Wednesday, June 16

အော် လွဲခဲ့ပြန်ပြီ တခါ...

မနေ့ညက ဖြစ်ပုံက တကယ်ပဲ ရီရတယ်... ဒီတမနက်လုံး အဲဒီအကြောင်းစဉ်းစားမိရင် တော်တော်လေး ရီချင်တယ်။ ဒေါ်မြလေး အသံနဲ့ ပြောချင်ဘူး မပြောချင်ဘူး ပြောကိုမပြောချင်တော့ဘူး..... ဟိဟိ ဒေါ်မြလေးလိုပဲ မပြောချင်ဘူးမပြောချင်ဘူးနဲ့ တကယ်က ပြောချင်နေတာလေ.... :) မနေ့ညက တမ်းတမိနေသော ဟင်းတခွက် ဆိုပြီးတော့ တယောက်ထဲ စာတွေရိုက် ၊ ပုံတွေတင်နေတာ။ ဓါတ်ပုံတွေ upload လုပ်နေတုန်း မစ္စတာပီကြီးရုံးက ပြန်လာတယ်။ တံခါးဖွင့်ပေးပါတဲ့။ ဒါနဲ့ လိမ်လိမ်မာမာလေး တံခါးထဖွင့်ပေးလိုက်တယ်။ သူက အပြင်က ထမင်းစားခဲ့ပြီးသားတဲ့။ မစားတော့ဘူးတဲ့။ တော်တော်ဝမ်းနည်းသွားတယ်။ ကိုယ်ရိုက်ထားတဲ့ ပို့စ်ထဲက ဓါတ်ပုံတွေပြ သူများ စားချင်စိတ်တွေ ထပ်ပေါက်မလားလို့။ ဒါပေမယ့် ဘယ်လိုမှ ဆွဲဆောင်လို့မရတော့ဘူး။ သူနဲ့ စကားနဲနဲပါးပါးပြော(မပြောရင် ဘလော့လေးကို ရန်ရှာမှာဆိုးလို့။ ဟန်လုပ်ပြီး နားထောင် စိတ်ကတော့ ရေးလက်စ ဘလော့လေးဆီမှာ)။ ပြီးတော့ တခါ သူ့ကို အသီးတခုခုတော့ ကျွေးပါတဲ့။ ထမင်းတော့ မစားတော့ဘူးဆိုလို့ မချစ်စု ရှိတယ် စားမလားဆိုတော့ အပူတွေကန်နေလို့ မစားချင်ဘူးတဲ့။ ဒါနဲ့ နှင်းသီးလေး ခွဲကျွေးလိုက်တယ်။ အဲဒီအချိန်ထိ အဲဒီပို့စ်က လုံးဝမတင်ရသေးတာ။ ပြီးလဲ မပြီးသေးဘူး။ အိပ်ခါနီးကျတော့ မစ္စတာပီကမေးတယ်.... စာဆက်ရေးဦးမလို့လားတဲ့။ မရေးတော့ဘူး ကွန်ပျူတာပိတ်ပေးလို့ ပြောလိုက်တာ။(ဘယ်လို ဆက်ရေးမလဲ သူနဲ့လေရွှီးနေတာနဲ့တင် ၁၁ နာရီခွဲနေပြီ။ လူက ရုံးရောက်ရင် အိပ်ငိုက်တာ ရုပ်ပျက်ဆင်းပျက်)။ ဒါနဲ့ သူက ပူးတေလိမ္မာလာတယ်ဆိုပြီး ကွန်ပျူတာ shut down လုပ်ပေးတယ်။ ဒီမနက် ရုံးမှာ ကိုယ့်အီးမေးလ် ကိုယ်စစ်ရော ဟာ ကွန်မန့်အသစ်တွေ ဆိုပြီ ပျော်သွားတယ်။ ပြီးမှ သတိရလို့ အလန့်တကြား ဘယ်လိုဘယ်လို ဖြစ်တယ်မသိဆိုပြီး ကိုယ့်ဘလော့လေး ကိုယ်ဝင်ကြည့်လိုက်တာ ဟား ဟား ဟား မပြုံးပဲနဲ့ ဝါးလုံးကွဲရီမိတယ်.... စာလေး ၂ပိုဒ် တက်သွားတယ်... ကိုယ့်စာကိုယ်ပြန်ဖတ်မိတော့လဲ ခေါင်းစဉ်နဲ့ စာက တခြားစီ။ ကိုယ်ဘာတွေကြိုက်တဲ့ အကြောင်းတွေ။ ငယ်ငယ်က ကျွန်ုပ်အကြိုက်ဆုံး အစားစာများလို အက်ဆေးလေး။ ဟားဟား အားနာလိုက်တာ လာဖတ်တဲ့ လူတွေရော၊ ကွန်မန့်ပေးသွားတဲ့ လူတွေရော... ဒါပေမယ့် အမှတ်တရထားထားလိုက်တယ်... ကွန်မန့်လေးတွေရှိနေလို့ မဖျက်ရက်တော့ဘူး။ မစ္စတာပီ လက်ချက်ပဲနေမယ်ထင်တယ်။ သူက ဘလော့အကြောင်း ဘာမှ သိတာမဟုတ်ဘူး။ သူ့ကို ကွန်ပျူတာ ပိတ်ခိုင်းလိုက်တာ ပို့စ်ပါတင်ပေးလိုက်တယ်။ :D ပြီးတော့ ဘယ်လို ဘယ်လို ဓါတ်ပုံတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး... အတော်လေးကို အခြေအနေဆိုးသွားတယ်... လာဖတ်သွားတဲ့ လူတွေရော၊ ခင်မင်စွာနဲ့ ကွန်မန့်ပေးသွားတဲ့ မမတွေကိုရော ကျေးဇူးလဲ တင်ပါတယ်။ အနူးအညွန့်လဲတောင်းပန်ပါတယ်လို့။ (တော်သေးတယ်။ ခုထိ လာအော်ဆဲသွားတဲ့ လူတွေမလာသေးလို့) တောင်းပန်ရင်းနဲ့ပဲ ကျန်ခဲ့တဲ့ ဓါတ်ပုံလေးတွေ ဆက်တင်လိုက်ပါတယ်...သူများတွေ အပိုင်းတွေခွဲတာ အားကျလို့ ပူးတေလဲ ဟင်းတခွက်ကို ၂ ပိုင်းခွဲတင်ရတယ်... အမိုက်အမဲလေးမို့ ခွင့်လွှတ်နားလည်ပေးကြပါလို့ တောင်းပန်ရင်း ညက မတင်လိုက်ရတဲ့ ဟင်းလေးတွေနဲ့ ပြန်ဧည့်ခံပါရစေနော်...

