Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Sunday, December 19

ခွင့်တပါတ်လောက် ပေးပါရန်

Homesick ဖြစ်နေလို့ ခွင့်ရက်မရှိပဲ no pay leave တွေယူပြီး ရန်ကုန်ပြန်သွားပါတယ်.... တချို့တွေတော့ မျက်စိဆံပင်မွှေးဆူးနေပါတယ်...(အိမ်က မစ္စတာပီကြီးလေ... သူထိပ်ဆုံးကပေါ့။) သူမပါပဲ တယောက်ထဲပြန်လို့တဲ့....သူ့ကိုစောင့်ခိုင်းနေတယ်။ သူနဲ့အတူတူပြန်ဖို့တဲ့။ သူနဲ့လဲ ထပ်ပြန်မယ်...အခုလဲပြန်မယ်လို့...အခုမပြန်ရလို့ စိတ္တဇဖြစ်သွားရင် သူ့ကြောင့်လို့.... :)

ရန်ကုန်ရောက်ရင် လှိုင်မဟာစည်သွားပြီး ပူးတေတို့ လင်မယားနှစ်ယောက်စုထားတဲ့ ဟောဒီစုဗူးလေး

ထဲက ပိုက်ဆံနဲ့ ညီမျှတဲ့ မြန်မာငွေကို သွားလှူရမယ်...


ရွှေဒင်္ဂါးလေးတွေနဲ့ အရွက်တွေနဲ့ ဘယ်ဘက်တခြမ်းက ရန်ကုန်က လှိုင်မဟာစည်စုဗူးအတွက်... ညာဘက်ခြမ်းက ဓါတ်တော်တိုက်(စင်္ကာပူ)ကျောင်းအတွက်.... ဓါတ်တော်တိုက်အတွက်ကတော့ ပြန်လာမှပဲ စင်္ကာပူ ပိုက်ဆံတွေအတိုင်းပဲ သွားလှူလိုက်မယ်..ခုတော့ အချိန်မရတော့လို့....

သွားခါနီးလေး အချိန်မှီ နှုတ်ဆက်ပို့စ်လေးတင်လိုက်တာပါ...တခြားပုံတွေ upload လုပ်တာ ထပ်လုပ်လို့ မရတော့ဘူး... အိမ်က starhub လိုင်းလဲ ကြောင်နေပြီ... ပူးတေထင်တာ starhub ကလည်း user တွေသာများလာတယ်.. လိုင်းတွေထပ်မချဲ့ဘူးထင်တယ်... IT အကြောင်း ဘာမှတော့ နားမလည်ဘူး... ဒါပေမယ့် ၈၁ ကျပ်ကျော် ပေးထားရတဲ့ လိုင်းက လူ ၃ လောက်ပဲသုံးတယ်... အင်တာနက်လိုင်းလုံးဝမကောင်းဘူး... ခုလိုမျိုး စနေညတွေ သောကြာညတွေဆို အဆိုးဆုံးပဲ။ တခါတလေဆို အီးမေးလ်တောင် စစ်လို့မရလို့... ပူးတေရဲ့ restaurant story game ဆို လုံးဝဝင်လို့မရလို့ ဟင်းအိုးတွေ သိုးသိုးကုန်တာ အမြဲတမ်းပဲ.... နောက်လကျရင် singtel ပြောင်းထားတယ်... စောင့်ကြည့်ရမှာပဲ... starhub က customer service မှာလဲ complaint လာတဲ့သူတွေ အများကြီးပဲ... ပူးတေဆိုလဲ bill တွေမှားတာ သုံးလေးခါလောက်ရှိပြီ... မှားတိုင်းလဲ သူတို့ဘက်က မနာစေရဘူး... အမြဲပိုတွက်တာချည်းပဲ... ခုဆို လတိုင်းပူးတေမှာ bill ကို တကြောင်းချင်းလိုက်ဖတ်ပြီး လိုက်စစ်နေရတယ်... သွားပြီး complaint လုပ်တော့ သူတို့ရဲ့ IT system တွေကို upgrade လုပ်ထားလို့ ဒီ သုံးလေးလအတွင်းကတော့ သည်းခံပေးပါ... အမှားတွေပါမယ်တဲ့... ဟင် ဒါဆိုလဲ ငါတို့ကို ပိုက်ဆံတွေလျော့တွက်တဲ့အများမျိုးလေးလဲ ပါအောင်လုပ်ပါဦးလို့.... တခါဆို မစ္စတာပီရဲ့ ဖုန်းဘေလ်ကို 58 ဒေါ်လာစွန်းစွန်းပဲ ပေးရမှာ 250 ကျော်ကျနေလို့ ပူးတေက သူဘယ်သူ့တွေကို ခေါ်လဲဆိုပြီးရန်လုပ်တာ...starhub ကို စစ်ပေးပါဦးလို့ သွားပြန်မေးကြည့်တော့ သူတို့ account department က မှားတာ ဆောရီးပါတဲ့...198 ဒေါ်လာပိုတွက်ထားလို့ ပြန်နှုတ်ပေးလိုက်တယ်.. ဆောရီးမလုပ်နဲ့ နင်တို့ မှားပုံက လင်မယားကွဲမယ့်ကိန်းပဲလို့ ။

singtel နဲ့မှ စောင့်ကြည့်ရဦးမှာပဲ...သူကောင်းတယ်ဆိုရင် ကောင်းကြောင်းလေး ချီးမွမ်းခန်းဖွင့်ဦးမှ။ လူ့စိတ်က မကောင်းတာကိုပဲအရေးလုပ်ပြောချင်တာ... ကောင်းတာလေးလဲ အရေးတယူ ချီးမွန်းတတ်တဲ့ အကျင့်လေးလုပ်ဦးမှ...(ကိုယ့်ကိုပြန်သတိပေးတာပါ)

