Wednesday, June 2

မနက်ခင်း ကုသိုလ်

စာတွေ မတင်တာကြာနေလို့ June လအတွက် ပထမဆုံး ပို့စ်လေးကို ကုသိုလ်ကောင်းမှုလေးနဲ့ ဖွင့်လိုက်ပါရစေနော်....

(မနက်က အိမ်က ဘုရားစင်လေးမှာ ချယ်ရီသီးလေးတွေနဲ့ အန်တီကပ်ထားတာ... အားလုံးကြည်ညိုရအောင်လို့ ဘုရားရှိခိုးပြီးတော့ ရိုက်ခဲ့တာ။
မမkom ကို အားကျလို့ ဝါးတားတားလေးရိုက်ခဲ့တယ်.... ဘာမှမဟုတ်ဘူး ရုံးနောက်ကျနေတာကို ဖုန်းကင်မရာနဲ့ တပုံထဲ ကမန်းကတန်းရိုက်လာရလို့ ဝါးသွားတာကို မမkom ကို ဆွဲထည့်တယ်...)
 

ပုလ္လင်ပေါ်မှာ တဆူထဲ အကြီးဆုံးဘုရားက အန်တီ့ဘုရား၊ အလယ်က ဆင်တွေနဲ့ ဘုရားက ပူးတေအတွက် အိမ်က ပင့်လာခဲ့ပေးကြတာ။ ပါပါးက ဗုဒွဟူးနေ့ဆိုတော့ မိဘကိုပါတခါထဲ ပါသွားအောင်ဆိုပြီး ဒီဆင်နဲ့ဘုရားကို ပို့ပေးလိုက်တာလေ... ဘေးကနောက်တဆူက ဒီမှာ မင်္ဂလာဆောင်တော့ လက်ဖွဲ့ရတဲ့ ဘုရား... စုစုပေါင်း ၃ ဆူတောင်။ ရန်ကုန်မှာလဲ အလိုတော်ပြည့်ဘုရားတဆူရှိသေးတယ်... ဥာဏ်တော်က ၁ ပေကျော်ကျော်လောက်ရှိမယ်ထင်တယ်.. အဲဒါလဲ လက်ဖွဲ့ရတာပဲ။ ရန်ကုန်အိမ်မှာ ကိုးကွယ်ဖို့ မပင့်ခဲ့ဘူး။ နံရံမှာ ကပ်ထားတဲ့ ဘုရားပုံတော်က မစ္စတာပီ ပူးတေနဲ့ လက်မထပ်ခင်က စင်္ကာပူစလာထဲက ပင့်လာတဲ့ ဘုရားပုံတော်ပါ။ လူပျိုဘဝက ကိုးကွယ်ခဲ့တဲ့ ဘုရားတဲ့။း) ဒါတောင် အဒေါ်တယောက်က မစ္စတာပီ နေ့နံနဲ့ တွက်ပြီး ဘုရားတဆူ ထပ်ထုပေးမယ်လုပ်နေတာ။ မနဲ စတော့ပ် ခိုင်းထားရတယ်...