(ဒါလေးက ဇရစ်ရိုးလေးတွေ/ အရွက်မရှိလို့ ဇရစ်ရိုးခေါ်တာဖြစ်မယ်။း)
ဘာတွေ မှန်းမသိဘူးမှတ်လား.. အဲလို မသိအောင်တမင်လုပ်ထားတာ :D  ပုဇွန်တွေကို အခွံနွှာပြီး ရေခဲသေတ္တာထဲ ထည့်ထားတာ/ ချက်ရင်အဆင်သစ် ယူချက်လို့ရအောင်လို့။ ဇရစ်ထဲ ထည့်ချက်ဖို့။
(ဒါက ပထမနေ့က ချက်ထားတဲ့ ငါးဟင်း။ ခုတော့ သူလဲ အရောခံရတော့မယ်... ဇရစ်နဲ့ ပြန်ပေါင်းထုတ်ခံရတော့မယ်။)
ဟော အပေါ်က ၃မျိုးပေါင်းပြီး ဟတ်ချလောင်းလို့ လုပ်လိုက်တာ ထွက်လာပါပြီ မင်းသမီးတော့မဟုတ်ဘူး။ မနေ့ညက တင်ဆက်ခွင့်မရခဲ့တဲ့ ဇရစ်ရိုးချဉ်ဟင်း။ ဝါးနေတယ်... မသောက်ရသေးတော့ လက်တုန်နေတာ။ :)
ဒါက ပူးတေထမင်းစားပြီးမှ ကျန်တာတွေ ရိုက်ဖို့သတိရလို့လေ...ညက မစ္စတာပီက ညစာအိမ်မှာမစားဘူး။ ပူးတေက သူစားမယ်ထင်လို့ ချန်ထားတာတွေလေ... ဇရစ်ရိုးချဉ်ဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားတုတ်ထိုး (city hall က ဝယ်ထားတဲ့ လက်ကျန်လေး)၊ ငါးပုဏ္ဏားကြော်(အကောင်သေးပေမယ့် ဥတွေနဲ့)။ ညက သူမစားတော့ ဒီနေ့ ချက်စရာမလိုတော့ဘူး။ ဒီညလဲ ဒါတွေပဲစားရဦးမှာပဲ။
အောက်နားလေးက ဗူးလေးရဲ့ ထောင့်မှာ သေးသေးလေးက ငပိထောင်း။ ရန်ကုန်က ထောင်းပေးလိုက်တာပဲ။ နဲနဲချင်း ခွဲစားနေတာ။
တီးလို့ကောင်းကောင်းနဲ့ တီးပြစ်လိုက်တာ ထမင်းအိုးတောင် တဝက်ပဲကျန်တော့တယ်... ဒါကြောင့် ညက ဗိုက်တင်းပြီး မပြီးသေးတဲ့ ပို့စ်က တက်သွားတယ်... :D ရှက်ချာကြီးနော်
ဝက်သားတုတ်ထိုးကို အနီးကပ်ရိုက်မယ်ဆိုပြီး ရိုက်ထားတာ.... နီးနီး ဝေးဝေး ဘာမှမထူးဘူးနော်....အဲလိုတော်တာဟား ဟား ဒီမှာလဲ တူတူပဲ ဆိတ်သားလို့ မှတ်ပါနော်.. ဘာပုံမှန်းမသိမှာဆိုးလို့... :P
ဒါတော့သိမှာပါနော်... င ငါးပုဏ္ဏား ဟင်းချက်စားတဲ့ ....း)

