Thursday, November 19

Happy Birthday White Angel (သူငယ်ချင်း အဖြူရောင်နတ်သမီးအတွက်)

ဒီနေ့ (၁၉-၁၁-၂၀၀၉) နေ့မှာ ကျရောက်တဲ့ ချစ်သူငယ်ချင်း ယောက်မလေး(သူ့ကို ပူးတေအစ်ကို ပေးမယ်ပြောထားတာ :) ) ရဲ့  မွေးနေ့ အမှတ်တရ ပို့စ်လေးပါ။
သူငယ်ချင်းရေ ပူးတေက ကဗျာမစပ်တတ်တော့ အမှတ်တရမွေးနေ့ ဆုတောင်းလေးပဲ လုပ်ပေးနိုင်တာကို နားလည်ပေးပါလို့။  သူငယ်ချင်းလေးကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တ္တ မာန ကင်းစင်ပြီး
ဖြူစင်ကြည်လင်သော
ရောင်စဉ်မေတ္တာ အပြည့်နဲ့
နတ်သမီးတပါးအလား
မီးလေးတယောက်ကို
မီးဖွားသန့်စင်ခဲ့တဲ့
မွေးနေ့မင်္ဂလာ အထိမ်းအမှတ်
နေ့မြတ်
(နိုဝင်ဘာ ၁၉ ရက်) ကို ရောက်ရှိလို့ လာခဲ့ပြန်ပေါ့။
ပျော်စရာအတိနှင့်
ရွှင်လန်းသာယာ၍
ပါဝင်ဆင်နွှဲသူ မိတ်ဆွေအပေါင်းနှင့် အတူ
စေတနာ မေတ္တာအကျိုး ခံစားနိုင်ပါစေလို့ ....

(ဒါက အဖြူရောင်နတ်သမီးငယ်ငယ်က ပုံလေ၊ သူက ဘယ်သူ့ကိုမှ လျှောက်မပြနဲ့နော်ဆိုပြီး ပူးတေရဲ့  အစ်ကို ကိုပေးထားတဲ့ ပုံလေ) :P

(ဒါလေးက White Angel လေး)


(ဒါက နမ်းမဝ ခေါ် အဖြူရောင်နတ်သမီး အတွက် ပူးတေရဲ့  မွေးနေ့လက်ဆောင် Diamond Crown လေ သူက နတ်သမီးဆိုတော့ Crown လိုတာပေါ့။ ဒါကြောင့်ပူးတေက ကိုယ့်ယောက်မလေးအတွက် အလိုက်တသိ မွေးနေ့အမှီ အော်ဒါမှာထားရတာ USD 1 million တောင်ပေးရတာလေ)   :)

သူငယ်ချင်း ယောက်မလေး သဘောကျ ကျေနပ်ရဲ့ လား။ ကျေနပ်ပါစေလို့လဲ ဆုတောင်းနေတယ်နော်

Dear Lovely Friend,

May you be
WEALTH,
HAPPY,
INTELLIGENT,
TALENTED,
ELEGANT,

AFFECTIONATE,
NOVEL,
GENTLE,
ENERGETIC,
LUCKY
throughout your life with yours love all.

သူငယ်ချင်း အဖြူရောင်နတ်သမီး မွေးနေ့မှသည် ချစ်ခင်သော မိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုးများနဲ့ ဘလော့မောင်နှမများနှင့်အတူ နောင်နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အောင်မြင်သောဘဝလမ်းခရီးကို လျှောက်လှမ်းဖြတ်ကျော်နိုင်ပါစေလို့

ဆန္ဒမွန်ဖြင့်
ပူးတေ

(၂၁ ရက်နေ့ကျရင် ပူးတေ ညီမလေး ဆုမွန်ရဲ့  မွေးနေ့နော် သူငယ်ချင်းအားလုံးကို ဖိတ်လိုက်ပါတယ်။)

1 comment:

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းကို ယောင်းမတော်ရတာ..
တခါထဲနဲ့ သူဌေးကိုဖြစ်ရောပဲ...
ကောင်းလိုက်တဲ့ယောင်းမ...
တော်လိုက်တဲ့ယောင်းမ...
အာဘွား..အခါ တစ်သိန်း....
ချစ်လို့...