Sunday, December 19

ခွင့်တပါတ်လောက် ပေးပါရန်

Homesick ဖြစ်နေလို့ ခွင့်ရက်မရှိပဲ no pay leave တွေယူပြီး ရန်ကုန်ပြန်သွားပါတယ်.... တချို့တွေတော့ မျက်စိဆံပင်မွှေးဆူးနေပါတယ်...(အိမ်က မစ္စတာပီကြီးလေ... သူထိပ်ဆုံးကပေါ့။) သူမပါပဲ တယောက်ထဲပြန်လို့တဲ့....သူ့ကိုစောင့်ခိုင်းနေတယ်။ သူနဲ့အတူတူပြန်ဖို့တဲ့။ သူနဲ့လဲ ထပ်ပြန်မယ်...အခုလဲပြန်မယ်လို့...အခုမပြန်ရလို့ စိတ္တဇဖြစ်သွားရင် သူ့ကြောင့်လို့.... :)

ရန်ကုန်ရောက်ရင် လှိုင်မဟာစည်သွားပြီး ပူးတေတို့ လင်မယားနှစ်ယောက်စုထားတဲ့ ဟောဒီစုဗူးလေး

ထဲက ပိုက်ဆံနဲ့ ညီမျှတဲ့ မြန်မာငွေကို သွားလှူရမယ်...


ရွှေဒင်္ဂါးလေးတွေနဲ့ အရွက်တွေနဲ့ ဘယ်ဘက်တခြမ်းက ရန်ကုန်က လှိုင်မဟာစည်စုဗူးအတွက်... ညာဘက်ခြမ်းက ဓါတ်တော်တိုက်(စင်္ကာပူ)ကျောင်းအတွက်.... ဓါတ်တော်တိုက်အတွက်ကတော့ ပြန်လာမှပဲ စင်္ကာပူ ပိုက်ဆံတွေအတိုင်းပဲ သွားလှူလိုက်မယ်..ခုတော့ အချိန်မရတော့လို့....

သွားခါနီးလေး အချိန်မှီ နှုတ်ဆက်ပို့စ်လေးတင်လိုက်တာပါ...တခြားပုံတွေ upload လုပ်တာ ထပ်လုပ်လို့ မရတော့ဘူး... အိမ်က starhub လိုင်းလဲ ကြောင်နေပြီ... ပူးတေထင်တာ starhub ကလည်း user တွေသာများလာတယ်.. လိုင်းတွေထပ်မချဲ့ဘူးထင်တယ်... IT အကြောင်း ဘာမှတော့ နားမလည်ဘူး... ဒါပေမယ့် ၈၁ ကျပ်ကျော် ပေးထားရတဲ့ လိုင်းက လူ ၃ လောက်ပဲသုံးတယ်... အင်တာနက်လိုင်းလုံးဝမကောင်းဘူး... ခုလိုမျိုး စနေညတွေ သောကြာညတွေဆို အဆိုးဆုံးပဲ။ တခါတလေဆို အီးမေးလ်တောင် စစ်လို့မရလို့... ပူးတေရဲ့ restaurant story game ဆို လုံးဝဝင်လို့မရလို့ ဟင်းအိုးတွေ သိုးသိုးကုန်တာ အမြဲတမ်းပဲ.... နောက်လကျရင် singtel ပြောင်းထားတယ်... စောင့်ကြည့်ရမှာပဲ... starhub က customer service မှာလဲ complaint လာတဲ့သူတွေ အများကြီးပဲ... ပူးတေဆိုလဲ bill တွေမှားတာ သုံးလေးခါလောက်ရှိပြီ... မှားတိုင်းလဲ သူတို့ဘက်က မနာစေရဘူး... အမြဲပိုတွက်တာချည်းပဲ... ခုဆို လတိုင်းပူးတေမှာ bill ကို တကြောင်းချင်းလိုက်ဖတ်ပြီး လိုက်စစ်နေရတယ်... သွားပြီး complaint လုပ်တော့ သူတို့ရဲ့ IT system တွေကို upgrade လုပ်ထားလို့ ဒီ သုံးလေးလအတွင်းကတော့ သည်းခံပေးပါ... အမှားတွေပါမယ်တဲ့... ဟင် ဒါဆိုလဲ ငါတို့ကို ပိုက်ဆံတွေလျော့တွက်တဲ့အများမျိုးလေးလဲ ပါအောင်လုပ်ပါဦးလို့.... တခါဆို မစ္စတာပီရဲ့ ဖုန်းဘေလ်ကို 58 ဒေါ်လာစွန်းစွန်းပဲ ပေးရမှာ 250 ကျော်ကျနေလို့ ပူးတေက သူဘယ်သူ့တွေကို ခေါ်လဲဆိုပြီးရန်လုပ်တာ...starhub ကို စစ်ပေးပါဦးလို့ သွားပြန်မေးကြည့်တော့ သူတို့ account department က မှားတာ ဆောရီးပါတဲ့...198 ဒေါ်လာပိုတွက်ထားလို့ ပြန်နှုတ်ပေးလိုက်တယ်.. ဆောရီးမလုပ်နဲ့ နင်တို့ မှားပုံက လင်မယားကွဲမယ့်ကိန်းပဲလို့ ။

singtel နဲ့မှ စောင့်ကြည့်ရဦးမှာပဲ...သူကောင်းတယ်ဆိုရင် ကောင်းကြောင်းလေး ချီးမွမ်းခန်းဖွင့်ဦးမှ။ လူ့စိတ်က မကောင်းတာကိုပဲအရေးလုပ်ပြောချင်တာ... ကောင်းတာလေးလဲ အရေးတယူ ချီးမွန်းတတ်တဲ့ အကျင့်လေးလုပ်ဦးမှ...(ကိုယ့်ကိုပြန်သတိပေးတာပါ)

