ဆားငံသီးငါးပေါင်းအတွက် လိုအပ်သောပစ္စည်းများ
ငါး အရွယ်တော် အရွယ်တော် ၁ ကောင် (600 grams လောက်။ ငါးနံမယ်တော့ မေ့သွားပြီ။ ဒါမျိုးငါးမရလဲ seabass နဲ့ ပေါင်းလဲ ရတယ်။ ဒါပေမယ့် ဒီငါးက အညှီအနံ့လဲ မနံဘူး။ အရိုးကလဲ ရှာမှရှားပဲ။ အရိုး အကြီးကြီးတွေပဲ ရှိတယ်။ အရမ်းကောင်းတယ်။ ၆ကျပ် ပြား၉၀ ပဲ ပေးရတယ်။)
-ဆားငံသီးပေါင်း ၃/၄ လုံး ခန့် (Woh Hup Brand နဲ့ ပုလင်း)
-ငရုတ်သီးစိမ်း ၄ တောင့် ၊ ဆားနဲနဲ၊ rice wine (ဟင်းချက်တဲ့ ဆန်ဝိုင် အနည်းငယ်။ ပုလင်းအဖြူလေး)၊ နှမ်းဆီစစ်စစ် အနည်းငယ် လက်ဖက်စားဇွန်း တဝက်ခန့်၊ ( ကြက်သွန်ဖြူဘေးနားက အထုတ်သေးသေးလေးက နှမ်းဆီပါ။ သူ့ကို ထည့်ရင် အရမ်းမွှေးပါတယ်။သူ့ဘေးနားက ကြာဇံချက်ထဲထည့်တဲ့ မှိုခြောက်ေးတွေကို ထုံးထားတာ။ ခရုဆီရှိရင်လဲ ခရုဆီကိုလဲ ၂စက် ၃ စက်လောက် ထည့်လို့ရပါတယ်။ ပူးတေရဲ့ ခရုဆီကတော့ မသုံးတာကြာလို့ မကောင်းတော့လို့ လွှတ်ပစ်လိုက်ရလို့ မထည့်လိုက်ရပါဘူး)၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ မှိုခြောက်၊ ဂေါ်ဖီထုတ် (သို့မဟုတ်) မုန်ညင်းအဖြူထုတ် အနည်းငယ်စီ၊ ကြက်သွန်မိတ် ၅ ပင်ခန့်။
ပြုလုပ်ပုံ အဆင့်ဆင့်
ငါးကို ဆန်ဝိုင်အနဲငယ်၊ ဆားအနဲငယ်နဲ့ နယ်ပြီး အရသာဝင်အောင် နှပ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊ဂျင်း၊ ကြက်သွန်မိတ်၊ ဂေါ်ဖီထုတ်လေးတွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံလှီးပြီး မှိုခြောက်လေးတွေကို အထုံးလေးတွေလုပ်ထားလိုက်ပါတယ်။ တချိန်ထဲမှာပဲ ငါးပေါင်းဖို့ ရေနွေးအိုးကို ကြိုတည်ထားရပါမယ်။
(ဒါက ဆားငံသီးပေါင်းရဲ့ အရည်ကို ၂ ဇွန်းလောက်ထည့်လိုက်ပါတယ်)
ပြီးရင်တော့ ပေါင်းမယ့် ပန်းကန်ထဲမှာ ဂေါ်ဖီထုတ်၊ မှိုခြောက်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း ( အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းကို ၂ ပိုင်း ၃ ပိုင်းခန့် ဖြတ်ပါ။ အိမ်မှာ မစ္စတာပီကတော့ အစပ် သိပ်မစားတော့ ငရုတ်သီးစိမ်းကို အတောင့်လိုက်ပဲထည့်လိုက်တယ်) တို့ကို ငါးရဲ့  ဘေးပါတ်လည် အပေါ်ဘက်နဲ့ အောက်ဘက်တို့မှာ အဆင်ပြေအောင်ထည့်ပြီး အပေါ်မှ နှမ်းဆီအနည်းငယ်ကို နေရာအနှံ့ တစက်ခန့်ဆီ ဖြူး၍ ရေဆူနေသော အိုးထဲသို့ ထည့်ပြီး မီးအပူချိန် အနဲအများကို လိုက်၍ ၁၅ မိနစ် မိနစ် ၂၀ခန့် ပေါင်းပြီးလျှင် အနံ့အရသာတို့နှင့် ပြည့်စုံ၍ ကျန်းမာရေးနဲ့ ညီညွတ်သော ဆားငံသီးငါးပေါင်းတခွက်ကို ရရှိပါလိမ့်မယ်။ (:D အပျင်းတက်ပြီး စာတွေ ပြန်မရိုက်တော့ပဲ မျက်နှာစာအုပ်မှာ ရိုက်ထားတဲ့ စာတွေကိုပဲ ပြန်ကူးတင်လိုက်တယ်။) :)
အိုးကို အဖုံးအုပ်ပြီး ပေါင်းရမှာနော်။ အဖုံးအုပ်တဲ့ ပုံ မရိုက်လိုက်ရလို့။
ဟော အဖုံးအုပ်လိုက်တော့ ကျက်သွားပြီ တွေ့လား။ သိပ်မြန်.... :)
ပြီးရင်တော့ ဒါမျိုးလေး လှတပတလေးပြင်လိုက်တာပေါ့နော်....
