုး၊ အဝတ်အမြန်လဲပြီး ကိုကြီးမွေးနေ့ အတွက် ဘုရားမှာ သစ်သီးဆွမ်း၊ သောက်တော်ရေ၊ သုံးတော်ရေ၊ အမွှေးတိုင်၊ ဖယောင်းတိုင် (ဘုရားပန်းကတော့ နေ့တိုင်းကပ်ထားတာလေ၊ ရေလေးပဲ လဲပေးလိုက်ရုံပဲ၊ ပန်းက တနင်္ဂနွေနေ့ကမှ ဝယ်ထားတာ၊ ကောင်းသေးတယ်။) ကပ်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့၊ မွေးနေ့ရှင်အတွက်ရော၊ လူ နတ် ဗြဟ္မာအတွက်ရော ဆုတောင်းပြီး နာရီကြည့်တော့ ၈ နာရီတောင်ထိုးနေပြီ။ ဒါနဲ့ ကိုကြီးအတွက် ဘုရားကပ်ထားတာလေးတွေတောင် ဘလော့မှာတင်ဖို့ရော၊ အိမ်ကို အမှတ်တရပို့ဖို့ရောအတွက် ဓါတ်ပုံရိုက်ဖို့တောင် အချိန်မရှိတော့ဘူး။ ညကချက်ထားတဲ့ ကြာဇံချက်ကို ဗူးထဲကိုထည့် (ရုံးမှာ မနက်စာစားဖို့)၊ မိုင်လိုတဗူးကို အမြန်ဆွဲ၊ အိတ်ယူ၊ သော့ယူပြီး ဖိနပ်ကို စွပ်ရုံလေးစွပ်ပြီး ဓါတ်လှေခါးကိုအပြေးခေါ်၊ ဓါတ်လှေခါးစောင့်နေတုန်းဖိနပ်ကြိုးကို အမြန်တပ်ပြီး တိုက်အောက်ရောက်တာနဲ့ တွေ့တဲ့ Taxi ကို တားပြီး ရုံးကို အပြေးလေးလာခဲ့ရတယ်။

မွေးနေ့လက်ဆောင်ကတော့ အရင်အပတ်ထဲက ရန်ကုန်ကိုဖုန်းလှမ်းဆက်ပြီး ဘာလိုချင်လဲလို့မေးတော့ မပို့နဲ့တဲ့ ပိုက်ဆံတွေ အပိုကုန်မယ်တဲ့။ ပို့ခကလဲ သက်သက်ကုန်ဦးမယ်တဲ့။ ဒါနဲ့ ပူးတေက ပေးချင်လို့ပါ ရန်ကုန်မှာရော ကိုကြီးလိုချင်တာမျိုးမရနိုင်ဘူးလား။ ရနိုင်ရင်ဝယ်လိုက်ပါ။ ပူးတေ ပိုက်ဆံလွှဲပေးလိုက်ပါ့မယ်။ မွေးနေ့လက်ဆောင်အဖြစ်ပါလို့ ဆိုတော့ ညီမလေးက ဘေးကနေ သူ့အစ်ကိုအတွက် လှမ်းပြောပေးတယ်။ ကိုကြီး ဂစ်တာက ဟောင်းနေပြီ၊ ဂစ်တာအသစ်ဝယ်ပေးလိုက်ရင်ကောင်းမယ်တဲ့။ ဒါနဲ့ ပူးတေလဲ အေးဒါဆို နင်လိုက်ဝယ်ပေးလိုက်လို့။  ဒါနဲ့ မောင်နှမ နှစ်ယောက် ဂစ်တာသွားဝယ်ကြတယ်။ ပိုက်ဆံကတော့ ပူးတေ အခုထိမလွှဲရသေးပါဘူး။ ငွေဈေးကျနေလို့ မလွှသြေးဘူး။ ခဏစိုက်ထားကြနော်လို့ ပြောထားတယ်။ :)
ပူးတေပိုက်ဆံမပေးရသေးတဲ့ ပူးတေရဲ့ မွေးနေ့လက်ဆောင် ဂစ်တာလေး :)


ဓါတ်ပုံကို သူတို့ Email နဲ့ ပူးတေဆီ ပို့ပေးကြဖို့ပဲ။ ခုထိမပို့ရသေးတာနဲ့ ပူးတေလဲ ဂူဂဲလ်ကနေ ဂစ်တာလှလှလေးရှာပြီးတင်လိုက်တာ။

အိမ်မှာမောင်နှမ သုံးယောက်ရှိတာ ပူးတေတယောက်ထဲ April လမှာ မွေးတယ်။ (ဒါကြောင့် april-poo လို့ နာမယ်ပေးထားတာ) ကျန်တဲ့ နှစ်ယောက် ပူးတေ အစ်ကိုနဲ့ ညီမက ဒီလ( November) ထဲမှာ သူတို့နှစ်ယောက်ကို မွေးတာပေါ့။ လာဦးမယ် နောက်တခါ ညီမလေးမွေးနေ့။ သူ့ကိုတော့မွေးနေ့လက်ဆောင်ပေးဖို့ ဝယ်ထားပြီးပြီ။ ပို့ပေးဖို့ပဲ ကျန်တော့တယ်။

