Friday, January 8

မေလေး နှင့် သူငယ်ချင်း မိတ်ဆွေ ဘလော့ဂါအားလုံးသို့

မေလေး  နှင့် သူငယ်ချင်း မိတ်ဆွေ ဘလော့ဂါအားလုံးသို့


စနေနေ့ည လာအိပ်မယ့်လူ ဘယ်နှစ်ယောက် (မေလေးတော့ လာအိပ်ရမယ်နော်.. မေလေးကိုကို စိတ်မချရင် သူ့ပါခေါ်ခဲ့)
စနေနေ့ည လာမအိပ်ပဲ ညစာပဲစားပြီး ပြန်မယ့်လူ ဘယ်နှစ်ယောက် (ထမင်းချက်ထားဖို့နော်။ မေလေးက ဂဏန်းဝယ်လာနော်။ ပူးတေ ပိုက်ပိုက် ပြန်ပေးပါ့မယ်.... :)  ပူးတေကအိမ်မှာ ဆိတ်သားအာလူးရယ်၊ ကင်ပွန်းချဉ်ရွက်ဟင်းရယ်၊ ငပိရည်ကျိုထားမယ်။ ပုဇွန်ချဉ်သုတ်စားချင်ရင် ရန်ကုန်က ပုဇွန်ချဉ်တွေရှိတယ်။)
တနင်္ဂနွေ မနက်လာမယ့်လူစာရင်း သိချင်တယ်... (ဝယ်ဖို့ချမ်းဖို့ ချက်ဖို့ပြုတ်ဖို့)
ဘလော့ သူငယ်ချင်းအားလုံးကို forward လုပ်ပေးပါ။
ပြီးတော့ မေလေး သူတို့ကို မေးပြီးတော့ ဖြေပေးပါ။
နာမယ် မပါတဲ့ လူတွေကိုလဲ ဖိတ်တယ်လို့ ။ လူများလို့ အားလုံးကို မမှတ်မိတာပါလို့။

မမပြာ
မက်မက်
နောင့်နောင့်
နွေးနေခြည်
သဲသဲ
မမေသူ
မိုးခါး
မမအိန်ဒါ

(ဘယ်သူတွေကျန်သေးလဲ တိတော့ဘူး။ ရုံးကနေ ရိုက်နေလို့ စဉ်းစားချိန်မရတာ ငါးဆယ်ပေးပါလို့)- နားလည်ပေးပါ။ နာမယ်မပါလဲ လာရမယ်နော်...

ကိုတီဟသစ်
ကို ဖိုးစိန်
ကို ရီနို
သံလွင်
ကို ဘို(မိုးကုတ်)
ဓါတ်ပုံရိုက်တဲ့ အဖွဲ့ နာမယ်တွေ ရောနေတယ်... (ပိန်ပိန်လေးရယ် ဆောတီး ဆောင်းချမ်းမိုးကိုပြောတာ..နောက် ဘယ်တူတွေလဲ ပြောပါဦး )

မမြင်ဖူးတဲ့ ဘလော့ဂါများကိုလဲ ဖိတ်ချင်ပါတယ်...

ဥပမာ...
ကိုဇက်တီ
မမကွန်

etc.
မြူးမြူးကိုလဲ Forward လုပ်ပေးနော်.. သူ့မေးလ် ပူးတေမှာ အချိဘူး။ တခြားလူတွေ မေးလ်လဲ အစုံမချိဘူး။ ကူညီနော်...

ဘလော့ဂါတွေ အလှူတုန်းကလို ဖိတ်စာလေးလဲ လုပ်ချင်တာ။ လုပ်တတ်ဘူးလေ။ :(


အားလုံးကို ခင်တဲ့

ပူးတေ


အလှူ Title: ပူးတေနဲ့ မစ္စတာပီ ROM မှာ လက်မှတ်ထိုးတာ ၁ နှစ်ပြည့် အထိမ်းအမှတ်ရယ်.. မစ္စပီရဲ့  ပုလဲရတုမွေးနေ့ အမှတ်တရ.. အိမ်က ရန်ကုန်က ပင့်လာတဲ့ ဘုရားတွေ အနေကဇာမတင်ရသေးတာတွေကို အနေကဇာတင်ရင်း
အားလုံးတိုက်ဆိုင်သွားလို့ မိတ်ဆွေတွေကို ပူးတေတို့နဲ့ အတူ တပျော်တပါး စားသောက်ဖို့ ဖိတ်ကြားရတာပါ။

တရားနာကြွချင်ရင်လဲ ဖိတ်ခေါ်ပါတယ်လို့... အာရုံဆွမ်းနော်... မနက် ၆နာရီခွဲလောက် ဘုန်းဘုန်းကြွမှာ။
မေလေးက ဘုန်းဘုန်းတို့ အတွက် ကြာဇံကောင်းကောင်းကြော်ပေးမယ်ဆိုလို့ စောင့်နေမှာနော်...


