Monday, November 30

Things to Always Remember

အင်တာနက်က ပူးတေ ဖတ်မိတာလေးပါ။ ဘဝအတွက် ခွန်အားတွေပေးတဲ့ ဒီလိုစာမျိုးလေးတွေ ပူးတေမကြာမကြာ ရှာဖတ်လေ့ ရှိတယ်။ အဲဒီအခါ ခွန်အားတွေ ပြန်ပြန်ရလာတတ်တယ်။

ပူးတေတို့လိုလူတွေက အပြင်ပန်း သူများတွေ ကြည့်ရင် ခွန်အားတွေ ပြည့်ဝနေသလိုနဲ့ ဒီခွန်အားတွေက မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး မိတ်ဆွေတွေကို ပေးလိုက်ရတဲ့ အခါ ကိုယ်က ခွန်အားရှိသလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နေ့ ငါလဲပြိုတော့ပါ့မလဲလို့ အမြဲစဉ်းစားမိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အားပေးဖို့ရယ်၊  ပူးတေ အစ်ကိုနဲ့ ညီမလေးက မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အားမလိုအားမရ စိတ်အားငယ်တတ်ကြလို့ သူတို့အတွက် အားပေးဖို့အတွက်ရယ် ဒီလိုစာမျိုးလေးတွေ ရှာဖတ်ရင်းနဲ့ သူငယ်ချင်းတို့ကို မျှဝေလိုက်တာပါ။
 အဲဒီ ၂၄ ချက်ထဲမှာ ပူးတေ နံပါတ်စဉ် ၁၄ ရယ် ၂၁ ရယ် ၂၃ ရယ်ကို  သဘောအကျဆုံးပဲ။ ကျန်တာတွေလဲ သဘောကျပါတယ်။ သူငယ်ချင်းတို့လဲ ဖတ်ကြည့်ပြီး ဘယ်အချက်တွေသဘောကျလဲလို့ Share ခဲ့ကြပါလားဟင်....

နံပါတ် ၁၅ ကိုတော့ ပူးတေ ကျင့်သုံးနိုင်အောင် လေ့ကျင့်ရဦးမယ်။ တခါတလေ ပူးတေက အရာတိုင်းကို အရမ်း Serious ဖြစ်လွန်းတယ်။ ဒါလုံးဝမကောင်းတာမဟုတ်ပေမယ့် တခါတလေ ကိုယ့်ကို အရမ်းပူလောင်စေတယ်လေ။



သူငယ်ချင်းတို့အတွက် ပူးတေစာတွေကို ဖတ်ရလို့ အချိန်တွေ အလကားဖြစ်ကုန်တယ်ဆို Sorry ပါလို့

ခင်မင်စွာဖြင့်
ပူးတေ

Saturday, November 21

ကန့်ကွက်မယ့်လူ ရှိပါသလားရှင်

ညီမလေးရဲ့  အကြောင်းလေးတွေ ရေးနေတာ။ ရေးရင်းနဲ့ကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကို ခဏလောက်ဖြစ်ဖြစ် ပြန်ရောက်ချင်တယ်။ ပူးတေတယောက်လဲ ဒွတ်ခပဲ၊ သူများတွေက ကမ္ဘာကြီးပျက်တော့မယ်၊ ကမ္ဘာကြီးပျက်ခဲ့ရင် သေဖို့အတွက် ဘာတွေဘယ်လိုပြင်ဆင်ထားမယ် ဆိုပြီး သေဖို့ပြင်ဆင်နေတဲ့ အချိန်မှာ ပူးတေက အနောက်ကို အနှစ် ၂၀ကျော်ကိုတောင် ပြန်ဆုတ်ချင်နေတယ်။ တရားမရှိပုံများနော်။ တရားမရှိဘူးပဲဆိုဆို မိသားစုဘဝလေးကိုတော့ တကယ်ကို တွယ်တာမိပါတယ်။ အခုနေခါများ ပူးတေတစ်ယောက် ဒီမှာ မတော်တဆ သေများသွားခဲ့ရင် အလောင်းက အရင်ရေခဲတိုက်ရောက်ဦးမှာ မဟုတ်ဘူး။ ဝိညာဉ်က အရင် ရန်ကုန်ရောက်သွားမှာသေချာသလောက်ရှိတယ်။ ပူးတေက အဲဒီလောက်ကို မိသားစုနဲ့ ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တော်တော်ကြီးတာ။ သူငယ်ချင်းဆိုလဲ အဲလိုပဲ။ ခင်ပြီးရင် ဘယ်တော့မှ ဆွေမျိုးလိုပဲ ဖြစ်သွားရောပဲ။ ပြောနေရင်းနဲ့ လွဲကုန်ပြီ။

