Monday, November 30

Things to Always Remember

အင်တာနက်က ပူးတေ ဖတ်မိတာလေးပါ။ ဘဝအတွက် ခွန်အားတွေပေးတဲ့ ဒီလိုစာမျိုးလေးတွေ ပူးတေမကြာမကြာ ရှာဖတ်လေ့ ရှိတယ်။ အဲဒီအခါ ခွန်အားတွေ ပြန်ပြန်ရလာတတ်တယ်။

ပူးတေတို့လိုလူတွေက အပြင်ပန်း သူများတွေ ကြည့်ရင် ခွန်အားတွေ ပြည့်ဝနေသလိုနဲ့ ဒီခွန်အားတွေက မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး မိတ်ဆွေတွေကို ပေးလိုက်ရတဲ့ အခါ ကိုယ်က ခွန်အားရှိသလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နေ့ ငါလဲပြိုတော့ပါ့မလဲလို့ အမြဲစဉ်းစားမိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အားပေးဖို့ရယ်၊  ပူးတေ အစ်ကိုနဲ့ ညီမလေးက မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အားမလိုအားမရ စိတ်အားငယ်တတ်ကြလို့ သူတို့အတွက် အားပေးဖို့အတွက်ရယ် ဒီလိုစာမျိုးလေးတွေ ရှာဖတ်ရင်းနဲ့ သူငယ်ချင်းတို့ကို မျှဝေလိုက်တာပါ။
 အဲဒီ ၂၄ ချက်ထဲမှာ ပူးတေ နံပါတ်စဉ် ၁၄ ရယ် ၂၁ ရယ် ၂၃ ရယ်ကို  သဘောအကျဆုံးပဲ။ ကျန်တာတွေလဲ သဘောကျပါတယ်။ သူငယ်ချင်းတို့လဲ ဖတ်ကြည့်ပြီး ဘယ်အချက်တွေသဘောကျလဲလို့ Share ခဲ့ကြပါလားဟင်....

နံပါတ် ၁၅ ကိုတော့ ပူးတေ ကျင့်သုံးနိုင်အောင် လေ့ကျင့်ရဦးမယ်။ တခါတလေ ပူးတေက အရာတိုင်းကို အရမ်း Serious ဖြစ်လွန်းတယ်။ ဒါလုံးဝမကောင်းတာမဟုတ်ပေမယ့် တခါတလေ ကိုယ့်ကို အရမ်းပူလောင်စေတယ်လေ။



သူငယ်ချင်းတို့အတွက် ပူးတေစာတွေကို ဖတ်ရလို့ အချိန်တွေ အလကားဖြစ်ကုန်တယ်ဆို Sorry ပါလို့

ခင်မင်စွာဖြင့်
ပူးတေ

6 comments:

အဖြူရောင်နတ်သမီး said...

ပူးလေးရေ...
ဖတ်..မှတ်သွားတယ်နော်...
အိပ်ပြီ..တာ့တာ...
xxxxxxxxxxxxxxxxxxxxxx

Khyl said...

လာလည်ပါတယ်.. ပူးတေရေ...

စည်သူ said...

ဟေးးးးးးးးးးး ရောက်တယ်ဟ..

ကောင်းတယ်ဟေ့.. ဗဟုသုတရတယ်ဟ..
ကျွန်တော့်ကို ပြောင်တာပေါ့လေ.. လာဖတ်သွားပြီးတော့..းP

ခုလာဖတ်တာ.. တော်တော်လေးကို အချိန်ပေးလိုက်ရတယ်.. ကျွန်တော်က အင်္ဂလပ်လို ကျွန်းတာကိုဗျ..းP

ခုလိုမျှာဝေပေးခြင်းအတွက် ကျေဇူးတင်ပါတယ်..
နောက်နောင်များမှာလည်း အစဉ်အမြဲ ဝေမျှနိုင်ပါစေဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

Libratun said...

ကျန်သေးတယ်၊ အမြဲသတိရဖို့က သော့ရယ်၊ ဖုန်းရယ်၊ ပိုက်ဆံအိတ်ရယ်၊ အမ်အာတီ ကဒ်ရယ်။ သူများတွေ ရွတ်သံ ကြားတာပဲ။း)

Anonymous said...

မရေ..................
ရောက်တယ်နော် ဖတ်မှတ်သွားတယ်

moekhar said...

ပူးတေရေး))
ကျေးဇူးနော်