သူများတွေပြောတာက မွေးတဲ့အချိန် မွေးလကလဲ လူတယောက်ရဲ့  စရိုက်နဲ့ ဇာတိကို သိသာစွာပြတတ်တယ်တဲ့။ သူများတွေတော့ တိုက်ဆိုင် မဆိုင်တော့မသိဘူး။ ပူးတေတို့ မောင်နှမ သုံးယောက်ကတော့ အရမ်းကို သိသိသာသာကို တိုက်ဆိုင်လွန်းတယ်။ အိမ်မှာ ပူးတေကို အဒေါ်တယောက်ကဆို အမြဲပြောတယ်။ နင်ကလေ တအိမ်လုံးအကြောင်း တဆွေလုံးတမျိုးလုံးကို နင်ပဲ ပူနေတော့တာပဲ။ တကယ့်အပူသည်ပဲတဲ့။ နင်ကချည်းပူနေ ဟိုနှစ်ယောက်က ဘာတာဝန်မှကို ရှိတော့မှာ မဟုတ်ဘူးတဲ့။

April လက မြန်မာပြည်မှာ အပူဆုံးအချိန်မို့ ရှေးမြန်မာတွေ အခေါ်ကတော့ ရေသဘင်ပွဲလို့ခေါ်တဲ့ သင်္ကြန်ပွဲကို ကျင်းပရတဲ့လပေါ့။ ပူးတေက သင်္ကြန်လမှာမွေးလို့လားတော့မသိပါဘူး။ သင်္ကြန်ဆိုရင် အရမ်းကို ခရေဇီဖြစ်တာ။ ပူလွန်းလို့ သင်္ကြန်ပွဲတောင်ကျင်းပရတဲ့ အပူဆုံးအချိန်မှာမွေးခဲ့လို့လားမသိဘူး။ တော်တော်လေးကို ပူပင်တတ်တယ်။

ပူပင်တတ်တယ်ဆိုတာ လူကြီးတွေကို ဒုက္ခပေးပြီး သူတို့ကို ပူစေတဲ့ အပူမျိုးမဟုတ်ပါဘူး။ ပူးတေက ပူတာ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ်မပူဘူး။ ညီအစ်ကို မောင်နှမတွေကို ပူမယ်။ ပြီးရင် အဖေတွေ အမေတွေကို ပူမယ်။ ပြီးရင် အဒေါ်တွေ၊ ဦးလေးတွေကို ပူမယ်။ ပြီးရင် ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေကိုပူမယ်။ ရန်ကုန်မှာနေတုန်းက ပူးတေပူတာကို အိမ်ကလူတွေ သိပ်မခံစားရဘူး။ ပူးတေ ဒီလူကို ပူတယ်ဆို ဒီလူ့ဆီကို တိုက်ရိုက်ပူးတေ လိုက်သွားတယ်။ ဥပမာ အဒေါ်တယောက် စီးပွားရေးမှ ပြေလည်ရဲ့ လား။ ကလေးတွေနဲ့ လုံးချာလိုက်နေမလားဆိုပြီး ပူးတေ ဒီအဒေါ်ကို ပူရင် သူတို့နေတဲ့နေရာကို လိုက်သွားတော့တာပဲ။ ပူးတေအဒေါ်တွေက ဝန်ထမ်းတွေများတယ်လေ။ ကျောင်းဆရာမတွေ၊ သူများတွေကို ကျူရှင်တွေလဲ မပြကြတော့ ကျပ်တည်းတယ်လေ။ ပူးတေတို့ အန်းကုန်းရှိတုန်းကတော့ အန်းကုန်းကကြည့်တာကိုး။ အန်းကုန်းမရှိတော့တဲ့ နောက်ပိုင်း အဒေါ်တွေက သူ့သူနေကြတာများတယ်လေ။ မိဘတွေအတွက် အလှူအတန်းလေးလုပ်မှ တအိမ်အိမ်မှာ စုမိကြတော့တာမျိုး။ ရန်ကုန်မှာနေတုန်းက ပူးတေသူတို့ကိုပူရင် ချက်ချင်းထထွက်သွားပြီး လိုအပ်မယ်ထင်တဲ့ ကလေးကျောင်းသုံး စာအုပ်၊ ဘောပင်၊ ခဲတံ ၊ စားစရာ မုန့်၊ကော်ဖီမစ် အားလုံးကို အိမ်က ယူသွားပြီး ဟိုရောက်ရင် သူတို့အိမ်အခြေအနေကိုကြည့်၊ ကလေးတွေကို မုန့်ဖိုးပေး၊ ကျူရှင်တွေလိုလား၊ စာလိုက်နိုင်လားမေး၊ အဒေါ်အိမ်က ဆန်ပုံးကိုဖွင့်ကြည့် လိုအပ်ရင် အဒေါ်နဲ့ သူတို့အိမ်နားကဈေးကိုသွား ဆန်၊ဆီ၊အချိုမှုန့် ၊ အဓိကစားကုန်တွေနဲ့ သူတို့အတွက် ၂ရက်စာလောက် ဟင်းစားလေးဝယ်ပေးခဲ့ပြီး အဲဒီနေ့ညနေစာကို သူတို့အိမ်မှာပဲ ကလေးတွေနဲ့ တပျော်တပါးစားခဲ့ပြီး ပြန်ခါနီး ပူးတေက အဒေါ်နဲ့စကားတွေပြောနေ၊ ကလေးတွေက ကားသွားငှားကြ သူတို့ကားငှားလို့ရလာပြီဆိုရင် အားလုံးနှုတ်ဆက်၊ ကလေးတွေက ကျယ်ကျယ့် နောက်အပတ်လဲလာဦးနော်။ ဘယ်တော့လာမှာလဲဆိုတဲ့ အသံလေးတွေက ကိုယ့်နားထဲမှာစွဲကျန်ရစ်ခဲ့တယ်။ ကိုယ်ကနောက်အပတ်လာနိုင်ရင်လာမယ်လို့ ဂတိပေးခဲ့တယ်။ မလာနိုင် လာနိုင်မသေချာပဲ ကလေးတွေကို ဂတိမပေးခဲ့ချင်ဘူး။ သူတို့လေးတွေ မျှော်နေရမှာစိုးလို့လေ။ ပူးတေကလေးဘဝတုန်းကလဲ ပူးတေတို့ ဝမ်းကွဲအစ်မတွေ အစ်ကိုတွေလာရင်သိပ်ပျော်တာ၊ မုန့်တွေဝယ်လာ၊ အတူတူကစားကြ၊ စကားတွေပြောကြနဲ့ ပြန်ခါနီးရင် ပူးတေလဲ အစ်ကိုတွေ အစ်မတွေကို သိပ်မှာတာ။ ထပ်လာဖို့လေ။ သူတို့က ဘယ်နေ့လာမယ်လို့များပြောထားလို့ကတော့ ပူးတေမှာ အဲဒီနေ့ရောက်အောင် လက်ချိုးရေရတာ၊ ဘယ်နှရက်ပဲလိုတော့တယ်။ ကျောင်းဘယ်နှရက်တက်ပြီးရင် မမကြီးတို့ရောက်လာတော့မှာဆိုပြီး ခုပြန်တွေးကြည့်ရင် အဲဒီအချိန်တုန်းက တော်တော်လေး ပင်ပန်းခဲ့တာ။ ကလေးဆိုတဲ့ အမျိုးကလဲ ဧည့်သည်လာရင် သိပ်ပျော်တာလေ။ ပူးတေငယ်ငယ်ကဆို အိမ်မှာ ဧည့်သည်ပဲမျှော်တာ။ လူကြီးတွေကတော့ ဧည့်သည်လာရင် ချက်ပြုတ်ကျွေးမွေးရ၊ ဧည့်ခံရ၊ ဧည့်သည်ပြန်သွားရင် ပူးတေတို့တွေ ဧည့်သည်နဲ့ရောပြီး ဖွထားတာတွေသိမ်းဆည်းရ၊ ရှင်းလင်းရနဲ့ မောလို့ ပင်ပန်းလို့ တော်ရုံဆို အိမ်ကိုမဖိတ်ချင်ဘူးလေ။ ပြောရင်းနဲ့ မွေးနေ့အကြောင်းကနေ တခြားအကြောင်းတွေ ရောက်ကုန်ပြီ။