အော် မေ့လို့ ငါးပေါင်းနေတုန်း အရည်တွေထွက်တယ်။ သွန်ပစ်မိမှာ ဆိုးလို့။... သူ့ကို ဟင်းရည်လို သောက်စားလို့ရတယ်။ အရမ်းအရသာရှိတယ်။ ချဉ်ငံစပ်လေး။ ဆားငံသီးပေါင်းက အငံအရသာရော အချဉ်အရသာရော ပါပြီးသားမို့ ငါးကို ဆားလူးရင် ပါတယ်ဆိုရုံလေးလူးဖို့ သတိထားရလိမ့်မယ်... မဟုတ်ရင် ငံသွားမှာဆိုးလို့။ အချိုကြိုက်ရင် သကြားနဲနဲလောက် ထည့်ပေါင်းလဲရတယ်နော်.... ချဉ် ချို ငံ စပ်လေးပေါ့။ ထမင်းအရမ်း မြိန်တယ်။ ဝိတ်လျော့ချင်လဲ အဆင်ပြေတယ်နော်။သူနဲ့ လိုက်ဖက်တာက ကန်ဇွန်းပလိမ်းတို့၊ မှိုကန်ဇွန်းတို့၊ ကိုက်လံကြော်တို့နဲ့ လိုက်တယ်။ ပူးတေတို့ကတော့ ကန်ဇွန်းပလိမ်းလေးနဲ့ စားလိုက်တာ။ အရမ်းကောင်းပဲ။
မစ္စပီကြီးကတော့ အစပိုင်းကတော့ ဂိမ်းဆော့နေရာက ငါးပေါင်းမကျက်သေးခင် အနံ့လေးတွေ စထွက်လာကတည်းက ထမင်း ၂ ပွဲ အဆင်သင့် ပြင်ပြီး စောင့်နေတယ်။ ပူးတေငါးပေါင်းက ဘယ်လောက်ဆွဲဆောင်အားကောင်းလဲဆိုတာ အဲဒါပဲကြည့်တော့။ ဟားဟား ဘာမှ မဟုတ်ဘူး။ ၁ နာရီခွဲနေပြီ သူ့သူ ဗိုက်ဆာနေလို့။ မနက်စာလဲ သိပ်မစားထားလို့လေ။ ဒါလဲ ပညာတခုပဲနော်။ မဟုတ်ရင် ကိုယ်ပေါင်းတဲ့ငါးကို ဗိုက်မဆာတဆာနဲ့ စားမှာပေါ့။ ပြီးတော့ မကောင်းဘူးလို့ ထင်မှာပေါ့။ ဟဲ ဟဲ တော်တယ် မှတ်လား။ ပြီးတော့ ချီးကျူးသေးတာ။ စီးတီးဟောကဆိုင်တွေထက် ငါ့မိန်းမ ချက်တာ ပိုကောင်းတယ်တဲ့။ ဟားဟား။ ကျေနပ်အောင် ပြောတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့နော်... သူက ဗိုက်ဆာနေပြီကိုး။ :P
20 comments:
မပေတူး....အဲ ဟုတ်ဝူး မပူးတေရေး
ငါးပေါင်းလာစားပါတယ်း)
ကျနော်တို့ဆီမှာတော့ အဲဒီငါးကို
ငါးပါးနီလို့ခေါ်တယ် ....
ဂွိ (ဗိုက်ဆာလို့မြည်သောအသံ)
အဟီး...ဝိတ်ချလို့ ရတယ် ဆိုတာနဲ့တင် စားချင်သွားပီ။ အခုလောလောဆယ် တကယ်ကို ဝိတ်ချနေရတယ်။ လူက နေပေမဲ့ ဗိုက်က မနေဘူးလေ ဟဲဟဲဟဲ ... ( ပူလာတာကို ပြောတာ )
အနံ့မွှေးပြီး
စားလို့ကောင်းမယ့်ပုံလေး.....
ငါးပေါင်းလာစားပါတယ်ညီမလေးရေ။
ကောင်းမှကောင်း။
ထူးထူးဆန်းဆန်းလေးလာစားသွားတယ်ညီမလေးပူးတေ.