ညီမလေးအကြောင်းဆက်ပြောဦးမယ်။ ညီမလေးရဲ့  ရီစရာနောက်တခုက သူပထမဆုံးဆုရဖူးတဲ့ နှစ်ကပေါ့။ ညီမလေးက အငယ်ကလဲ အငယ်ဆုံး၊ အရှေ့မှာ ပူးတေပြောထားသလို ကျန်းမာရေးကလဲခဏခဏ ချူချာတော့ ပညာရေးဘက်မှာ သူက အစ်ကိုတွေ အစ်မတွေလို မထူးချွန်ခဲ့ရှာဘူးလေ။ ဟဲဟဲ တပြိုင်ထဲနဲ့ ငှက်၂ကောင်ပစ်သလိုပဲ။ အစ်ကိုတွေအစ်မတွေက ထူးခွန်တယ်ဆိုတဲ့ သဘော။ ဟဲ ဟဲ.... အဲလိုပဲယူဆလိုက်နော်။

အဲဒါသူက ပထမတန်းကဆုကို သူဒုတိယတန်းမှာယူရတယ်။ သူ့အနေနဲ့ ဆုပေးပွဲကို အစ်မတွေ အစ်ကိုတွေ သွားနေတာပဲ သူတွေ့ဖူးပြီး သူကိုယ်တိုင်တခါမှ မတက်ဖူးတော့ သူစိတ်တွေ လှုပ်ရှားနေတာပေါ့။ ကျောင်းရောက်တော့ မိဘတွေက သတ်သတ်တနေရာ၊ ဆုယူမယ့်ကျောင်းသားတွေက အတန်းလိုက် ပထမတန်းက ပထမ၊ဒုတိယ၊တတိယ၊ နှစ်သိမ့်ဆု၊ ထူးခွန်ဆု အစရှိတဲ့ ဆုတွေကို တက်ယူရမယ့်အတိုင်းအစဉ်လိုက်ထိုင်ရတာ။ မိဘတွေနဲ့ အတူတူမထိုင်ရဘူးပေါ့။ ပူးတေတို့နဲ့လဲ သူတူတူမထိုင်ရတော့ ဆုပေးနေတဲ့ အချိန်တုန်းက သူဘာတွေဖြစ်နေလဲတော့ ပူးတေတို့တွေရော၊ ပါပါးတို့ မာမားတို့ရောမသိရဘူး။

ဆုပေးပွဲပြီးတော့ အိမ်ပြန်ရောက်တော့မှ သူက အိမ်ကအဒေါ်တွေကို သူ့ရဲ့ခံစားချက်လေးကို ရင်ဖွင့်ရှာတာ။ သူပြောတာက "ဆု၊ ကံကောင်းလို့ဆုရတာတဲ့ " သူ့နာမယ်ကိုသူက "ဆု" ဆိုပြီးတော့ နာမ်စားသုံးတယ်။ ဒါနဲ့ အဒေါ်တွေက သူ့ကို လူကြီးစကားပြောတယ်ဆိုပြီးတော့ စချင်တာနဲ့ ပြောပါဦးဆုက ဘယ်လိုကံကောင်းတာလဲ ပေါ့။ ဆုပေးပွဲမှာတဲ့ လူကြီးတွေ ဆရာမတွေက မေးတယ်တဲ့။ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊ ကန့်ကွက်မယ့်လူ ရှိပါသလားရှင်၊  ဆိုပြီးတော့ ၃ ခါ၊ ၃ခါစီ ထထမေးတာတဲ့။ အဲဒါဆုတို့ကို ကန့်ကွက်မယ့်လူမရှိလို့ ဆုတို့ ဆုရတာတဲ့။