အားလုံးပဲ ဒီနေ့ ကိုကြီးမွေးနေ့မှာမွေးတဲ့ မွေးနေ့ရှင်အားလုံးကိုလဲ ပူးတေက ဒီကနေဆုတောင်းပေးလိုက်ပါတယ်။ HaPpY bIrThDaY ပါလို့။ ဆရာ စံဇာဏီဘို လို အတုလိုက်ခိုးတာ။ City FM ကနေပြီးတော့ နေ့တိုင်းမွေးနေ့ဆုတောင်းပေးနေတာလေ။ :o)

အဖြူရောင်နတ်သမီး ကလဲ ၁၉ ရက်နေ့ကျရင် သူ့မွေးနေ့ဖိတ်ထားသေးတယ်လေ။ သူငယ်ချင်း ချစ်ယောက်မရေ (သူ့ကို ယောက်မတော်ဖို့ ပြောထားတယ်လေ :P )သူငယ်ချင်းအတွက် ကဗျာလေး တတ်သလောက်မှတ်သလောက်လေး ဆပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဒီကနေ အသိလှမ်းပေးလိုက်ပါတယ် နတ်သမီးလေး ရေ။

သူငယ်ချင်းတို့ကိုလဲ နတ်သမီး မွေးနေ့လေးကို နတ်သမီးကိုယ်စား ထပ်ဆင့်ဖိတ်လိုက်ပါတယ်။ ၁၉ ရက်နေ့ကျရင် သွားဖြစ်အောင်သွားလိုက်ပါနော်။ နတ်သမီးလေးရဲ့ လိပ်စာက အဖြူရောင် နတ်သမီး တဲ့။

ပြီးရင်တော့ ပူးတေရဲ့  ညီမလေး မွေးနေ့ ၂၁ ရက်နေ့ ကျ ထပ်လာခဲ့ဦးနော်။ ကောင်းကောင်းဧည့်ခံပါ့မယ်။

:)

