Sunday, November 1

မခေါ်ခဲ့လို့ မဖြစ်တဲ့သူလေး

အစကတော့ သူလေးကို ကိုယ့်နားမှာဆောဆောစီးစီး ခေါ်ထားဖို့မရည်ရွယ်ပါဘူး။ သူလဲ သူ့ဘက်သူ လွတ်လွတ်လပ်လပ်နေ၊ ကိုယ်လဲလွတ်လွတ်လပ်လပ်နေပေါ့။ သွားခါနီးမှ သူ့ကိုခေါ်ပြီး တူတူသွားကြတာပေါ့လို့ ရည်ရွယ်ထားတာပါ။ သွားလို့မှ သူ့ကို မခေါ်သွားမိရင် ပူးတေက ဒုက္ခနဲ့ လှလှနဲ့တွေ့မှာလေ။ ကိုယ်နဲ့တူတူ အဆောကြီးခေါ်ထားမိရင် သူ့ကို လိုက်ထိန်းနေရဦးမယ်လေ။ ပူးတေညီမတစ်ယောက်က နင်သူ့ကို ခေါ်ရမှာသေချာရင် သူ့ကိုတခါထဲ ဆောဆောစီးစီး ခေါ်ထားလိုက်တော့။ မဟုတ်ရင် သူကရှိတော့မှာမဟုတ်ဘူး။ မျက်နှာက များပါဘိသနဲ့၊ သူများနောက်ပါသွားဦးမယ်ဆိုတာနဲ့ မနေ့က မစ္စတာပီ ရယ် ပူးတေရယ် စင်္ကာပူရွှေမြို့တော်က မြန်မာရပ်ကွက်ကလေးရှိရာ ပင်နီဆူလာဆီသို့ သူလေးကို ခေါ်ထားဖို့ ချီတက်ခဲ့ကြပါတယ်။ ပြီးတော့ ၂ ထပ်က DBS ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတဲ့ အခန်းရှေ့မှာ အချိန်တော်တော်လေး Q ပြီးသကာလ၊ ပူးတေရဲ့  ကဒ်လေးကို အဲဒီအခန်းထဲမှာရှိတဲ့ စက်တွေထဲက တစ်ခုသော စက်ထဲကို ခဏထည့်လိုက်ပြီး အရွက်ကလေးတချို့ကို ယူခဲ့ပါတယ်။ သူလေးကို တင်တောင်းရမှာလေ။ ထိုစက်ကလေးကနေ ထွက်လာတဲ့ အရွက်ကလေးတွေက ပူးတေလက်ထဲမှာ ကြာကြာနေခွင့်မရခဲ့ရှာပါဘူး။ နောက်တခါ သူလေးကို ခေါ်ခွင့်ရဖို့အတွက် ၃ ထပ်က စင်းမြန်မာဆိုင်က အံဆွဲလေးတခုထဲမှာ အဲဒီအရွက်စိမ်စိမ်းလေးတွေနေခဲ့ကြတယ်လေ။ အဲဒီသူလေးက ဒီဓါတ်ပုံထဲက သူလေးပေါ့။


















အရွက်စိမ်းစိမ်းလေး ၁၆ ရွက်လောက်နဲ့ တင်တောင်းခဲ့ရ သူလေး
:)
၂ယောက်စာမို့ပါ။ ၁ယောက်စာဆို ၈ ရွက်လောက်နဲ့ ok တယ်လေ။

ဒါလေးက သူလေးရဲ့ နောက်ကျောဘက်။
သူငယ်ချင်းတို့လဲ သူလေးကို ခေါ်ရမှာဆို ကြိုခေါ်ထားကြပေါ့။ ပူးတေတော့ ခေါ်ထားပြီးပြီ။ ခုတော့ သူလေးကို နားအေးပါးအေး ပူးတေ အံဆွဲထဲ ထည့်ထားလိုက်တော့တယ်။
:)

သူလေးကိုခေါ်ပြီး ပြန်လာတော့ shopping ပတ်မိသေးတယ်။ ဒါလေးတွေ ဝယ်ဖြစ်ခဲ့တယ်လေ။




ပြန်လာတော့ လမ်းမှာ Roadshow တခုတွေ့လို့ ဝင်ကြည့်ခဲ့တာ ဒါလေးတွေ free ရခဲ့တယ်။ :) ဘောပင်လေးမှာ 2010 calendar လေးလဲပါတယ်။ စာရွက်ကလေးကို ဆွဲဆန့်လိုက်ရင် Calendar ကြည့်လို့ရတယ်။