ကဲ စိုင်းစိုင်းလိုပဲ သူများအကြောင်းလဲ မပြောတတ်ပါ.. စပ်မိစပ်ရာ ဘာညာကွိက...ဒီနေရာမှာ တခန်းရပ်မှ ဖြစ်တော့မယ်  တော်ကြာ မစ္စတာပီ တရေးနိုးလာလို့ ဘလော့ဂင်းနေတာမိသွားရင် မနက်စီးရမယ့် လေယာဉ်လက်မှတ်လေး အသက်နဲ့ခန္ဓာကိုယ် အိုးစားကွဲသွားနိုင်တယ်...အိပ်ချိန်မှာ မအိပ်ပဲ ဘလော့ထခိုးရေးနေလို့ ရန်ကုန်ပါ မပြန်လိုက်ရပဲ လေယာဉ်လက်မှတ်လေး ကြွသွားလိမ့်မယ်... ;(


Bye Bye .... See you next week....

Friday, October 22

အမှတ်တရ

ကွန်မန့်မှာ အစ်ကိုတယောက်က ပူးတေအလံအရောင်က အစိမ်းရောင်ဖြစ်ရမယ့်အစား အစိမ်းပုတ်ရောင်ကြီးဖြစ်နေလို့ သူပို့ပေးလာတဲ့ link ကနေပဲ အရောင်မှန်တဲ့ အလံအသစ်ကလေးကို ကူးပြီး ပြန်တင်ပေးလိုက်ပါတယ်နော်.... :)

ပူးတေအဖြစ်က အလံတောင် မလွှင့်ရသေးဘူး... နေစားပြီး အရောင်လွင့်နေပြီ...:D အမှန်ကနေစားတာတော့ မဖြစ်နိုင်ဘူး... မီးစားသွားတာ ထင်တယ်... ဟိ :)
ဒီမှာ ခုမှ လာပြီ Brand New Flag

နောက်ဆို ပူးတေမှာ မှားနေတာလေးတွေတွေ့ရင် ပြောပြကြပါနော်... ကျေးဇူးတင်ပါတယ်... အမှန်က ဒီသတင်း ဟုတ်မဟုတ်မသိခင်ထဲက Forward Email ရထားတာ။ သတင်းအတည်ဖြစ်တယ်ဆိုတော့မှ အဲဒီကနေ ကူးတင်လိုက်တာ။ :D မွှားတွားဒယ်... ပြောပြပေးတဲ့ ကိုမောင်အားကျေးဇူးအထူးတင်ပါတယ်ရှင်...


ဒီနေ့မနက်မှ ဘလော့တွေမှ အလံတွေ ကိုယ်စီနဲ့... ရှေ့တပတ်လောက်ကတော့ သတင်းလိုလို ကောလဟာလ လိုလိနဲ့ ကြားနေတာ... ဒီမနက်တော့ တကယ်ကြီး ဖြစ်သွားတာပေါ့နော်...

ဘာရယ်မဟုတ်ပါဘူး... ကိုယ့်မျိုးဆက်လေးတွေ လက်ထက်ကျရင် သူတို့မမြင်ဖူးတော့မယ့် မေမေတို့ ဖေဖေတို့ ဖိုးဖိုး၊ ဖွားဖွားတို့ လက်ထက်က

ဒီလိုမျိုးကနေ

ဒီလိုမျိုး

ကို ဒီနေ့ရဲ့ မနေ့က ပြောင်းလဲခဲ့ကြရတယ်လို့.... အမှတ်တရလေး ပြချင်ရုံ သက်သက်၊ သိမ်းထားချင်ရုံသက်သက်၊ မှတ်တမ်းတင်ထားရုံသက်သက်ပါပဲ....ရင်ထဲက ခံစားချက်တွေကတော့ သူတို့လေးတွေကိုပဲ ပြောပြဖြစ်တော့မယ်နဲ့ တူပါတယ်လေ...

ဒီတခေါက် ပြည်တော်ပြန်ဖြစ်ရင် မကြည့်ဖြစ်ခဲ့တာ အတော်လေးကြာပြီဖြစ်တဲ့ ရုပ်ရှင်ရုံမှာ တူတွေ တူမတွေ မောင်နှမတွေနဲ့အတူတူ ရုပ်ရှင်သွားကြည့်ကြမယ်လို့ သူတို့တွေကို ဂတိပေးထားသေးတယ်...


နာရီဝက်လောက် နောက်ကျပြီးမှ ရုံဝင်ရကောင်းမလား စဉ်းစားနေတယ်... :) ဟိ။  

ဒီနေရာလေးရဲ့ အပေါ်ကို select လုပ်ပြီး မဖတ်နဲ့ဦးနော်...:P  မမြင်သင့်တာတွေ မြင်ကုန်မှာစိုးလို့....:D