ခင်မင်စွာဖြင့်
ပူးတေ

Sunday, November 8

ချက်စားဖြစ်ခဲ့တာလေးတွေ

ဘလော့စကတည်းက အိမ်မှာ ပူးတေတစ်ယောက် ရောဂါနဲနဲ ထနေတယ်။ တခုခု ချက်စားတိုင်း လှအောင်ချက်ရတာလဲအမော၊ ချက်ပြီးတိုင်းလဲ အခန်းထဲကို ဝင် ကင်မရာလေးကို အိမ်ကလူတွေ မမြင်အောင် မီးဖိုခန်းထဲကိုတိတ်တိတ်ကလေး ယူလာပြီး မီးဖိုချေင်တံခါးကို ချက်(ဂျက်)ချပြီး view အမျိုးမျိုးကနေ အမျိုးမျိုးပြင်ဆင်ပြီးကို ရိုက်တော့တာပဲ။ ချက်စားတယ်ဆိုတာထက် ဓါတ်ပုံရိုက်ပြီး ဘလော့ပေါ်တင်ချင်တာက ခပ်များများရယ်။ ပြီးတော့တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာတွေ ခုမှပဲ စုပေါင်းပြီးတင်လိုက်တော့တယ်။ အိမ်မှာနေတဲ့ သူငယ်ချင်းတယောက်ဆို ပူးတေကိုပြောတာက သူခုတလော ဟင်းချက်ရင် မီးဖိုခန်းကြီးကို ပိတ်ပိတ်ပြီးတော့ ဘာတွေ တယောက်ထဲ ရှုပ်နေမှန်းကို မသိဘူးတဲ့။ ချက်လိုက်ရတာလဲ မမောနိုင်မပန်းနိုင်နဲ့တဲ့။ သူတို့ကတော့ ပူးတေ ဓါတ်ပုံတွေ ရိုက်နေမှန်းလဲ မသိဘူးလေ။ ဘလော့အကြောင်းလဲ မသိတော့ အေးဆေးပဲ မသိချင်ယောင်ဆောင်ပြီးနေလိုက်တာပဲ။ ပြီးရင်တော့ ချက်ထားတွေမကုန်လို့ လူတကာကို ဖုန်းဆက်ပြီးလာစားခိုင်းရတဲ့ ဒုက္ခကလဲ မသေးဘူး။ မစ္စတာပီကဆို ပူးတေကို အော် ဘလော့ရောဂါ။ တယ်လဲ မသေးပါလားနော်တဲ့။ ကိုယ့်ဖက်သာကိုယ် တခြားဟာတွေ တင်ပါ့လားတဲ့။ ဘာလို့ သူများတွေ အစားအသောက်ဆိုတိုင်း လိုက်အစားသောက်နေရတာလဲတဲ့။ ဟင့် ငိုချင်သွားတယ်။ ပူးတေ copy ကူးတာ သူသိသွားပြီ။ ဒါပေမယ့် အားလုံးက ပူးတေ ကိုယ်တိုင်ချက်တာတွေချည်းပါပဲနော်။ အားလုံးအစစ်တွေချည်းပဲ။ ဖျက်၊ ညှပ်၊ ကပ်တွေ မဟုတ်ပါဘူးလို့။ ပူးတေက ငယ်ငယ်ထဲက အချက်အပြုတ် ဝါသနာပါတယ်လေ။ ငယ်ငယ်ကဆို လူကြီးတွေ လစ်ရင် သူတို့တည်ထားတဲ့ ဟင်းအိုးတွေကို မမှီမကန်းနဲ့ ဇွန်းကြီးယူပြီး သွားသွားမွှေလို့ အဆူခံရတာ ခဏခဏပဲ။ ခုတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ချက်ခွင့်ရနေလို့ ကိုယ်တိုင်ချက်ထားတာလေးတွေပါ။ သုံးဆောင်သွားကြပါဦး။ အားမနာနဲ့နော်။






(မုန့်ဟင်းခါး၊ ပဲကြော်၊ အိုးဘဲဥနဲ့ မှားလို့ အိုးကြက်ဥနဲ့) အဝစား ၃ ကျပ်ပဲပေးနော်။
ပြီးရင် အချိုပွဲ စတော်ဘယ်ရီ ကျောက်ကျော
ဒါက မုန့်ဟင်းခါးစားတဲ့လူတွေအတွက် အထူးစပါယ်ရှယ် ဖရီး

(စတော်ဘယ်ရီကျောက်ကျောလေး)



(၃ ဗန်းတောင် ရှိတယ်နော်၊ အဝသာစားသွားနော်)
ဘလော့ကမိတ်ဆွေတွေကိုလဲ တကယ်ခေါ်ကျွေးလို့ရရင် တကယ်ကို ခေါ်ကျွေးချင်တာပါ။ ခုတော့ ဓါတ်ပုံထဲက ဟာလေးတွေပဲ စားသွားကြပါဦး။

Sunday, November 1

မခေါ်ခဲ့လို့ မဖြစ်တဲ့သူလေး

အစကတော့ သူလေးကို ကိုယ့်နားမှာဆောဆောစီးစီး ခေါ်ထားဖို့မရည်ရွယ်ပါဘူး။ သူလဲ သူ့ဘက်သူ လွတ်လွတ်လပ်လပ်နေ၊ ကိုယ်လဲလွတ်လွတ်လပ်လပ်နေပေါ့။ သွားခါနီးမှ သူ့ကိုခေါ်ပြီး တူတူသွားကြတာပေါ့လို့ ရည်ရွယ်ထားတာပါ။ သွားလို့မှ သူ့ကို မခေါ်သွားမိရင် ပူးတေက ဒုက္ခနဲ့ လှလှနဲ့တွေ့မှာလေ။ ကိုယ်နဲ့တူတူ အဆောကြီးခေါ်ထားမိရင် သူ့ကို လိုက်ထိန်းနေရဦးမယ်လေ။ ပူးတေညီမတစ်ယောက်က နင်သူ့ကို ခေါ်ရမှာသေချာရင် သူ့ကိုတခါထဲ ဆောဆောစီးစီး ခေါ်ထားလိုက်တော့။ မဟုတ်ရင် သူကရှိတော့မှာမဟုတ်ဘူး။ မျက်နှာက များပါဘိသနဲ့၊ သူများနောက်ပါသွားဦးမယ်ဆိုတာနဲ့ မနေ့က မစ္စတာပီ ရယ် ပူးတေရယ် စင်္ကာပူရွှေမြို့တော်က မြန်မာရပ်ကွက်ကလေးရှိရာ ပင်နီဆူလာဆီသို့ သူလေးကို ခေါ်ထားဖို့ ချီတက်ခဲ့ကြပါတယ်။ ပြီးတော့ ၂ ထပ်က DBS ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတဲ့ အခန်းရှေ့မှာ အချိန်တော်တော်လေး Q ပြီးသကာလ၊ ပူးတေရဲ့  ကဒ်လေးကို အဲဒီအခန်းထဲမှာရှိတဲ့ စက်တွေထဲက တစ်ခုသော စက်ထဲကို ခဏထည့်လိုက်ပြီး အရွက်ကလေးတချို့ကို ယူခဲ့ပါတယ်။ သူလေးကို တင်တောင်းရမှာလေ။ ထိုစက်ကလေးကနေ ထွက်လာတဲ့ အရွက်ကလေးတွေက ပူးတေလက်ထဲမှာ ကြာကြာနေခွင့်မရခဲ့ရှာပါဘူး။ နောက်တခါ သူလေးကို ခေါ်ခွင့်ရဖို့အတွက် ၃ ထပ်က စင်းမြန်မာဆိုင်က အံဆွဲလေးတခုထဲမှာ အဲဒီအရွက်စိမ်စိမ်းလေးတွေနေခဲ့ကြတယ်လေ။ အဲဒီသူလေးက ဒီဓါတ်ပုံထဲက သူလေးပေါ့။


