လိပ်စာ..
ကန်စွန်းရွက်နဲ့ ပေါက်ပေါက် :)


(နေ့လည်က မေလေးဆီ ရုံးကနေခိုးပို့ထားတဲ့ အီးမေးလ်လေးကို နဲနဲပါးပါး ထပ်ဖြည့်စွက်ပြီးတော့ ဘလော့ပို့စ်အနေနဲ့ရော၊ ဖိတ်စာအနေနဲ့ရော တင်လိုက်ပါတယ်နော်။)
အားလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံတွေ့ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တနင်္ဂနွေနေ့အလှူကို breaking news အနေနဲ့ လာတဲ့ သူငယ်ချင်းတွေကို အချိန်နဲ့ တပြေးညီ ပူးတေ ဘလော့လေးမှာ တင်ပြပေးဖို့ စိတ်ကူးရှိပါတယ်။ တင်ဖြစ်မတင်ဖြစ်ကတော့ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်နေပါတယ်။ ဥပမာ- ဧည့်သည်တွေများနေတုန်း အခန်းထဲဝင်ပြီး ဘလော့ဂင်းနေပြီး ဧည့်မခံပဲ သူ့တယောက်ထဲ ဧည့်သည်တွေနဲ့ ထားခဲ့ရင် မစ္စတာပီကြီးက ပူးတေကို ဆူပါလိမ့်မယ်... :(
ဒါဆို ပူးတေ breaking မ news နိုင်တော့ပါဘူး။

10 comments:

မေလေး said...

ဘုတ်ဒေါ လန့်ထှာ
နာမည်ကြီးတွေ့လို့ ပြေးလာတာ
ပူးတေးလ်ကတော့လုပ်ပီ :D

သီဟသစ် said...

ညီမ ပူးတေရေ

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်အောင်မြင်သော မိသားစုဘ၀လေး တည်တံ့ပါစေ..

နှစ်တိုင်းပွဲတွေလုပ်နိုင်ပါစေ :)

ခင်မင်စွာဖြင့်
သီဟသစ်

WWKM said...

ပျော်စရာကြီး..း))
ဘလော့ဂါမောင်နှမတွေ များစွာနဲ့ ပျော်ရွှင်နိုင်ပါစေ ညီမရေ...

မိုးခါး said...

နှစ်တိုင်းနှစ်တိုင်း နှစ်ပတ်လည်တွေ ကျင်းပပြီး ပျော်ရွှင်နိုင်ပါစေ ပူးပူးတေတေ ရေး))

လာခဲ့မယ်
အ၀စားမှာ (အ၀မှာ မဟုတ်ပါ :P)

ဆောင်းနှင်းရွက် said...

လိပ်စာ ဘယ်မှာလဲ ....
Woodlands ဆို သဲ နဲ့ နီးနီးလေးးး

မနက်ဖြန် မနက် ဘုန်းကြီး အတွက်
လာကူလုပ် မလို့
ဘယ်လို လာ ရမှာလဲ ...

လောလောဆယ်
ဖုန်းကဒ် ထဲ မှာ လည်း
ပိုက်ပိုက် ကုန် နေလို့
ဆင်းဝယ် ရအုံးမယ် ...

ဖုန်းကဒ်ဝယ်ပြီးရင်
ဆက်စပ် မေးမြန်းပြီးးး
လာခဲ့မယ် ....

khin oo may said...

happy anniversary!

khin oo may said...

HAPPY BIRTHDAY!

ZT said...

အခုမှတွေ့တယ်။ ဆောရီး ။ :)

စည်သူ said...

ခုမှတွေ့တယ်ဗျာ..

အိမ်ပြန်နေလို့ပါဗျာ.. ကဗျာလေးကို ရေးပေးမယ်နော်.. ကျွန်တော်တော့ အလွတ်ရနေတယ်

မကြက်မ မကြက်မ
ဘဲဥလေးတွေသူဝပ်ရ
သူဝပ်ရတဲ့ဘဲဥတွေ
အကောင်လေးတွေပေါက်လို့နေ..

ဘဲကလေးတွေပုကွကွ
သူ့မှာချစ်လိုက်ရ
ဘဲကလေးတွေပုကွကွ
သူ့မှာချစ်လိုက်ရ
တွေ့မြင်သမျှသတ္တဝါတွေ
အမုန်းပွားလို့ရန်ဆောင်နေ
ဘဲကလေးတွေအိပ်ဖို့အရေး
အတောင်နဲ့အုပ်ကာပေး..

သူ့သွေးမဟုတ်တဲ့ဘဲကလေးတွေ
ကျေးဇူးကန်းကြပေ
နှစ်တွေလတွေကြာရင်ဖြင့်
ကြက်မကြီးကို ပစ်ခါပြေး..။

ကိုလူထွေး said...

ခဏပြန်ပေါ်လာပြီး ပျောက်သွားပြန်ပြီလား...

းဝ)