Friday, October 22

အမှတ်တရ

ကွန်မန့်မှာ အစ်ကိုတယောက်က ပူးတေအလံအရောင်က အစိမ်းရောင်ဖြစ်ရမယ့်အစား အစိမ်းပုတ်ရောင်ကြီးဖြစ်နေလို့ သူပို့ပေးလာတဲ့ link ကနေပဲ အရောင်မှန်တဲ့ အလံအသစ်ကလေးကို ကူးပြီး ပြန်တင်ပေးလိုက်ပါတယ်နော်.... :)

ပူးတေအဖြစ်က အလံတောင် မလွှင့်ရသေးဘူး... နေစားပြီး အရောင်လွင့်နေပြီ...:D အမှန်ကနေစားတာတော့ မဖြစ်နိုင်ဘူး... မီးစားသွားတာ ထင်တယ်... ဟိ :)
ဒီမှာ ခုမှ လာပြီ Brand New Flag

နောက်ဆို ပူးတေမှာ မှားနေတာလေးတွေတွေ့ရင် ပြောပြကြပါနော်... ကျေးဇူးတင်ပါတယ်... အမှန်က ဒီသတင်း ဟုတ်မဟုတ်မသိခင်ထဲက Forward Email ရထားတာ။ သတင်းအတည်ဖြစ်တယ်ဆိုတော့မှ အဲဒီကနေ ကူးတင်လိုက်တာ။ :D မွှားတွားဒယ်... ပြောပြပေးတဲ့ ကိုမောင်အားကျေးဇူးအထူးတင်ပါတယ်ရှင်...


ဒီနေ့မနက်မှ ဘလော့တွေမှ အလံတွေ ကိုယ်စီနဲ့... ရှေ့တပတ်လောက်ကတော့ သတင်းလိုလို ကောလဟာလ လိုလိနဲ့ ကြားနေတာ... ဒီမနက်တော့ တကယ်ကြီး ဖြစ်သွားတာပေါ့နော်...

ဘာရယ်မဟုတ်ပါဘူး... ကိုယ့်မျိုးဆက်လေးတွေ လက်ထက်ကျရင် သူတို့မမြင်ဖူးတော့မယ့် မေမေတို့ ဖေဖေတို့ ဖိုးဖိုး၊ ဖွားဖွားတို့ လက်ထက်က

ဒီလိုမျိုးကနေ

ဒီလိုမျိုး

ကို ဒီနေ့ရဲ့ မနေ့က ပြောင်းလဲခဲ့ကြရတယ်လို့.... အမှတ်တရလေး ပြချင်ရုံ သက်သက်၊ သိမ်းထားချင်ရုံသက်သက်၊ မှတ်တမ်းတင်ထားရုံသက်သက်ပါပဲ....ရင်ထဲက ခံစားချက်တွေကတော့ သူတို့လေးတွေကိုပဲ ပြောပြဖြစ်တော့မယ်နဲ့ တူပါတယ်လေ...

ဒီတခေါက် ပြည်တော်ပြန်ဖြစ်ရင် မကြည့်ဖြစ်ခဲ့တာ အတော်လေးကြာပြီဖြစ်တဲ့ ရုပ်ရှင်ရုံမှာ တူတွေ တူမတွေ မောင်နှမတွေနဲ့အတူတူ ရုပ်ရှင်သွားကြည့်ကြမယ်လို့ သူတို့တွေကို ဂတိပေးထားသေးတယ်...


နာရီဝက်လောက် နောက်ကျပြီးမှ ရုံဝင်ရကောင်းမလား စဉ်းစားနေတယ်... :) ဟိ။  

ဒီနေရာလေးရဲ့ အပေါ်ကို select လုပ်ပြီး မဖတ်နဲ့ဦးနော်...:P  မမြင်သင့်တာတွေ မြင်ကုန်မှာစိုးလို့....:D

22 comments:

သံလွင် HeRo said...

အလေးလာပြုတယ်ဗျး)

ကောင်းမွန်ဝင်း said...

အလံသစ်
(အလစ်သန်)
အလံပြောင်း
( )
တစ်ခုမှ မကောင်း။
စကားလိမ်ပြန်ဆိုကြည့်ရင်ပြောတာပါ။

sosegado said...