အရွက်စိမ်းစိမ်းလေး ၁၆ ရွက်လောက်နဲ့ တင်တောင်းခဲ့ရ သူလေး
:)
၂ယောက်စာမို့ပါ။ ၁ယောက်စာဆို ၈ ရွက်လောက်နဲ့ ok တယ်လေ။

ဒါလေးက သူလေးရဲ့ နောက်ကျောဘက်။
သူငယ်ချင်းတို့လဲ သူလေးကို ခေါ်ရမှာဆို ကြိုခေါ်ထားကြပေါ့။ ပူးတေတော့ ခေါ်ထားပြီးပြီ။ ခုတော့ သူလေးကို နားအေးပါးအေး ပူးတေ အံဆွဲထဲ ထည့်ထားလိုက်တော့တယ်။
:)

သူလေးကိုခေါ်ပြီး ပြန်လာတော့ shopping ပတ်မိသေးတယ်။ ဒါလေးတွေ ဝယ်ဖြစ်ခဲ့တယ်လေ။




ပြန်လာတော့ လမ်းမှာ Roadshow တခုတွေ့လို့ ဝင်ကြည့်ခဲ့တာ ဒါလေးတွေ free ရခဲ့တယ်။ :) ဘောပင်လေးမှာ 2010 calendar လေးလဲပါတယ်။ စာရွက်ကလေးကို ဆွဲဆန့်လိုက်ရင် Calendar ကြည့်လို့ရတယ်။



ပြန်လာတော့ အိမ်အောက်ရောက်တော့ ပူးတေတို့ တိုက်အောက်မှာ ယုန်လေးတကောင်ကို အန်ကယ်ကြီး တကောင် အဲ အဲ .. . အန်ကယ်ကြီး တယောက်က မြက်ခင်းထဲ လွှတ်ထားပြီး မြက်တွေကျွေးနေတာတွေ့လို့ ဒီလိုလေးမှတ်တမ်းတင်ခဲ့သေးတယ်လေး။







(ယုန်ကလေးကနားရွက်ထောင်)

ယုန်လေးကချစ်ဖို့တော်တော်လေးကောင်းပါတယ်။ ကြည့်နေရင်းနဲ့ အိမ်မှာမွေးထားချင်စိတ်တောင် ပေါ်မိတယ်။ ဒါပေမယ့် မဖြစ်ပါဘူးလေ။ အိမ်မှာ လူမှ အမြဲမရှိတာ။ အစာငတ်သေကိန်းမြင်မိတယ်။ အီးအီးပါ ရှူရှူပေါက် ကိစ္စကလဲ လူတယောက် အမြဲရှိနိုင်မှ သန့်ရှင်းနိုင်မှာလေ။ သူ့ပုံလေးကို ဘလော့ပေါ်မှာ အမှတ်တရ တင်ထားရင်းနဲ့ပဲ ပိုင်ဆိုင်လိုစိတ်ကို လျှော့လိုက်တော့တယ်။

Wednesday, October 21

Imperial Herbal နှင့် ဆားချက်ခြင်း

ခုတလော ပူးတေတယောက် အလုပ်တွေအရမ်းရှုပ်နေတယ်... ရုံးမှာလည်း Project တွေအပြီးသတ်နေရလို့ ပါဏာတိပါတကံတွေ ကျူးလွန် အဲလေ... အလုပ်တွေအရမ်းရှုပ်နေသလို အိမ်ရောက်တော့လည်း အမျိုးတွေ ရောက်နေတာနဲ့ ဘလော့ဘက်တောင် ခြေဦးမလှည့်နိုင်ဘူးဖြစ်သွားတယ်။ ပိတ်ရက်ဆိုလဲ လုံးဝမနားရဘူး။ ပူးတေစားချင်တဲ့ စားသောက်ဆိုင်တွေ လိုက်ပို့နေရလို့ အဲ ယောင်လို့  သူတို့သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးနေရတယ်လေ။ ဒါပေမယ့် စိတ်ကတော့ ဘလော့လေးဆီပဲရောက်နေတာ။ စားလဲ ဒီစိတ်၊ သွားလဲ ဒီစိတ်၊ (နဲနဲပိုကြည့်တာ :P သနားလာအောင်)ဘလော့မရှိခင်တုန်းက ဘလော့လေးတခု လိုချင်လိုက်ရတာ အမော။ ဘလော့လဲရရော ပြန်လှည့်မကြည့်နိုင်လောက်အောင်ဖြစ်သွားတယ်။ လာလည်တဲ့လူတွေကိုလဲ ဧည့်ဝတ်မကျေဖြစ်နေရတယ်။ သူငယ်ချင်းတို့ရေ ဆောရီးနော်။ ဧည့်ဝတ်မကျေခဲ့တာတွေကို တောင်းပန်တဲ့ အနေနဲ့ အမျိုးတွေကို  VivoCity ၃ ထပ်က Imperial Herbal Restaurant မှာ လိုက်ကျွေးဖြစ်တာလေးကို သူငယ်ချင်းတို့ကို ဧည့်ခံရင်းနဲ့ ဆားချက်လိုက်တယ်။ :P

