Saturday, June 26

မမရွှေစင်ဦးသို့

မမရွှေစင်ရေ

ချစ်ညီမပူးတေ ခင်မင် လေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ မမရဲ့ အီးမေးလ်လိပ်စာကိုလဲ မမှတ်ထားမိတော့ ဒီမှာပဲ ပို့စ်တပုဒ်တနေနဲ့ ရေးလိုက်ပါတယ်.. မမ တချိန်မဟုတ် တချိန်တော့ ဖတ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မမကိုညီမရဲ့ ဘလော့မှာ လင့်ထားလို့ မမပို့စ်အသစ်တက်နေတာသိရပါတယ်... လွန်ခဲ့တဲ့ ၁ ရက်က ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၁) ဆိုတာကိုတွေ့ရပါတယ်။ အရင်လိုပဲ ကလစ်နှိပ်လိုက်တော့


ဒါမျိုး ပေါ်လာတယ်။ ညီမလေး YES ကို ရွေးလိုက်ပေမယ့် မမရဲ့ ဘလော့ဆီသွားလို့မရဘူး။  ဒါနဲ့  http://www.shwezinu.com/ ကိုတိုက်ရိုက်သွားတော့လဲ shwezinu.com is currently UNDER CONSTRUCTION ဆိုပြီး ဒါမျိုးပဲပေါ်တယ်။


မမရွှေစင် တခြားသူတွေဖတ်လို့ရလား မရလားမသိပေမယ့် ပူးတေဖတ်လို့မရဘူး။ ဘလော့စပေါ့ကနေ ဒေါ့ကွန်းပြောင်းသွားတဲ့ တော်တော်များများကို ပူးတေဖတ်လို့မရဘူး။ မမရွှေစင်ရေးထားတာလေးတွေ စိတ်ဝင်စားလို့ အကယ်၍ဖြစ်နိုင်မယ်ဆိုရင် တခြားသူတွေရော ဖတ်လို့ရမရ တချက်ကြည့်ပြီး ပူးတေလဲ ဖတ်လို့ရချင်လို့ပါ။ မြန်မာပြည်ကနေ ဘလော့စပေါ့ကို မမရွှေစင်တို့အနေနဲ့ ဝင်ရခက်တယ်ဆိုတာ ပူးတေနားလည်ပါတယ်။ ပူးတေရန်ကုန်ပြန်တုန်းကလဲ ဝင်လို့မရခဲ့ဘူး။
အခုတော့ ပူးတေဘလော့ လင့်လေးမှာ

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၁) - အခန်း (၁၁) လွတ်မြောက်လမ်းကို ရှာဖွေသူ ညနေချမ်းသည် မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ တည်းခို စားသောက်ခန်းတွင်း၌ လူအများ စုဝေးရောက် ရှိနေကြပြီး ဖြစ်သည်။ သူတို့သည်...

ဒါလေးပဲမြင်နေရပြီး မြင်သားမြင်ရ မကြင်ရဖြစ်နေလို့ပါမမ...

ခင်မင်စွာဖြင့်
ချစ်ညီမ
ပူးတေ(ပေတူး) - ကိုပေါ ရဲ့ စကားလိမ် ပို့စ်ထဲကလို ညီမရဲ့ နာမယ်ကို ပြောင်းပြန်လှန်လိုက်တော့ ပူးတေက ပေတူးဖြစ်တွားတယ်  ;'(

9 comments:

နတ်ဆိုးလေး said...

အမ ရွှေဇင်ဦး ရဲ့ ဘလော့ကို ဖတ်လို့ မရသေးပါဘူး..
ဘာလို့လဲ ဆိုတော့ Blogspot ကနေ Domain ကို ပြောင်းနေဆဲ ကာလ မလို့ပါ..

ကြားဖြတ်ဖြေဆိုလိုက်တာ မကြိုက်ရင် ခွင့်လွှတ်ပါဗျာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ပူးရေ
အချိန်ခနတော့ စောင့်ရတယ်
တစ်ရက်လား နှစ်ရက်လားပေါ့
နောက်တော့ အဆင်ပြေသွားပါလိမ့်မယ်..
မမလဲ သူ့ဆီ ၀င်မရသေးပါဘူး
မြန်မာပြည်ကနေ စာရေးနေရတဲ့သူတွေရဲ့ဒုက္ခပေါ့ကွယ်..
မမလဲ Hosting တစ်ခု ၀ယ်လိုက်ရတယ်
ခုတော့ အဆင်ပြေသွားပါပြီ.. ဒါကြောင့် လင်ခ့်ပါပြောင်းလိုက်ရပါတယ်..

SHWE ZIN U said...

ညီမ ပူးတေ ရေ

အခုတော့ ဖတ်လို့ ရသွားပြီထင်တယ်နော် မမအကြောင်း မကြားဖြစ်တာ ခွင့်လွှတ်နော် အမ လည်း ကျော်ခွ နေရတာ စိတ်ညစ်လို့ ရမလား ဆိုပြီးပြောင်းလိုက်တာ အခုတော့ အဆင်ပြေသွားပါပြီ

ညီမ ဖတ်တော့နော်

ကျေးဇူးအများကြီးတင်ပါတယ်

SHWE ZIN U said...

နတ်ဆိုးလေး တို့ ညီမချော တို့ကိုလည်း ကျေးဇူးတင်တယ်နော်

ဧပရယ်လ်ပူး@ပူးတေ said...

အားလုံး အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...

ဟုတ်ကဲ့ မမရွှေစင် အခု ဝင်လို့ရသွားပါပြီ... အကြွေးတွေ အများကြီးပဲ... ဖတ်လိုက်ဦးမယ်

အခုဆို မမရွှေစင် ခွကျော်စရာ မလိုတော့ဘူးပေါ့နော်..:)

လသာည said...

ပူးတေလေး တိတ်တိတ် ငိုနဲ့တော့။
မမရွှေစင်ဘလော့ ဖတ်လို့ရသွားပြီ။

တော်သေးတာပေါ့။ မမရွှေစင်ဘလော့ဆက်ဖတ်လို့ ရလို့၊ မရများမရခဲ့ရင် ဒီကလေး ဆက်ငိုနေမယ့်သဘော..း))))

sosegado said...

အမတွေ ညီမတွေက မလွယ်ပါလား

Myanmar Good Knowledg Co., Ltd said...

ပူးတေက
ပေတူးလား (နောက်တာနော်)
လူဆိုးလေးပဲ။
သူဘလောက်ဖတ်မရတာ လူတွေ အားလုံးစိတ်ပူကုန်ကြတယ်။

မြန်မာပြည်ကနေ နေ့တိုင်းပို့စ်တင်တဲ့သူတွေကို တကယ်လေးစားတယ်။ အများကြီးသည်းခံပြီး ဒုက္ခခံကြရတယ်။ ။ ကျွန်မတကယ် ချီးကျူးတယ်။

နော် .....ပူးတေ။ ပူးတေလည်း အသစ်ရေးဦးလေနော်။
ခင်မင်လျှက်

မ အနမ်း said...

ပူးရေ.. အမတို့ရွှေပြည်တော်က ဘလော့တွေ ၀င်မရလို့ အမလည်း ဦးစားနေတား))
သူများပြောသမျှတွေလည်းလိုက်လုပ်ပြီး ရှိသမျှဆော့ဝဲ တွေလည်း ရမ်းနေရတယ်။ အခုမှပဲ အလည်ရောက်တော့တယ်။ အမဘလော့အိမ်လည်း ပျက်သွားလို့ ။