တိုင်ဝမ်က သူတို့ အလံနဲ့ အဝေးကကြည့်ရင် မမှားအောင် ပိုက်ဆံပေးပြောင်းခိုင်းလိုက်တာ.းD
လူတွေပြောင်းဘို့ အရေးကြီးတာ။

SHWE ZIN U said...

ညီမ ပူးတေ ရေ

မမထဲမှာ ညီမ အသစ် က မတက်ဘူး ဖြစ်နေတယ် လင့်ခ်ပြုတ်နေလား မသိဘူး ပြန်ကြည့်လိုက်အုန်းမယ် နောက်ပြီး ညီမ ပြန်လာရင် ရုံထဲကို ၁၅ မိနစ်လောက်နောက်ကျဝင်လည်း ရတယ်တဲ့

ခင်တဲ့
မမရွှေစင်

မြူးမြူး said...

အလံအသစ်ကြီးက မီးပွိုင့်ကြီးနဲ့တူတယ်.. လုံးဝမကြိုက်ဘူး..

မိုးခါး said...

:P
အိမ်မပိုင်ရင် ဂေါ်လီ မလုပ်နဲ့လေ .. :P

ကြည့်ရတာတော့ ကိုယ်မြင်နေကျ ကျောင်းမှာဆိုလည်း သင်ရတဲ့ ကိုယ်နားလည်ပြီးသား အလံတော်ကိုပဲ အဓိပ္ပါယ်ရှိပြီး ခန့်ငြားနေသလို ထင်မိတော့တာပဲ .. ဟင်းးးးး

လသာည said...

အေးကွာ ပူးတေလေးရာ။ အလံမှာ ရဲ့ရင့်ခြင်းနဲ့ ငြိမ်းချမ်းခြင်းအရိပ် မရှိတော့သလို ဟာတာတာကြီးခံစားရတယ်..

ချစ်ကြည်အေး said...

ခံစားရတယ် :(

ညိမ်းနိုင် said...

ဆလပ် မလုပ်နဲ့ဆိုလို့ ဆလပ်တင်မက ဂေါ်ဖီပါလုပ်ဖတ်
လိုက်တယ်...:D။
အဲ့အလံသစ်ကို ဘယ်လိုမှ ကြည့်မရဘူးဗျာ...။

သုခုမလေဒီ said...

အရင်အတိုင်းပဲ ကောင်းပါတယ်....

ကိုဇော် said...

အဲဒီလို လူတွေရဲ့ အကြောင်းကို ကြိုသိလို့ အခုကတည်းက ရုပ်ရှင်ရုံတွေမှာ ၅ မိနစ် တစ်ခါနှုန်းနဲ့ နိုင်ငံတော် အလံသစ်ကို လွှင့်ထူစေလို့ မနေ့ကတည်းက အမိန့်စာက ပါလာပြီးသားတဲ့။
ကဲ . . .ဘယ်လိုလုပ်မလဲ။

T T Sweet said...

ပူးပူးရေ
ငယ်ငယ်က ကျက်ခဲ့ကြတာလေး သတိရသွားတယ်။

အရွယ်တူကြယ်ဖြူ၁၄လုံး
တိုင်းနဲ့ပြည်နယ် ၁၄ခု
အနီရောင်သည် ရဲရင့်ခြင်း၊
အပြာရောင်သည် ငြိမ်းခြမ်းခြင်း၊
အဖြူရောင်သည် ဖြူစင်ခြင်း၊
စပါးနှံသည် လယ်သမား၊
စက်သွားသည် အလုပ်သမား၊

ခုတော့ ရာဇ၀င်ထဲမှ ထားရစ်ခဲ့ကြ ....

blackroze said...

ွှအရင်အလံကထိုင်ဝမ်အလံနဲ့ခပ်ဆင်ဆင်ရယ်..
ခုတော့လုံးဝကွဲသွားတာပေါ့လေ...
အလံသာပြောင်းပြီးလူမပြောင်းတော့
ခက်တယ်..အလံမပြောင်းဘဲလူပြောင်းသင့်တာ :P

mg said...