ဆိုင်လေးက Herbal ဆိုင်ဆိုတော့ ဟင်းတွေအားလုံးကို chinese herbal တွေ ထည့်ချက်ထားတယ်။ တချို့  herbal တွေက အမျိုးသမီးငယ်တွေအတွက်ကောင်းတယ်၊ တချို့ က အမျိုးသားတွေအတွက်၊ ဆေးမြစ်တွေ ဆေးခေါက်တွေနဲ့ ထည့်ချက်တယ်။ ဆေးတွေဆိုပေမယ့် ဆေးအနံ့အရသာတွေထွက်နေတာမျိုးမဟုတ်ပဲ စားကောင်းရုံ၊ ကျန်းမာရေးနဲ့ ညီညွတ်ရုံပါပဲ။ ပူးတေရော မစ္စတာပီရော ဘာဆေးကဘယ်လိုစွမ်းမှန်းတော့မသိပါဘူး။ ဦးလေးတွေ ကြီးဒေါ်တွေ အစ်ကိုတွေကို Menu ပြလိုက်ပြီးသူတို့ စားချင်တာတွေမှာကြတယ်။ ဘကြီးတွေက တရုတ်လိုပြောတတ်၊ဖတ်တတ်တယ်လေ။ သူတို့က Menu ဖတ်ပြီးမှာ။ ပူးတေတို့ ၂ ယောက်လဲ ဓါတ်ပုံတွေကြည့်ပြီး မှာလိုက်တော့အဆင်တော့ ပြေသွားကြတာပါပဲ။

ဆိုင်ကိုလိုက်ပို့ပေးရင်းနဲ့ VivoCity ပါလိုက်ပို့ပြီးသားဖြစ်တာပေါ့။ ရှုခင်းလေးကောင်းတယ်လေ။


(ဒီပုံက ညနေခင်း VivoCity ရောက်ရောက်ချင်း)

ဆိုင်လေးက အပြင်အဆင်လေးရော service ရောကောင်းတယ်။ ဟင်းတွေလဲ ကောင်းပါတယ်။ အထူးသဖြင့် ပင်လယ်စာတွေ ကောင်းကောင်းရတယ်။ ရန်ကုန်က ဧည့်သည်တွေလာရင် Buffet, BBQ တို့ လိုက်ကျွေးမှာထက်စာရင် ဒီလိုဆိုင်မျိုးလေးတွေမှာ ကျွေးသင့်တယ်လို့။ ရန်ကုန်မှာ ဒါမျိုးမရနိုင်လို့လေ။ ဈေးနဲနဲများပေမယ့် ဒါမျိုးက တခါတလေမှစားရတာဆိုတော့ စားသင့်ပါတယ်။


(ဒါက ညနေခင်း နေဝင်ချိန်လေးကို အမိအရ ဆွဲထားတာ) :D



(ဒါလေးက မှာထားတာတွေ မလာသေးလို့ - ငရုတ်သီးတွေပဲရှိတယ်... စားရင်စားထားနှင့်လေ)

အားမနာနဲ့နော် အများကြီးပဲ စားသွားကျ။ မဝသေးရင်ထပ်မှာ။ ကိုယ့် $_$ နဲ့ ကိုယ်။ :D



(ဒါကပူးတေစားနေတဲ့ ပန်းကန်)


(ဒါက တယောက်စာ ပန်းကန်- အဖုံးအုပ်ထားတဲ့ ဖန်ခွက်ကလေးက ရေနွေးပန်းကန် ဘေးနားက ကြွေပန်းကန်လုံးလေးထဲကို ငှဲ့ငှဲ့သောက်ရတာ။ ကုန်သွားရင်လာထပ်ဖြည့်ပေးတယ်- သူလဲ Herbal တွေနဲ့ပဲ၊ အရသာက ချိုချိုလေး)

အောက်ကပုံတွေက  တယောက်စာ၊ ဟင်းတွေက ၁ ပွဲမှာလိုက်တယ်ဆိုရင် ဒီတဝိုင်းလုံးမှာ ရှိတဲ့ လူအရေအတွက်အလိုက် ပန်းကန်ပြားတွေနဲ့ တယောက်ချင်းဆီကို တယောက်စာ တယောက်စာ ခွဲပေးပြီးမှ လာချပေးတာ။ လုစားစရာမလိုဘူး :)


(ဒါက Sea cucumber ကို brocoli နဲ့ Herbal တွေနဲ့- မဆိုးဘူး)


(ဒါက ငါးနဲ့ ကြွက်နားရွက်မှိုနဲ့ ဒါလဲ herbal နဲ့ ချက်ထားတာပဲ)



