Sunday, November 8

ချက်စားဖြစ်ခဲ့တာလေးတွေ

ဘလော့စကတည်းက အိမ်မှာ ပူးတေတစ်ယောက် ရောဂါနဲနဲ ထနေတယ်။ တခုခု ချက်စားတိုင်း လှအောင်ချက်ရတာလဲအမော၊ ချက်ပြီးတိုင်းလဲ အခန်းထဲကို ဝင် ကင်မရာလေးကို အိမ်ကလူတွေ မမြင်အောင် မီးဖိုခန်းထဲကိုတိတ်တိတ်ကလေး ယူလာပြီး မီးဖိုချေင်တံခါးကို ချက်(ဂျက်)ချပြီး view အမျိုးမျိုးကနေ အမျိုးမျိုးပြင်ဆင်ပြီးကို ရိုက်တော့တာပဲ။ ချက်စားတယ်ဆိုတာထက် ဓါတ်ပုံရိုက်ပြီး ဘလော့ပေါ်တင်ချင်တာက ခပ်များများရယ်။ ပြီးတော့တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာတွေ ခုမှပဲ စုပေါင်းပြီးတင်လိုက်တော့တယ်။ အိမ်မှာနေတဲ့ သူငယ်ချင်းတယောက်ဆို ပူးတေကိုပြောတာက သူခုတလော ဟင်းချက်ရင် မီးဖိုခန်းကြီးကို ပိတ်ပိတ်ပြီးတော့ ဘာတွေ တယောက်ထဲ ရှုပ်နေမှန်းကို မသိဘူးတဲ့။ ချက်လိုက်ရတာလဲ မမောနိုင်မပန်းနိုင်နဲ့တဲ့။ သူတို့ကတော့ ပူးတေ ဓါတ်ပုံတွေ ရိုက်နေမှန်းလဲ မသိဘူးလေ။ ဘလော့အကြောင်းလဲ မသိတော့ အေးဆေးပဲ မသိချင်ယောင်ဆောင်ပြီးနေလိုက်တာပဲ။ ပြီးရင်တော့ ချက်ထားတွေမကုန်လို့ လူတကာကို ဖုန်းဆက်ပြီးလာစားခိုင်းရတဲ့ ဒုက္ခကလဲ မသေးဘူး။ မစ္စတာပီကဆို ပူးတေကို အော် ဘလော့ရောဂါ။ တယ်လဲ မသေးပါလားနော်တဲ့။ ကိုယ့်ဖက်သာကိုယ် တခြားဟာတွေ တင်ပါ့လားတဲ့။ ဘာလို့ သူများတွေ အစားအသောက်ဆိုတိုင်း လိုက်အစားသောက်နေရတာလဲတဲ့။ ဟင့် ငိုချင်သွားတယ်။ ပူးတေ copy ကူးတာ သူသိသွားပြီ။ ဒါပေမယ့် အားလုံးက ပူးတေ ကိုယ်တိုင်ချက်တာတွေချည်းပါပဲနော်။ အားလုံးအစစ်တွေချည်းပဲ။ ဖျက်၊ ညှပ်၊ ကပ်တွေ မဟုတ်ပါဘူးလို့။ ပူးတေက ငယ်ငယ်ထဲက အချက်အပြုတ် ဝါသနာပါတယ်လေ။ ငယ်ငယ်ကဆို လူကြီးတွေ လစ်ရင် သူတို့တည်ထားတဲ့ ဟင်းအိုးတွေကို မမှီမကန်းနဲ့ ဇွန်းကြီးယူပြီး သွားသွားမွှေလို့ အဆူခံရတာ ခဏခဏပဲ။ ခုတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ချက်ခွင့်ရနေလို့ ကိုယ်တိုင်ချက်ထားတာလေးတွေပါ။ သုံးဆောင်သွားကြပါဦး။ အားမနာနဲ့နော်။






(မုန့်ဟင်းခါး၊ ပဲကြော်၊ အိုးဘဲဥနဲ့ မှားလို့ အိုးကြက်ဥနဲ့) အဝစား ၃ ကျပ်ပဲပေးနော်။
ပြီးရင် အချိုပွဲ စတော်ဘယ်ရီ ကျောက်ကျော
ဒါက မုန့်ဟင်းခါးစားတဲ့လူတွေအတွက် အထူးစပါယ်ရှယ် ဖရီး

(စတော်ဘယ်ရီကျောက်ကျောလေး)



(၃ ဗန်းတောင် ရှိတယ်နော်၊ အဝသာစားသွားနော်)
ဘလော့ကမိတ်ဆွေတွေကိုလဲ တကယ်ခေါ်ကျွေးလို့ရရင် တကယ်ကို ခေါ်ကျွေးချင်တာပါ။ ခုတော့ ဓါတ်ပုံထဲက ဟာလေးတွေပဲ စားသွားကြပါဦး။

4 comments:

လသာည said...

ပူးတေက အချက်ကောင်းတာပဲ.. မုန့်ဟင်းခါးလေးက စားချင်စရာလေး.. မုန့်ဟင်းခါးစားချင်တယ်..ပူးတေရယ်

စိတ်ထဲကပဲ စားသွားပြီနော်။ ဒါနဲ့ ပူးတေတစ်ယောက် ဇွန်းမွေနေပုံမပါပါလား။ ပူးတေချက်တာလို့ ဘယ်လိုယုံရမှာလဲ... သက်သေပြ :P

ကိုလူထွေး said...

မြင်တာနဲ့ကို စားချင်စိတ် ပေါက်သွားအောင် ချက်တတ်တာ ပါရမီပဲ...

းဝ)

ကိုလူထွေး said...

မြင်တာနဲ့ကို စားချင်စိတ် ပေါက်သွားအောင် ချက်တတ်တာ ပါရမီပဲ...

းဝ)

Libratun said...

တကယ်စားမယ် ၃ ကျပ်ဆိုတော့ တန်မှတန်ပဲ။ မနက်ကတည်းက ညအထိစားမယ်။ စားချင်စဖွယ် ကြိုက်လွန်းလို့နော် ၃ ကျပ် မို့လို့ မဟုတ်ဘူး။ မြန်မာလို ၃ ကျပ်နော်။း)