လူ့သဘာဝအရ ငယ်ငယ်တည်းက မြင်ဖူးခဲ့တဲ့ အရာကိုပဲ စွဲလမ်းတမ်းတတတ်တဲ့သဘောပါပဲ...အသစ်ကိုတွေ့ပေမယ့် အဟောင်းကို မမေ့နိုင်တာ သဘာဝပါပဲ...သို့သော်လည်း ကြာလာတာနဲ့အမျှ အသစ်နဲ့ရင်းနှီးကျွမ်းဝင်သွားတာကြည့်ပါပဲ...အခု အလံသစ်ရဲ့ ကြယ်ဖြူတစ်လုံးက ပိုပြီးတော့တောင် စည်းလုံးတဲ့သဘော တစ်ထပ်တည်းကျနေတဲ့သဘောတောင် ဆောင်နေတယ်...ပြည်နယ်တွေ တိုင်းတွေ တစ်ခုချင်းစီ အရင်လိုခွဲခြားပြီး ကြယ်ဖြူ ၁၄ လုံး မထည့်တော့ပဲ အားလုံးက အတူတူပဲ တစ်စည်းတစ်လုံးထဲမှာရှိနေတယ်ဆိုတဲ့ ကြယ်လေးတစ်လုံးထည့်ထားတာက ပိုပြီးသဘာဝကျပါတယ်...ဒါကမှ ပြည်ထောင်စုကြီးတစ်ခုအဖြစ် တစ်ခုတည်း တစ်စုတစ်စည်းတည်း တည်ရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်...

အရောင်နဲ့ပတ်သတ်ရင်လည်း အ၀ါရောင်ဆိုလည်း ဘာသာ သာသနာထွန်းလင်းတောက်ပြောင် ပြန့်ပွားနေဖို့တွက်နဲ့ပညာအရည်ချင်း တိုးတတ်ဖို့ ရည်ရွယ်သလို အနီဆိုတာကလည်း အရင်လိုပါပဲ ရဲရင့်ခြင်းပါပဲ...အစိမ်းရောင် ဆိုတာကလည်း အရင်လံဟောင်းက စပါးနှံတွေဖြစ်တဲ့ တောင်သူလယ်သမားတွေကို ကိုယ်စားပြုသလိုပါပဲ ဆန်ရေ စပါး ပေါများကြွယ်ဖို့ဆိုတဲ့ အဓိပါယ်ချင်းအတူတူပါပဲ...

ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အလံအသစ်ပြောင်းတာက နိုင်ငံတွက် အရေးမကြီးသေးပါဘူး...အရေးကြီးတာက လူတွေရဲ့ စိတ်ဓာတ်တွေပြောင်းလဲဖို့နဲ့ နိုင်ငံတော်ကြီးအစဉ်အမြဲ ဖွံ့ဖြိုးတိုးတတ် ငြိမ်းချမ်းနေဖို့နဲ့ ပြည်သူတွေရဲ့ရသင့်ရထိုက် ရှိသင့်ရှိထိုက်တဲ့ အခွင့်ရေးတွေ တန်းတူရရှိနေဖို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့ပါပဲ...

အခုတင်ထားတဲ့ အလံသစ်ပုံစံက အလယ်က အစိမ်းပုတ်ရောင်မဟုတ်ပါဘူး...အလံသစ်ပုံစံအမှန်က ဒီလိုပါ-

http://3.bp.blogspot.com/_jHi5XTy_jrY/TMDC36RFliI/AAAAAAAAASg/6wgpfjzK1i4/s1600/mm-2007a.gif

mg said...

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံသမိုင်း ခေတ်အဆက်ဆက်က ပြောင်းလဲအသုံးပြုပုံကို နောက်မျိုးဆက်သစ်တွေကို ပြောပြနိုင်ရင် ပိုကောင်းပါလိမ့်မယ်...ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံက ၁၉၇၄ ဦးနေ၀င်း လက်ထပ်က သုံးစွဲခဲ့တဲ့ အလံတစ်ခုတည်း သုံးစွဲခဲ့တာ မဟုတ်သောကြောင့်ပါ...

http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs459.ash2/73269_1210964890258_1712826780_414305_140089_n.jpg

ဧပရယ်လ်ပူး@ပူးတေ said...

