Wednesday, April 14

မှော်ဘီ GTC/GTI ကျောင်းသား/သူ ဟောင်းများသို့

မနေ့ညက Forward Email တစ်စောင်ရတယ်...မှောဘီ GTC ကျောင်းသားတွေရဲ့ စုပေါင်းအလှူနဲ့ ပြန်လည်တွေ့ဆုံပွဲတဲ့။ ကျောင်းနာမယ်လေးတွေ့ တာနဲ့တင် ပျော်သွားတယ်။ ပူးတေလဲ မှော်ဘီ GTC ကျောင်းသူဟောင်းပဲ။ ဒါပေမယ့် အခု ဦးစီးလုပ်ဆောင်မယ့် အစ်ကို၊အစ်မ တွေလား မောင်၊ ညီမတွေလားတော့မသိဘူး... သူတို့တွေကို ပူးတေမသိပေမယ့် အားလုံးက ကိုယ့်ကျောင်းက ညီအစ်ကို မောင်နှမတွေပဲ.. သွားမယ်လို့ စဉ်းစားထားတယ်... (အိပ်ယာနိုးပါ့မလားမသိဘူး...း) ဒုတိယအကြိမ်တောင်ရှိနေပြီတဲ့... ပထမအကြိမ်တော့ ပူးတေလဲ မသိလိုက်ဘူး... ဒါ့ကြောင့် အခုအကြိမ်ကနေစပြီး အဆင်ပြေရင် ငွေရတုတွေ၊ ရွှေရတုတွေ တိုင်အောင် တွေ့ဆုံနိုင်အောင် နှစ်တိုင်း အဆင်ပြေစွာ ကျင်းပနိုင်အောင် နှစ်သစ်မှာ ဆုတောင်းလိုက်ပါတယ်... ဦးဆောင်ကျင်းပပေးတဲ့ ပုဂ္ဂိုလ်အားလုံးကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော်... ပူးတေက သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတဲ့လူတွေ တွေ့ဖြစ်ဆုံဖြစ်အောင် ဒီနေရာကနေ ကြော်ငြာလိုက်ပါတယ်လို့... နောက်နှစ်တွေလဲ ပူးတေပါဝင်ဆင်နွှဲပါမယ်... အခုနှစ်လဲ လိုအပ်တာတွေ လုပ်ပေးချင်တယ်... အီးမေးလ် လေးကတော့ အောက်ကအတိုင်းပါပဲ။

ခင်မင်ရသောသူငယ်ချင်းတို့......


ငါတို့ GTI/GTC မှော်ဘီ က သူငယ်ချင်းတွေရဲ့ ဒုတိယအကြိမ်မြောက် စုပေါင်းအလှူလေးကို (၁၈.၀၄.၂၀၁၀,Sunday)နှစ်ဆန်းနှစ်ရက်နေ့၊ စမ်ဘာဝမ်း ဘုန်းတော်ကြီးကျောင်းမှာ နှစ်သစ်ကူးအလှူအဖြစ် ကျင်းပလှူဒါန်းကြဖို့ စီစဉ်ပြီးပါပြီ။ အစီအစဉ်ကတော့ အဲဒီနေ့မှာ အရုဏ်ဆွမ်းအဖြစ် ကြာဇံကြော်နဲ့ အချိုပွဲ ကပ်မယ်၊ န၀ကမ္မ ကပ်မယ်၊ လာရောက်ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကြာဇံကြော်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးပါမယ်။ ဒါကြောင့် သူငယ်ချင်းတို့အားလုံး အဲဒီနေ့မှာ နှစ်သစ်ကူးအလှူကို အတူတကွဆင်နွှဲကြဖို့ရယ် ငါတို့မှော်ဘီကျောင်းသား/သူတွေ ပြန်တွေ့ဆုံကြဖို့ မပျက်မကွက် လာရောက်ကြပါလို့ အားလုံးကိုယ်စား ဖိတ်ကြားရပါတယ် သူငယ်ချင်းတို့...............

(စာကြွင်း။ ။ Sembawang ဘုန်းတော်ကြီးကျောင်းနဲ့ နီးတဲ့သူ၊ ဝေးတဲ့သူ စသည်ဖြင့် ရှိနိုင်တဲ့အတွက် တရားနာချိန်မမှီလည်း ကိစ္စမရှိပါ၊ ရောက်အောင် သာလာခဲ့ကြပါ။ Detail ကြည့်ပြီးမပါသေးတဲ့သူငယ်ချင်းတွေကို ဒီမေးလ်လေးလည်း Forward လုပ်ပေးကြပါ။)

နေရာ

Sembawang ဘုန်းတော်ကြီးကျောင်း
No.2, JALAN KERAYONG, SEMBAWANG STRAITS EASTATE,
SINGAPORE 759300
(Sembawng bus interchange မှ ၈၈၂ စီးပါ။)

အစီအစဉ်

ဆွမ်းကပ်တရားနာ - မနက် ၆း၀၀ မှ ၈း၀၀
စားကြသောက်ကြတွေ့ဆုံကြ - မနက် ၉း၃၀ အထိ

ဆက်သွယ်ရန်

ညီညီ ( ၈၁၆၁ ၆၁၃၉ )
အောင်ကျော်မင်း ( ၉၃၉၅ ၂၂၁၄ )
ငြိမ်းချမ်းထက် ( ၈၂၀၀ ၈၆၈၁ )
ခင်သန္တာထွေး ( ၉၇၅၉ ၄၅၄၇ )
နန္ဒာ ( ၉၀၆၀ ၆၃၀၅ )
စုစန္ဒာမြင့် ( ၈၂၀၄ ၆၁၁၅ )
မြတ်ဆု ( ၉၄၂၃ ၂၅၉၀ )

အားလုံး ပြန်လည် တွေ့ဆုံကြပါစို့....

3 comments:

Myue Myue said...

ရှေ့နှစ်က အကိုအမတွေထင်တယ်ဟ.. ကိုညီညီနဲ့ မစုကိုသိတယ်.. အီးစီက.. နင်သွားမှာလား..

ဧပရယ်လ်ပူး@ပူးတေ said...

သွားဖြစ်မယ်ထင်တယ်... EC က ပိုများမယ်ထင်တယ်.. ဘာပဲပြောပြော နောက်နှစ်တွေ လုပ်ဖြစ်အောင်သွားမယ်... :D

သစ်သစ် said...

စာလေးတွေ့လို့ သဘောကျသွားပါတယ် ။ အမလည်း ဘလော့ရေးဖြစ်ပေမယ့် ကိုယ်တွေလုပ်တဲ့ပွဲကို အဲ့လိုတင်ဖို့လုံးဝမစဉ်းစားမိဘူး ... ဘာပဲဖြစ်ဖြစ်ညီမလေးကို ကျေးဇူးတင်ပါတယ် ။ လာခဲ့ပါလို့လဲ ဖိတ်ခေါ်ပါတယ် ။ ဘယ်မေဂျာမဆို ပြန်လည်ဆုံတွေ့လိုပါတယ် ။ မှော်ဘီကဆို အကြီးအငယ် ဘယ်မေဂျာမဆို ၀ဲလ်ကမ်းပါလို့နော်...

ခင်သန္တာထွေး (http://thit-thit.blogspot.com)