ဗိုက်ဆာသွားပြီနော်...
ခင်မင်စွာ
သဒ္ဓါ
ညီမ ပူးတေ ရေ
လုပ်ရက်လိုက်တာ ညီမ ရဲ့ လက်ရာလေး ကြည့်ပြီး ထမင်း တအိုးကြီးကို ချပြီး စောင့်နေမှာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သားရေယိုအောင် သိပ်လုပ်တယ်..
ငါးနာမည်က မေ့သွားလို့ ငါးလား။း)))
ပိုစ့်မတင်တာကြာလို့ ပိုစ့်အသစ်လေးအပြေးလာဖတ် တယ်.. လိုင်းကလည်း သဘောကောင်းနေလို့ပါ။းP
မပူးတေလ်..ထူးထူးဆန်းဆန်း အစားအစာလေးတွေ
လာရောက် သွားရည်ကျသွားတယ်။
ချက်နည်းလေးတွေ မှတ်သွားတယ်။
ကိုယ်ချက်မှာတော့ဟုတ်ဖူး။ အမကိုချက်ခိုင်းမှာ...
ကျေးဇူးနှော်..........
စောစောစီးစီး ပူးတေရဲ့ ဆားငံသီးငါးပေါင်းကို လာသွားရေကျသွားပါတယ်။ အိမ်မှာ ဒီတိုင်းပဲပေါင်းဖူးတယ်။ ဆားငန်သီးတော့ပါဝူး။ seabass နဲ့ပေါင်းတာများတယ်။
ပူးတေရေ
ဆားငံသီးငါးပေါင်း အခုမှပဲတွေ့ဘူးတယ်။
လုပ်စားကြည့်မယ်နော်။
ငါးပေါင်းပညာအပြင် ။
ပို့စ်အောက်ဆုံးက ရေးထားတဲ့ ပညာတစ်ခု ကိုပါရသွားပါတယ်။
ဒီပညာလည်း သုံးကြည့်မယ်နော်။
ခင်မင်စွာဖြင့်
ကိုင်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ..
♪♪♪ ငါးပေါင်း ကျန်သေးလားဗျို ငါးပေါင်း ကျန်သေးလား ♪♪♪♪
ထမင်းခူးပြီး စောင့်နေတယ်း)))
ခရီးတွေ စွတ်ထွက်နေရလို့ အရောက်နောက်ကျသွားတယ် ညီမလေးရေ..။ နေကောင်းရဲ့လား။ လက်နာပျောက်ပြီလား..
အမရေ...ကံကောင်းတာက ဗိုက်စာနေတဲ့အချိန်ကြီး
လာလည်မိလို့ ။။။ ဆိုးတာက တကယ်မစားရလို့ ။ :)
အားတဲ့နေ့ ကြရင်တော့ လုပ်စားကြည့်အုန်းမယ်။။ :)
..ခင်မင်လျှက်...ခင်မာလာအောင်..:P
ငါးပေါင်းကိုခုမှလာစားဖြစ်တယ်..ပူးလေးရေ..
ဖတ်သွားပါတယ် ကြာညို့လေးထဲ့လိုက်ရင် ငါးအရောင်ကောင်းသွားမလားလို့
Note စီဘောက်တစ်ခုခုဖြစ်နေတယ်ထင်တယ်
တော်တော်သရေ ကျသွားတယ်.. .စားချင်လိုတက်တာ
ပူးတေရေ။
အခုမှပဲချက်စားဖြစ်တယ်။
နည်းအားလုံးသုံးခဲ့တယ်။
ဆရာမကို ကျေးဇူးတင်ကြောင်းလာပြောတာပါ။
ဆားငံစေ့ အစား ၊ အိမ်မှာရှိတဲ့ “အူမဲဘိုးရှိ” ပဲထည့်လိုက်တယ်။
ဆားငံစေ့နဲ့လည်းချက်ချင်ပေမယ့် သွားဝယ်ဘို့ အဆင်မပြေခဲ့ဘူး။
ခင်မင်စွာဖြင့်
it is red snapper.
အို.. စားချင်စရာလေး... နည်းလည်းမှတ်သွားတယ်။ ကျေးဇူးပါ မပူးတေ..း)
ဟုတ်တယ် မ.. စာမရေးတာတော့ ကြာပြီ.. အဟီးး
ဖဘ မှာတော့ရှိတယ်။ အမြူးဆီကနေ အမ ဖဘ တောင်းမယ်ဆိုပြီး မေ့မေ့နေတာ.. အဟိ :D
top [url=http://www.c-online-casino.co.uk/]uk casino bonus[/url] coincide the latest [url=http://www.casinolasvegass.com/]online casino[/url] manumitted no store bonus at the best [url=http://www.baywatchcasino.com/]liberated hand-out casino
[/url].
Post a Comment