လာလည်သွားကြတဲ့ အစ်ကို အစ်မ မောင် ညီမများ ဘလော့မိတ်ဆွေ အားလုံးကျေးဇူးပါနော်...

mg @ လာလည်သွားပြီး ကွန်မန့်တွေ သေချာပေးသွားတဲ့ အတွက်လဲ ကျေးဇူးပါရှင်။

အလံအရောင်က အတည်မဖြစ်ခင်ထဲက forward mail ထဲက ရတဲ့ အတိုင်းသုံးလိုက်မိလို့ အရောင်မှိန်နေပါတယ်... အလံ အရောင်အမှန်လေးကို ညွှန်ပြပေးတဲ့ အတွက် ကျေးဇူးပါ။ ပူးတေအလံက အစိမ်းရောင်တခုပဲ မှိန်နေတာမဟုတ်ပါဘူး... အားလုံးမှန်နေပါတယ်... ပြင်လိုက်ပါ့မယ်....


နောက် ဒီလင့် http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs459.ash2/73269_1210964890258_1712826780 ကတော့ ပူးတေလုံးဝကို ဖွင့်လို့မရပါဘူး.... The webpage cannot be found လို့ပဲ ပေါ်ပေါ်နေလို့ ဘာရေးမှန်းမသိပါဘူး....နိုင်ငံရဲ့ သမိုင်းကြောင်းတခုဆိုရင်တော့ တကယ်ပဲ ဖတ်ကြည့်ချင်ပါတယ်။

ပူးတေတို့မှီခဲ့တာတော့ ဒီအလံတခုထဲပါပဲ။ အဖေတွေ အမေတွေကတော့ မှီမယ်ထင်ပါတယ်... ပူးတေက ၈၀ ခုနှစ်နောက်ပိုင်းမှ မွေးပါတယ်။ တကယ်လဲ ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်း၊ နိုင်ငံသမိုင်း၊ အလံတော်သမိုင်းအားလုံးကို သေချာမသိပါဘူး။ ၁၉၇၄ မပြောနဲ့ ၁၉၈၀-၈၈ အထိအကြောင်းရာတွေလဲ သေချာမမှတ်မိပါဘူး... ရှေ့လူတွေ ပြောသလောက်နဲ့ ကြားဖူးနားဝလောက်ပဲ သိထားလို့ ကောင်းတယ် ဆိုးတယ်လဲ မဝေဖန်ချင်ပါဘူး။

ကျန်တာတော့ ပူးတေအနေနဲ့ ဘလော့ပေါ်မှာ အမှတ်တရ သိမ်းထားချင်တဲ့ အတွက် မှတ်တမ်းတင်ထားခဲ့တာပါ။ အဲဒီနေ့က စိတ်ကူးရသွားတာတော့ ရွေးကောင်ပွဲပြီးသွားလို့ ပါတီတခုခုက အာဏာရသွားခဲ့ရင်လဲ သူတို့လဲ ကိုယ်ပိုင်အလံပြောင်းရင် ဆိုတဲ့ အတွေးလေးဝင်ရသွားခဲ့လို့ ငါ့ဘလော့လေးမှာ အမှတ်တရ သိမ်းထားမယ်လို့ စိတ်ကူးရပါတယ်....

ခုလို ပြန်လည်ဖြေဆိုတာလဲ စေတနာနဲ့ ထောက်ပြမှန်းသိလို့ ကျေးဇူးတင်လို့ပါ။ တခြားအငြင်းပွားသူတွေထပ်ရောက်လာပြီး အငြင်းပွားစရာတွေ ထပ်ဖြစ်လာမှာကိုလဲ စိုးရိမ်မိလို့ပါ။ ခု ကွန်မန့်ကလဲ အငြင်းပွားဖို့ ရေးတာ မဟုတ်ကြောင်း ထပ်လောင်းပြောပါရစေရှင်။ ကျေးဇူးအထူးတင်ပါတယ်...

ဧပရယ်လ်ပူး@ပူးတေ said...

အလံအရောင်က အတည်မဖြစ်ခင်ထဲက forward mail ထဲက ရတဲ့ အတိုင်းသုံးလိုက်မိလို့ အရောင်မှိန်နေပါတယ်... အလံ အရောင်အမှန်လေးကို ညွှန်ပြပေးတဲ့ အတွက် ကျေးဇူးပါ။ ပူးတေအလံက အစိမ်းရောင်တခုပဲ မှိန်နေတာမဟုတ်ပါဘူး... အားလုံးမှန်နေပါတယ်... ပြင်လိုက်ပါ့မယ်....