သူဘာပြောတာလဲဆိုတော့ ဆုပေးပွဲ ညီလာခံတွေလုပ်ရင် မိဘဆရာအသင်း အဖွဲ့ဝင်ဟောင်းတွေကို ရပ်နားပြီး အမှုဆောင်အသစ်ရွေးတယ်လေ။ မြန်မာပြည်က ဆုပေးပွဲတွေမှာ၊ ငွေစာရင်းတို့၊ ရန်ပုံငွေတို့၊ ကျောင်းတိုးတက်ရေးတို့ အဖွဲ့တွေအတွက် တခါရာထူးတနေရာကိုရွေးတိုင်း သူတို့စိတ်တိုင်းကျရွေးထားပြီးသားကို ဦးဘယ်သူကို ကျွန်တော်အဆိုပြုပါတယ်။ ဒေါ်ဘယ်သူကို ကျွန်တော်အဆိုပြုပါတယ်။ ကန့်ကွက်မယ့်သူ ရှိပါသလားခင်ဗျာ၊ ကန့်ကွက်မယ့်သူ ရှိပါသလားရှင်နဲ့။ ၃ ခါ ၃ ခါစီမေးပြီးတော့ အောက်ကလူတွေကလဲ ပွဲမြန်မြန်ပြီးရင် နားအေးရောဆိုပြီး သူတို့မေးတိုင်း မရှိပါဘူး။ မရှိပါဘူးနဲ့ ပူးတေတို့ကလေးတွေက အသံပိုကျယ်တယ်။ အပြိုင်ကိုအော်ကြတာ။ ဒါကို သူက သေချာနားထောင်နေပြီးတော့ ကလေးဆိုတော့ အရှေ့ကပြောသွားတာတွေကို သူနားမလည်ပဲ ကန့်ကွက်မယ့်သူ ရှိပါသလားရှင်လို့မေးမှ သူ့ကို ဆုပေးမှာကို ကန့်ကွက်မယ့်သူရှိပါသလားမေးနေတာ ကန့်ကွက်မယ့်သူမရှိလို့ သူဆုရတာမို့ သူတော်တော်လေး ကံကောင်းတာပါတဲ့လေ။ ကလေးဘဝလေးက ဘယ်လောက်ရိုးသားလိုက်သလဲနော်။
နောက်နှစ်မှာ သူဆုမရတော့ပါဘူး။ ထုံးစံအတိုင်း သူ့ကျန်းမာရေးကြောင့်ပေါ့လေ။ နောက်နှစ် ဆုပေးပွဲကို သူမလိုက်ရပဲ အိမ်မှာပဲကျန်ခဲ့ရမှာကို သူ့မှာ ကောင်းပါတယ်လေတဲ့။ ဆုက အဲဒီကိုသွားရတာ ဆုတောင်းနေရတာနဲ့၊ ဘုရားစာဆိုနေရတာနဲ့ ရင်လဲတုန်ရသေးတယ်တဲ့။ ကန့်ကွက်မယ့်သူ ရှိမှာစိုးလို့တဲ့လေ။ တကယ်ရိုးတဲ့ ပူးတေရဲ့ ညီမလေးပါ။ အခုထိလဲ တော်တော်လေးရိုးတုန်း။ အစ်မတွေ အစ်ကိုတွေ မပါရင် သူမဖြစ်ဖူးလေ။
အခုထိ အိမ်မှာ ကလေးအငယ်တွေဆုပေးပွဲသွားရရင် ပြန်လာရင် သားသားတို့ကို ကန့်ကွက်မယ့်သူ ရှိလားဆိုရင် သူက တော်တော်လေးသဘောကျနေတာ။ အိမ်မှာ မမေ့နိုင်တဲ့ အကြောင်းအရာတွေထဲက တခုပေါ့လေ။

ကဲ

သူငယ်ချင်းတို့ရော ငယ်ငယ်တုန်းက ကန့်ကွက်မယ့်သူတွေ ဘာတွေ ရှိခဲ့ ကြသေးလားဟင်....

ပူးတေမေးမယ်နော်။။ 

(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)

၁ မိနစ်ခန့်နား .....အဖြေစောင့်နေတာ..:)

(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)

၁ မိနစ်ခန့်နား .....ခေါင်းကို ဘယ်ကြည့် ညာကြည့် ၊ အဖြေစောင့်နေတာ..:)


(ကန့်ကွက်မယ့်သူ ရှိပါသလားရှင်။)
၁ မိနစ်ခန့်နား .....ခေါင်းကို ဘယ်လှည့် ညာလှည့် ၊ အဖြေစောင့်နေတာ..:)

ပူးတေတို့ရဲ့ ပျော်စရာလေးတွေကို မှတ်တမ်းတင်ချင်တာနဲ့ ပြန်မျှပေးချင်ရုံသက်သက်ပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်....