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့....

မမသက်ဝေရေ... ဖလံတောင်မွှေးကလဲ ပူးတေအကြိုက်တွေထဲက တခုပဲ။ ငယ်ငယ်က ပူးတေတို့က ဖလံတောင်မွှေးအရွက်ကို ဖြန့်လိုက်ပြီးမှ ဆမူဆာပုံစံပြန်ခေါက်ပြီး ဆမူဆာ လုပ်ရောင်းတမ်းဆော့ခဲ့တာ။ ခုတော့အိမ်က အရင့်တွေရယ်၊ စားလို့မရတဲ့ အရွက်တွေရယ်ဖယ်ပြီးမှ ပို့လိုက်တော့ အရွက်ပါမလာဘူးမမ။ နောက်နေ့မှ ဖလံတောင်မွှေး ကြော်ပြီးတော့ ပို့ပေးလိုက်မယ်နော်။ :)

မမရွှေစင်  ဟုတ်တယ်မမ။ ပူးတေက တတ်နိုင်ရင် ရန်ကုန်က ကြည့်မြင်တိုင်ညဈေးရယ် သီရိမင်္ဂလာဈေးရယ် ၂ ဈေးကို စင်္ကာပူ ရွှေ့ထားချင်တာ။ ဒါမှ ကြိုက်တဲ့ မုန့်တွေ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေ အချိန်မရွေးစားရမှာ...:)

မမပြာ အိမ်မှာ လာစားပါလား။ ရှိတာ အကုန်ချကျွေးမယ် တကယ်ပြောတာနော်....

မမ blackroze မမစာဖတ်ရင်း သွားရေကျသွားတာ ညီမလေး blog တောင်စိုရွှဲသွားတယ်.... ;'(

မမတို့ အားလုံးကျေးဇူးပါ... ပူးတေစာ အစပ်အဟပ်မရှိတာကို သီးခံဖတ်ပြီး မန့်ပေးသွားကြလို့...ကျန်တဲ့ စာဖတ်သူအားလုံးလဲ ကျေးဇူးအထူးပါ။ (ခေတ်မှီအောင် ကျေးဇူးတွေ စွတ်တင်နေတာမဟုတ်ရပါ)

:D

16 comments:

ခိုင်နုငယ် said...

စာဖတ်ရင်းနဲ့သရေတောင်ကျလာအိ။

sosegado said...

ခုမှပဲဖတ်သွားပါတယ်၊ စုံလှချည်လား၊ ဝယ်ထားချက်ထားတာတွေက၊ ငါးပုဏ္ဏားကြော်က သုံးကောင်ကနေငါးကောင်ဖြစ်သွားတယ်၊ ကိုရီးယားတွေလို အိုးထဲထည့်စား မိန်မှာပါ၊

သိင်္ဂါကျော် said...

ထမင်း လာစားတာ.. :)

မိုးခါး said...

စားလို့ကောင်းမယ်ထင်တယ်
ဗိုက်ဆာလာဘီး(

khun said...