စာလုံးပေါင်းမှားသွားလို့ပါ.... အာလုံးမှန်နေပါတယ်နေရာအစား အားလုံးမှိန်နေပါတယ်လို့ ပြောင်းဖတ်ပေးပါနော်....

ကျေးဇူးအထူး

:)

အဖြူရောင်နတ်သမီး said...

tအသစ်တွေ ဘယ်လိုပြောင်းပြောင်း...
ငယ်ငယ်တုန်းက ကျောင်းဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ ကြယ်ဖြူ(၁၄)လုံးနဲ့အလံသမိုင်းက ခေင်းထဲမှာစွဲနေပြီ...
ဖျောက်လို့မရတော့ဘူး...

mg said...

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က သုံးစွဲခဲ့ဖူးသော အလံတွေကို ပြောတာပါ...နောက် လူငယ်တွေသိအောင် မြန်မာနိုင်ငံမှာ သုံးစွဲခဲ့ဖူးသော အလံတွေကို ပြချင်ရင် ပြောပြချင်ရင် ပုံလေးတွေ ပြောပြနိုင်အောင်လို့ မိမိကွန်ထဲမှာ သိမ်းထားနိုင်ရင် ကောင်းမယ်ထင်လို့ မရှိသေးရင်ပေါ့...

ကျွန်တော်တို့လည်း မမှီခဲ့ပါဘူး ဒါပေမယ့် မိမိထက်ငယ်ရွယ်သော ၈၈ နောက်ပိုင်း လူငယ်တွေကို အလံအကြောင်းတွေ ပြောချင်ရင် ပြချင်တယ်ဆိုရင် ငါတို့နိုင်ငံမှာ ခေတ်အဆက်ဆက်က ဒီအလံတွေ သုံးခဲ့ဘူးတယ်ဆိုတာကို ပြောပြနိုင်အောင်အတွက် သိမ်းဆည်းထားမယ်ဆိုရင် ပိုကောင်းမယ်ထင်လို့ပါ....

လင့်က အကုန်လုံးကို ကော်ပီမကူးမိလို့ The webpage cannot be found ဖြစ်နေတယ် ထင်ပါတယ်... ညီမ ပြန်ရေးပေးတဲ့ လင့်မှာ အကုန်ကူးမထားဘူး...နောက်မှာ ကျန်သေးတယ်...အကုန်ကူးပြီး ပြန်ကြည့်ဖို့ ကြိုးစားကြည့်ပါအုံး...



http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs459.ash2/73269_1210964890258_1712826780_414305_140089_n.jpg

ahphyulay said...

အင်း..
အလံ ပြောင်းတဲ့ ကိစ္စကတော့  လိုင်းပေါ်မှာပလူပျံသလို
ဟိုမှာလဲပလူပျံနေပြီလေ။ သူတို့ ကိုမုန်းပြီး၊ လက်မခံချင်
တာနဲ့  အလံကိုပ်ရွံ လာတော့ တာမဟုတ်လား၊
တစ်ခု ပြောချင်တာက ကျွန်တော်လို အနုတ်စုတ်စုတ်
ဂုတ်စုတ်စုတ်အကောင်ကို မမာနေတဲ့ အကိုကြီးက လာနှုတ်ဆက်သွား
တာကိုပဲ ..အခုချိန်ထိ ဖြေလို့ မရခဲ့ သေးပါဘူးဗျာ။
အမှန်က ကျွန်တော်က သွားရမှာလေ...။
စိတ်မကောင်းတော့ ပါဘူးဗျာ..။
အမြဲပဲ တွေးမိနေတော့ မှာပါ။

ရွှေရတုမှတ်တမ်း said...

တသောင်းတန်တာက ဒေါင်းအောင်လံ ဗျ...
တလုံးကြယ်က အမုန်းတယ်များသကို......

blackcoffee said...

ကျွန်တော့် စိတ်ထဲ အရင် အလံလေးဘဲ ကောင်းတယ် ထင်တာ ပါဘဲ...