(ဒါက Shark fin ရယ်၊ ကြက်သားရယ် Herbal တွေနဲ့ Soup လေ)



(ဒါက Abalon တဲ့ ဈေးအရမ်းကြီးတယ်။ NTUC မှာ ၃ ကောင်ပဲ ပါတဲ့ စည်သွတ်ဘူးတဘူးကို $80 လား၊  $85 လားပဲ။ - မြန်မာလို ဘာခေါ်လဲတော့ မသိဘူး။ သူ့ပုံကို ပူးတေ အောက်မှာတွဲထည့်ပေးလိုက်တယ်။ ဒါကပူးတေအတွက်လာချတဲ့ ပူးတေရဲ့  quota .. ဒါပေမယ့် ပူးတေ မစားဘူး ကြောက်လို့ )


(Abalon) - ပူးတေတို့က live တွေမှာစားတာမဟုတ်ဘူးနော် internet က ဓါတ်ပုံ




(ဒါက နောက်ဆုံး ဟင်းတွေနဲ့ ဗိုက်မဝသေးရင် ခေါက်ဆွဲကြော်)


ခေါက်ဆွဲကြော် တပွဲမှာပြီးခွဲလိုက်တာ တယောက်ကို နဲနဲဆီပဲ ရတယ်။ ပိုတာသူတို့ စားလိုက်လားမသိဘူးနော်။ :P နောက်တာ။ ပူးတေတို့ လူအုပ်တင်မနဲဘူးပဲ



(ဒါကနောက်ဆုံးပိတ် အချိုပွဲ- စားကောင်းတယ်။ အအီပြေတယ်)


(ဒီပုံလေးက မစားခင် အချိုပွဲ- သူငယ်ချင်းတို့အတွက် သတိရလို့)



(ဒါလေးကလဲ Sun set ကို ခံစားထားတာ)



( ဒါက ဆန်တိုစာ(Sentosa) ဘက် သွားတဲ့ လမ်း ကို လှမ်းရိုက်ထားတာ။ )



(ဒါက ရေထဲက သင်္ဘောတွေ- တခြားဘလော့ဂါတွေကို အားကျလို့ လိုက်ရိုက်လာတာ :D)

ကဲ..
သူငယ်ချင်းတို့ အားလုံး ဗိုက်ဝသွားကြပြီတင်တယ်။ မဝရင်လဲ နောက်မှ ကျွေးတော့မယ်နော်။ :)

Fatty Liver(Foie Gras)

Forward မေးလ် ထဲက ရတာလေးကို မျှဝေလိုက်တာပါ။ သိပြီးသားလူတွေလဲရှိမှာပါ။ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။  ဖတ်ပြီးရင်ထဲမှာ တော်တော်လေး မချိအောင် ခံစားရပါတယ်။

အစားလေးတလုပ်အတွက်နဲ့ လူတွေဒီလောက်ထိအောင် ဆိုးရွားနေကြပြီလားလို့လဲ တွေးရင်း နောက်ပိုင်းတွေ ဘာတွေ တီထွင်ပြီး လုပ်စားကြလေဦးမလဲလို့

စီးပွားရေးသမားတွေက ဒါတွေထုတ်တယ်ဆိုတာ Demand လဲရှိနေလို့ပါ။ အရင်က ပူးတေ soft shell crab ကို အရမ်းကြိုက်ခဲ့တာ။ ဒါပေမယ့် ဘယ်လိုလုပ်လဲဆိုတာ ပူးတေသိပြီးတဲ့နောက်ပိုင်း မစားရက်တော့ဘူး။ လုံးဝကို မစားတော့တာပါ။ ခုလဲ ဒီ Foie Gras လို့ခေါ်တဲ့ Fatty Liver (မြန်မာလိုဆိုရင် အသဲအဆီဖုံး လို့များခေါ်မလားမသိဘူးနော်) ကိုလဲ ပူးတေ ခုထိ တခါမှ မစားဖူးသေးပါဘူး။ ဒီမေးလ်ကို မဖတ်ရသေးခင် Foie Gras ကို  စမ်းစားကြည့်မိရင် စားမိခဲ့လိမ့်မယ်။ ဒါပေမယ့် ခုတော့ လုံးဝ စားဖို့ကို အစီစဉ်မရှိတော့ဘူး။

အစားလေးတလုပ်အတွက်၊ ဒီအစားလေး ကိုယ်မစားလိုက်ရတော့ကော ဘာဖြစ်သွားမလဲနော်။ သူတို့ကတော့ မချိမဆန့်ကို ခံစားပြီး သေပွဲဝင်သွားကြရရှာတာ။

ပူးတေ မြန်မာလို ပြန်ရေးလိုက်ရင်ပေါ့သွားမှာဆိုးလို့ ဒီအတိုင်းလေးပဲ မျှဝေပေးလိုက်ပါတယ်နော်...

သူငယ်ချင်းတို့လဲ ပူးတေလို မဟုတ်တောင် အလားတူ ခံစားချက်များရှိကြမယ်လို့ ပူးတေ မျှော်လင့်မိပါတယ်။ တယောက်တဆင့် လက်ဆင့်ကမ်းရင်း ဒါလေးကို ဖြန့်ဝေနိုင်မယ်ဆိုရင်တော့ အားလုံးရပ်တန့်သွားအောင်မလုပ်နိုင်တောင် သူတို့လေးတွေအားလုံးရဲ့  အသက်ကို ပူးတေတို့ မကယ်နိုင်ပေမယ့် သူတို့လေးတွေ အနည်းငယ်ရဲ့ အသက်ကို ကယ်ရာရောက်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် မသိပဲနဲ့ စားလိုက်တဲ့လူမှာ ရရှိလာမယ့် အကုသိုလ် မရရှိအောင် ဒီနေရာလေးကနေ မျှဝေလိုက်တာပါ။

Forward မေးလ် ပို့ပေးတဲ့ မောင်လေးကိုလဲ ဒီနေရာကနေ ကျေးဇူးအထူးတင်ပါတယ်။

so terrible to know about this following............