ခွန့်ဆီလာလည်သွားတာ ကျေးဇူးပါရှင်....
ရုံးကပြန်ရောက်ရောက်ချင်း ထမင်းမစားခင်
ဝင်ကြည့်လိုက်တာ ဗိုက်ပိုဆာသွားလို့
အမြန်ပြေးစားလိုက်ရတယ်.... ;P

ခွန် လင့်ခ်ချိတ်ထားမယ်နော်....

ပျော်ရွင်ပါစေ ;)

ချစ်ကြည်အေး said...

ညီမပူးတေ...ဇရစ်ရိုးချဉ်ရည် စိတ်ဝင်စားတယ်ကွယ်....စားစရာတွေ တွေ့ရင် ဝိတ်ကိုမေ့မေ့သွားတယ် ဟီးဟီး :P

SHWE ZIN U said...

ညီမ ရေ

ထင်တော့ထင်သား ပုံတွေ ဘာလို့မထဲပါလိမ့်လို့ ဟားဟား

ငါးပုဏ္ဏား တော့ကြိုက်တယ် ဥလေးတွေ နဲ့ဆို ပိုကြိုက်

သူနဲ့ စကားနဲနဲပါးပါးပြော(မပြောရင် ဘလော့လေးကို ရန်ရှာမှာဆိုးလို့။ ဟန်လုပ်ပြီး နားထောင် စိတ်ကတော့ ရေးလက်စ ဘလော့လေးဆီမှာ)။

တူုတာ:::::::::::::::

သဒ္ဓါလှိုင်း said...

စားစရာတွေအားလုံးလာစားသွားပါတယ်ညီမပူးတေ..

ခင်မင်စွာ
သဒ္ဓါ

khin oo may said...

ုkom: ဝကင်သားထုတ်ထိုးက ငါးခြောက်နဲ့တူ. ဒါပေမဲ့အားလုံးကြိုက်တယ်။
20 Jun 10, 08:03 AM
ုkom: ဇရစ်ကို ကန်ဇွန်းရွက်မှတ်ပါလို့.ုပုဇွန်ကတော့ပုဇွန်.ချှုဉ်ရည်လေးချစ်စရာ မိုက်တယ် အကြံရသွားပြီ.ဒါပေမြ့သ

သဒ္ဓါလှိုင်း said...

ညီမပူးတေရေ..
လင့်ချတ်ထားတယ်..ခွင့်ပြုနော်..။

ခင်တဲ့
သဒ္ဓါ

လသာည said...

စားမြိန်စရာ ထမင်းပွဲနဲ့ တိုးနေပါလား..။

ပူးတေလ် လက်ရာကတော့ ရှယ်မှရှယ်မှန်း သိနေတယ်လေ။
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးး တခါတုန်းက မုန့်ဟင်းခါးလက်ရာကို မြင်ပြီးကတဲက..

မောင် လေး said...

အစ်မပိုစ်လေးဖတ်ရတော့ အမေချက်တဲ့ဇရစ်ရိုးချဉ်ရေဟင်း
လေးစားချင်လိုက်တာ ကတောက်.....
(ကတောက်ဆိုတာ သရေကျသွားတဲ့အသံခင်ဗျ)

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရီးထွက်သွားလို့ ပျောက်သွားတာ ပူးရေ
နေကောင်းတယ်ဟုတ်...
ဇရစ်ရိုးတော့ ငယ်ငယ်ကတည်းက ကြိုက်တယ်..
တို့ဘက်မှာလည်းပေါတယ်လေ..
ခုတောင်စားချင်လာပေါ့..
လင့်ကို http://missgreenlady.com ပြောင်းချိတ်ပေးပါဦးနော်.. အဟောင်းက ပျက်သွားလို့း)

ပန်းနုနှင်းဆီ said...

အိုး
အဲမှာ ဇရစ်ရိုးလည်းရှိတယ်ပေါ့.. ဟင်းတွေက စားချင်စရာ
မစ်စတာပီတော့ ကံကောင်းလေစွနော်
ပူးက ဟင်းချက်ကောင်းသူတစ်ယောက် ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်..
လက်ရာကြည့်တာနဲ့ သိသာနေပါပြီ....

ကိုဇော် said...

ရှလွှတ် . . . တောက်. . တောက်.။
ဂလု. . .

သုခုမလေဒီ said...

သူမစားရင် ကိုယ်စားမယ်း)))
စိတ်မဆိုးကြေးးးP