(ဒီဘလော့လေးက ပူးတေရဲ့  မိသားစု၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဘဝအတွေ့အကြုံလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဖို့ ဖန်တီးထားတာဖြစ်လို့ ကိုယ်ရေးကိုယ်တာတွေများနေပြီး စာဖတ်သူအတွက် ဘာရသ၊ သုတမှ မပေးနိုင်ခဲ့ဖူးဆိုရင် တောင်းပန်ပါတယ်။ စာဖတ်သူအနေနဲ့ နားလည်ပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ စာဖတ်သူအတွက် ဘာမှမကျန်ဘူး အကျိုးမရှိဘူးထင်ရင် ပူးတေရေးထားတာတွေကို မဖတ်ပဲ ကျော်သွားနိုင်ပါတယ်လို့။ ဖတ်ပြီး ခင်မင်လို့ တခုခုပြောခဲ့မယ်ဆိုလဲ ပူးတေကျေးဇူးအထူးတင်ပါတယ်။ လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ) :)

Thursday, November 19

Happy Birthday White Angel (သူငယ်ချင်း အဖြူရောင်နတ်သမီးအတွက်)

ဒီနေ့ (၁၉-၁၁-၂၀၀၉) နေ့မှာ ကျရောက်တဲ့ ချစ်သူငယ်ချင်း ယောက်မလေး(သူ့ကို ပူးတေအစ်ကို ပေးမယ်ပြောထားတာ :) ) ရဲ့  မွေးနေ့ အမှတ်တရ ပို့စ်လေးပါ။
သူငယ်ချင်းရေ ပူးတေက ကဗျာမစပ်တတ်တော့ အမှတ်တရမွေးနေ့ ဆုတောင်းလေးပဲ လုပ်ပေးနိုင်တာကို နားလည်ပေးပါလို့။  သူငယ်ချင်းလေးကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တ္တ မာန ကင်းစင်ပြီး
ဖြူစင်ကြည်လင်သော
ရောင်စဉ်မေတ္တာ အပြည့်နဲ့
နတ်သမီးတပါးအလား
မီးလေးတယောက်ကို
မီးဖွားသန့်စင်ခဲ့တဲ့
မွေးနေ့မင်္ဂလာ အထိမ်းအမှတ်
နေ့မြတ်
(နိုဝင်ဘာ ၁၉ ရက်) ကို ရောက်ရှိလို့ လာခဲ့ပြန်ပေါ့။
ပျော်စရာအတိနှင့်
ရွှင်လန်းသာယာ၍
ပါဝင်ဆင်နွှဲသူ မိတ်ဆွေအပေါင်းနှင့် အတူ
စေတနာ မေတ္တာအကျိုး ခံစားနိုင်ပါစေလို့ ....

(ဒါက အဖြူရောင်နတ်သမီးငယ်ငယ်က ပုံလေ၊ သူက ဘယ်သူ့ကိုမှ လျှောက်မပြနဲ့နော်ဆိုပြီး ပူးတေရဲ့  အစ်ကို ကိုပေးထားတဲ့ ပုံလေ) :P

(ဒါလေးက White Angel လေး)


(ဒါက နမ်းမဝ ခေါ် အဖြူရောင်နတ်သမီး အတွက် ပူးတေရဲ့  မွေးနေ့လက်ဆောင် Diamond Crown လေ သူက နတ်သမီးဆိုတော့ Crown လိုတာပေါ့။ ဒါကြောင့်ပူးတေက ကိုယ့်ယောက်မလေးအတွက် အလိုက်တသိ မွေးနေ့အမှီ အော်ဒါမှာထားရတာ USD 1 million တောင်ပေးရတာလေ)   :)

သူငယ်ချင်း ယောက်မလေး သဘောကျ ကျေနပ်ရဲ့ လား။ ကျေနပ်ပါစေလို့လဲ ဆုတောင်းနေတယ်နော်

Dear Lovely Friend,

May you be
WEALTH,
HAPPY,
INTELLIGENT,
TALENTED,
ELEGANT,

AFFECTIONATE,
NOVEL,
GENTLE,
ENERGETIC,
LUCKY
throughout your life with yours love all.

သူငယ်ချင်း အဖြူရောင်နတ်သမီး မွေးနေ့မှသည် ချစ်ခင်သော မိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုးများနဲ့ ဘလော့မောင်နှမများနှင့်အတူ နောင်နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အောင်မြင်သောဘဝလမ်းခရီးကို လျှောက်လှမ်းဖြတ်ကျော်နိုင်ပါစေလို့

ဆန္ဒမွန်ဖြင့်
ပူးတေ

(၂၁ ရက်နေ့ကျရင် ပူးတေ ညီမလေး ဆုမွန်ရဲ့  မွေးနေ့နော် သူငယ်ချင်းအားလုံးကို ဖိတ်လိုက်ပါတယ်။)