ပြန်လာတော့ အိမ်အောက်ရောက်တော့ ပူးတေတို့ တိုက်အောက်မှာ ယုန်လေးတကောင်ကို အန်ကယ်ကြီး တကောင် အဲ အဲ .. . အန်ကယ်ကြီး တယောက်က မြက်ခင်းထဲ လွှတ်ထားပြီး မြက်တွေကျွေးနေတာတွေ့လို့ ဒီလိုလေးမှတ်တမ်းတင်ခဲ့သေးတယ်လေး။







(ယုန်ကလေးကနားရွက်ထောင်)

ယုန်လေးကချစ်ဖို့တော်တော်လေးကောင်းပါတယ်။ ကြည့်နေရင်းနဲ့ အိမ်မှာမွေးထားချင်စိတ်တောင် ပေါ်မိတယ်။ ဒါပေမယ့် မဖြစ်ပါဘူးလေ။ အိမ်မှာ လူမှ အမြဲမရှိတာ။ အစာငတ်သေကိန်းမြင်မိတယ်။ အီးအီးပါ ရှူရှူပေါက် ကိစ္စကလဲ လူတယောက် အမြဲရှိနိုင်မှ သန့်ရှင်းနိုင်မှာလေ။ သူ့ပုံလေးကို ဘလော့ပေါ်မှာ အမှတ်တရ တင်ထားရင်းနဲ့ပဲ ပိုင်ဆိုင်လိုစိတ်ကို လျှော့လိုက်တော့တယ်။

4 comments:

JulyDream said...

လေယာဉ်လက်မှတ် ၀ယ်ဖို့ အစိမ်း ၁၆ ရွက်ဆိုတော့ ယူအက်စ် ၁၀၀ တန် ၁၆ ရွက်လား။ အဲဒီလောက် ဈေးမကြီးလောက်ဘူး ထင်တယ်။ စလုံးဒေါ်လာပဲ ဖြစ်မယ် ထင်တယ်။ ဒါဆို 50 SGDက အစိမ်းရောင် မဟုတ်ဘူးနော်။ အပြာဘက်ကို ပိုသန်းတယ်။

ပူးတေ said...

ကိုဂျူလိုင်ရေ..
ညကမှ အိမ်လခလာပေးလို့ SGD50 တန်လေးတွေကို သေချာကြည့်ခွင့်ရတယ်။ အရင်က သတိမထားမိပဲ သုံးနေတာ။ အဲဒီနေ့ကလဲ လက်ထဲမှာပူအောင်မှ မထားလိုက်ရတော့ SGD50 တန်လေးတွေက ဘာ ကာလာမှန်းတောင် မခွဲခြားမိဘူး။ ဗမာပြည်မှာခေါ်တဲ့ အစိမ်းကိုပြောတာမဟုတ်ဘူးနော်။ ပူးတေဘာသာ အစိမ်းရောင်လို့ထင်လိုက်တာ။ :) ဒါပေမယ့် ပူးတေစာမှာ သေချာအောင်တော့ ပြောထားတယ်လေ။ DBS ကနေ ထုတ်တာပါလို့။ DBS ATM ကနေ USD မှ ထုတ်လို့မရတာလေ နော်။ :) အပြာရောင်လို့ ပြန်ပြင်လိုက်ရင်ကောင်းမလား။ မသိတဲ့လူတွေ အထင်ကြီးအောင် အစိမ်း ၁၆ရွက်ပဲ ဆက်ထားလိုက်ရင်ကောင်းမလား။ ဟိ ... တကယ်က စိမ်းပြာရောင်ဆို ပိုမှန်မယ်ထင်တယ်။ စိမ်းပြာရောင်ဘက်များပိုသန်းသလားလို့။ ပူးတေ ကာလာဘလိုင်းဖြစ်နေတာလဲ ဖြစ်လောက်တယ်နော်။

မေဇင် said...

ဟုတ်တယ် သူ့ ကို ဒီချိန်မှာ ကြိုခေါ်ထားမှ... သူ မပါရင် ကိုယ်လိုရာ ခရီးမရောက်ဘူးလေ...း))

Libratun said...

ဝင်းမြန်မာတွေရော စာရွက်ဝေတာရော ကွန်မန့်ကြည့်မှ လေယာဉ်လက်မှတ်မှန်းသိတယ်။ ဒီလောက်နားလည်လွယ်ရင် သိပ်မကောင်းဘူး၊ ပြင်ဦးမှ။ ကိုယ့်အကြောင်းတစ်ခုသိရလို့ ကျေးဇူး။ ငါးဆယ်တန်က အစိမ်းဟုတ်တယ် သိပ်တော့မသိဘူး။ အနီတွေပဲ ကိုင်နေတာဆိုတော့.. (၁၀၀ တန်မဟုတ်ဘူး၊ ၁၀ တန်တွေ)