Wednesday, January 6

မေးမယ်နော်...

ရုံးမှာ ဒီနေ့နဲနဲအားနေတာနဲ့ ပို့စ်အတိုလေး တပုဒ်လောက်တော့ တင်လို့ရမယ်ဆိုပြီး သူများဘလော့တွေ လျှောက်ဖတ်ရင်းနဲ့ ကိုသီဟသစ်ရဲ့  Quiz ဆိုတဲ့ ပို့စ်တွေ သွားဖတ်ဖြစ်တယ်။ ဒါနဲ့ ပူးတေလဲ ကိုယ်ငယ်ငယ်က ပူးတေ အစ်ကိုတွေ မောင်တွေ လာလာပြီး ပူးတေကို မေးတဲ့ မေးခွန်းတေါထဲက မှတ်မိတာလေးပြန်တင်မလို့ Idea ရသွားတယ်။ ဖြေသွားကြဦးနော်။ :D


တခါကတဲ့ ကလေးတစ်ယောက်က ပုခက်ထဲမှာ။ အမေက မအားလို့ ကလေးရဲ့  ပထွေးက ကလေးကို သီချင်းဆိုပြီး ပုခက်လွှဲ သိပ်နေရတယ်တဲ့။ အဲဒီ ဆိုနေတဲ့ သီချင်းစာသား သို့မဟုတ် သီချင်းနာမယ်က ဘာဖြစ်မလဲပေါ့။ :)

ကိုသီဟသစ်လို white colour နဲ့ အဖြေ မရေးထားသေးဘူးနော်။ ရေးလိုက်ရင် လူတွေက အဖြေတွေကို ဖတ်ဖတ်သွားလို့။ မစဉ်းစားတော့ဘူး။  (ပူးတေလဲ တူတူပဲ။ :D)

သီချင်းကို စဉ်းစားတဲ့ feeling လေး ခံစားစေချင်လို့ပါ။

ဘလော့ကို ဘယ်သူမှာ မလာတဲ့အချိန်နဲ့ တိုးနေပြီး ဖြေမယ့်လူမရှိမှ အရှက် ဟက်တက်ကွဲနေဦးမယ်။ :)

တတ်နိုင်ဘူးလေ။ ကိုယ်ကလဲ ဒါမျိုးဆို ချက်ချင်းမဖြေချင်တဲ့ ငယ်ငယ်က ငြင်ကလဲ မပျောက်သေးဘူးလေ။ :D

3 comments:

Pwint Myue Zin said...

Doe thway lae ma hote.. doe thar lae ma hote.. ......

နွေးနေခြည် said...

haha
မမမြူး တော်လိုက်တာ...
တို့သွေးလည်းမဟုတ်၊ တို့သားလည်းမဟုတ်၊ တို့အမျိုးလည်းမဟုတ်တယ်

ဧပရယ်လ်ပူး@ပူးတေ said...

:)
ဟီး
အားလုံးမှန်ပါတယ်ကွယ်...