အိမ်မှာရှိတဲ့ ဘုရားတွေကိုတော့ မနက်တိုင်းတော့ သောက်တော်ရေကပ်၊ ဘုရားဝတ်ပြုတာ ပုံမှန်လုပ်ဖြစ်ပါတယ်... ဒီမှာက သိတိုင်းအတိုင်းပဲ မနက်ဆိုရင် ဘာမှအိမ်မှာ အဆင်သင့်မရှိတော့ သောက်တော်ရေနဲ့ အသီးတစ်မျိုပဲ ပုံမှန်ကပ်ဖြစ်တယ် (တခါတလေ သစ်သီးဝယ်ထားပြီးသား မရှိတဲ့အခါတော့လဲ သောက်တော်ရေချည်းပဲကပ်ခဲ့တာပေါ့လေ....) တခါတလေ အခါကြီးရက်ကြီးတွေတော့ ဆွမ်းတွေဘာတွေ ဆောဆောထချက်ပြီးကပ်တယ်လေ... ကိုယ်မကပ်ဖြစ်လဲ အိမ်မှာအတူနေတဲ့ အန်တီက အမြဲကပ်နေတော့ ဘုရားကို သောက်တော်ရေနဲ့ ဆွမ်းနဲ့ကတော့ အမြဲမှန်မှန် ကပ်ဖြစ်ပါတယ်... ဆီမီးကတော့ အရင်က ဖယောင်းတိုင်ထွန်း ပူဇော်ကြသေးတယ်... နောက်ပိုင်း သူငယ်ချင်းက တအိမ်လုံးအိမ်မှာ ဘယ်သူမှ မရှိပဲ ဆီမီးထွန်းခဲ့တာ ကံကောင်းလို့ ဘာမှတော့မီးမလောင်ပေမယ့် ဆီမီးထွန်းတဲ့ ဖန်ခွက်လေးတောင် အပူရှိန်တွေများလွန်းပြီး တစစီကွဲသွားတဲ့ နေ့ကစပြီး တအိမ်သားလုံး ဘုရားကို လုံးဝဆီမီး မပူဇော်တော့ပဲ LED လျှပ်စစ်မီးသီးလေးတွေနဲ့ပဲ ပူဇော်ကြရတော့တယ်လေ.... ပန်းကတော့ နောက်ပိုင်း အဲဒီ ဇော်စိမ်းပန်း အလိန်လေးတွေပဲ တင်ဖြစ်တော့တယ်... အလှပန်းတွေကြိုက်ပေမယ့် နဲနဲလေးနွမ်းသွားတာနဲ့ စိတ်ထဲမှာ မပျော်တော့ဘူး။ ပန်းနွမ်းတိုင်း လဲရမှ ကျေနပ်တာဆိုတော့ ပန်းက ၁ ရက်ခြားတခါလောက်လဲရတယ်လေ။ တခါတလေ ရုံးကနေနောက်ကျတဲ့နေ့ဆို ပန်းက ဆိုင်တွေမှာလဲ ရွေးပြီးသား အကျိုးအပဲ့တွေပဲရှိတော့တယ်... အဲလိုနေ့မျိုးဆို ပန်းအိုးက ဗလာလေ။ ဘာပန်းမှ မထိုးပဲထားတော့လဲ ကြည့်မကောင်းပြန်ဘူး။ ဒါလေးတွေဆို နေ့တိုင်းရေလဲပေးနေရုံပဲ။ ပန်းအိုးလဲ မညစ်ပတ်တော့ သိပ်ဆေးကြောစရာမလိုတော့ ရုံးလဲမနောက်ကျတော့ဘူး။ အမြဲတမ်း စိမ်းစိမ်းစိုစိုလေးတွေပဲ တွေ့နေရတော့ စိတ်လဲ ချမ်းသာတယ်လေ...

ဘာရယ်မဟုတ်ပါဘူး... မနက်က ဘုရားစင်လေးကို ကြည့်ပြီးကြည်ညိုခဲ့တာလေးကို ပြန်ပြီး  ပို့စ်တပုဒ်အနေနဲ့ မှတ်တမ်းတင်လိုက်တာပါ...

5 comments:

SHWE ZIN U said...

ညီမ ရေ

မန့်ထားတာလေး ပျောက်သွားတယ်
သာဓု ပါညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

what is good things said...

မနက်ခင်းကုသိုလ်အတွက် သာဓုခေါ်ရင်း လာရောက် ကြည်ညိုသွားပါတယ် ပူးရေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

သာဓု ပူးလ်ရေ
၃ခါခေါ်သွားတယ်နော်..
ကျက်သရေ မင်္ဂလာဝေဖြာတဲ့ နေ့ကလေးတွေပိုင်ဆိုင်ပါစေကွယ်

SHWE ZIN U said...

ညီမ ရေ လင်ခ့် ချိတ်ထားမယ် ဆိုတဲ့ အတွက် အမ က ကျေးဇူးတင်ရမှာပါ

သြ လောင်းလို့ ရှုံးရင် တဝက် နိုင်ရင် အကုန်လုံးပေးရမယ်နော် ဟား..ဟားးးးးး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

ဘာသာရေးကိုင်းရှိုင်းသူအများစုဟာ သက်ရှည်ကျန်းမာပြီး ပေါ့ပါးလန်းဆန်းတတ်ကြပါတယ်။ ကုသိုလ်အသံလေးကြားလို့ သာဓုခေါ်သွားပါတယ်။