ကဲ စိုင်းစိုင်းလိုပဲ သူများအကြောင်းလဲ မပြောတတ်ပါ.. စပ်မိစပ်ရာ ဘာညာကွိက...ဒီနေရာမှာ တခန်းရပ်မှ ဖြစ်တော့မယ်  တော်ကြာ မစ္စတာပီ တရေးနိုးလာလို့ ဘလော့ဂင်းနေတာမိသွားရင် မနက်စီးရမယ့် လေယာဉ်လက်မှတ်လေး အသက်နဲ့ခန္ဓာကိုယ် အိုးစားကွဲသွားနိုင်တယ်...အိပ်ချိန်မှာ မအိပ်ပဲ ဘလော့ထခိုးရေးနေလို့ ရန်ကုန်ပါ မပြန်လိုက်ရပဲ လေယာဉ်လက်မှတ်လေး ကြွသွားလိမ့်မယ်... ;(


Bye Bye .... See you next week....

12 comments:

ZT said...

စားစရာ သောက်စရာတွေ ဓာတ်ပုံများများ ရိုက်လာခဲ့ပြီး မခင်ဦးမေတို့ ကိုတီဇက်အေ တို့ကို အမှီလိုက်တင်ပါ။ :)

ဧပရယ်လ်ပူး@ပူးတေ said...

:) ဘယ်လိုအမှီလိုက်လိုက် မှီနိုင်မယ်မထင်တော့ဘူး... တပတ်ထဲလေ... :(

ခြင် said...

စင်းတဲ လဲ ပိုဆိုး... ပူးတေရေ.... နာမည်ကြီးပဲ
စတားဟတ်နဲ့လဲ တချိန်းချိန်း.... ရန်ဖြစ်နေရတယ်.... အဟီး.... ကင်းမှမကင်းနိုင်တာလေ...

ကိုဇော် said...

မုန့်ဝယ်လာခဲ့...

khin oo may said...

မှီပါတယ်။ ရိုက်ချင်တာသာရီုက်ပြီးရေးချင်တာသာရေး

တို့အိမ်က singtel အတော်လေးအဆင်ပြပါတယ်။ ဘာမှ မဖြစ်ဘူး။

rose said...

Have a nice trip!! ပူးပူး... မြန်မာပြည် အလွမ်းပြေ မြန်မာအစားအစာ ပုံလေးတွေ ပြန်လာရင် တင်ပါဦးနော်။ မျှော်နေမယ်။ အဆင်ပြေပါစေ။

ညိမ်းနိုင် said...

ဟုတ်တယ်..။starhub နဲ့ ၂ခါ၊၃ခါ ရှိပြီ ရန်ဖြစ်ရတာ...။
ဒီရောက်ကတည်းက ယူတာပဲ အစက ဘာမှဖြစ်ဘူး..။
ခုနောက်ပိုင်းမှသာ....။မြန်မာပြည်က ပြန်ရောက်ရင်
မြန်မာပြည်အကြာင်းလေးတွေ ရေးပေးပါဗျာ..။
မပြန်နိုင်တဲ့သူတွေ အတွက် အလွမ်းပြေပေါ့...။
ပျော်ရွင်ကြည်နူးဖွယ် အိမ်အပြန်လမ်းလေး ဖြစ်ပါစေဗျာ..။

Anonymous said...

ညီမ ပူးတေ ရေ

ပျော်ရွှင် စရာ ခရီးလေး ဖြစ်ပါစေ ညီမ တို့ အလှူလေး အတွက်လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ်

ချစ်တဲ့
အမရွှေစင်

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်မှာ စိတ်ချမ်းသာ ပျော်ရွှင်ခဲ့ပါစေ ပူးတေလေးရေ...
အလှူအကြောင်းလေးကြိုတင် ပလင်န်ချထားတာဖတ်ပီး စိတ်ကြည်နူးမိတယ်
သိပ်တော်တာဘဲ...
စားချင်တာအ၀စား၊ သွားချင်တဲ့နေရာတွေ ရောက်အောင်သွားပြီး ပြန်လာခဲ့နော်...
ပျော်ရွှင်ပါစေ

sosegado said...

အလှူ အတွက်သာဓုခေါ်ပါတယ်
အပြန်ခရီးတွင် တွေ့ဆုံချင်သောသူများနဲ့ တွေ့နိုင်ပါစေ။

သုခုမလေဒီ said...

ဖြစ်ရမယ် ပူးတေတို့များ မပြန်ခင် ဘလော့တင်နေသေး တယ်..း))
အလှူတွေများများလုပ်နိုင်ပါစေ ပူးရေ..
အလှူလုပ်ရင်လည်း ဖိတ်နော်း))

blackroze said...

ရန်ကုန်ရောက်ရင် YKKO ကကြေးအိုး
စားခဲ့ပါနော်...