These people, I mean would to eat this, would to sell this, would to force to do so. and especially the one who invented or find out this must go hell.............
ฟัวกราส์ ( Foie Gras)



Foie Gras แปลว่า fat liver นั่นเอง

Foie Gras means "Fat Liver"
ตับห่าน เป็นอาหารสุดหรูที่มีต้นตำหรับจากฝรั่งเศส

It's very very luxury menu that originally from France
แต่อาหารนี้ กว่าจะได้ มา ต้องขุนห่าน ด้วยอาหาร

But this dish comes from feeding a goose OVERLOADED to make the goose has FATTY LIVER DISEASE.
อย่างดี และกรอบอาหารทุกวัน เรียกว่า ยัดอาหาร
ลงปากมากกว่า เพื่อให้เกิดภาวะ ไขมันล้น ตับ นั่นเอง


เดี๋ยวมาดูอาหารที่ว่าเลิศรสจานนี้
Let's see the source of this wonderful dish


กรอกอาหารโดยเครื่องโดยไม่สนใจว่าจะหิวหรือไม่หิว
The geese are forced to eat.. even it doesnt desire



ท่อเหล็กทลวงผ่านคอลงถึงท้องเลย ไม่สนใจว่าอยากกินไม่อยากกิน
The metal pipe pass though throat to stomuch ...even it doesnt want to eat anything



เพื่อให้ตับทำงานมากจนใหญ่และอาหารที่เกิดไขมันที่ตับ
To make the liver being bigger and fatter


สภาพความเป็นอยู่ ขังในกรงที่คับแคบหมุนตัวยังไม่ได้ เดินเล่นออกกำลังไม่ได้
Every cages force the geese either can not turn up their body or move up.



ดูแววตาแห่งความสุขผมสิ How sad their eyes show up


และขาบวมจากยืนนิ่งๆนานๆทุกๆวัน ไม่ให้หลับไม่ให้นอนเดี๋ยวๆโดนจับมากรอกอาหารอีก
Their legs were bloated from long standing everyday. No need to sleep because they will be caught to eat again



ห่านจะพยายามดื้นรน ไม่กินๆ กรูจะท้องแตกตายแล้ว ถูกปีปปากกรอก(เจ็บอ๊ะ)
Although they try to defend themselves But it is useless


ดูแววตาแห่งความสุขผมอีกทีสิ
How sad this life is..



อัดจนท้องแตกตาย หรือระบบร่างกายรับไม่ไหวแล้ว กินจนตาย
They are forced to eat until they are dead or their bodies cant stand with this

ดูสิอาหารยังล้นคาปากออกมาเลยอ๊ะ
You see... the food is over its mouth


ตัวที่ไม่ตาย หลายตัวก็ถ่ายจนรูตูดพัง ถ่ายออกมาผสมเลือดแสบตูด
The left who survive have crapped to be inflamed asses..blood easily come up with the shit

โอย ไหนจะเจ็บปากโดบีบ เจ็บคอในโดนแทง ท้องแน่นตลอดเวลา อ้วนก็อ้วนมากๆ ยืนจนขาบวม นอนก็นอนไม่ได้ เดินออกกำลังกาย
ไม่ได้ ไม่เห็นท้องฟ้าทุ่งหญ้า แม่น้ำ แถบแสบตูดอีก โอ้ชีวิต
Not only mouth hurted, throat hurted , all time stomuchache from the food , Fat to bloated legs , no sleep , no excercise But also unfreedom life to see the sky or river


เพียงเพื่อจะได้ตับที่ขาวสวยและใหญ่กว่าปกติ
To get the beautiful and white liver that unusual big like this

เป็นตับห่านกระป๋องจากต่างประเทศ
As Liver-canned from aboard


.... สังเวยแก่กิเลสของคนกลุ่มหนึ่ง




และเรื่องนี้สอนให้รู้ว่า ทำอะไรให้นึกถึงจิตใจคนอื่นบ้าง อย่าเห็นประโยชน์ส่วนตน เอาแต่ผลประโยชน์ของเค้าเข้าตนเอง คนอื่นเดือดร้อนไม่สน ทุกคนมีศักดิ์ มีชีวิต มีจิตใจ มีคุณค่า ของเค้าเหมือนๆคุณ แม้เค้าไม่มีเท่าคุณ อย่าเบียดเบียนกันขนาดนี้เลยท่าน (เจ้านาย..อิอิ)

Stop being selfish to make predation from now on please, every single life also has their mind their value.

Please forgive me about this poor English, I tried my best and no time to revise it. Kindly revise it before you help to forward it out.

အနန္တသတ္တဝါအပေါင်း ချမ်းသာသုခ ပြည့်စုံပါစေ။

သတ္တဝါ အချင်းချင်းနှိပ်စက်ခြင်း ကင်းဝေးကြပါစေလို့ ဆုတောင်းရင်းနဲ့သာ...


အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ အမှားပါခဲ့ရင်လဲ ပူးတေ အမှားများသာဖြစ်ပြီး နားလည်ခွင့်လွှတ်ပေးကြပါလို့.....