Saturday, April 17

နှစ်သစ်မင်္ဂလာ

အားလုံးပဲ နှစ်သစ်မင်္ဂလာမှာ ဘေးအရန်အပေါင်းကင်းဝေး၍ ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ကျေးဇူးတော်ရှင် ဆရာတော်ကြီးများရဲ့  ပုံတော်များကို နှစ်သစ်ကူးကုသိုလ်အဖြစ် အားလုံးဖူးမျှော် ကြည်ညိုနိုင်ကြစေဖို့ မျှဝေပေးလိုက်ပါတယ်ရှင်...

 
(သာမညတောင်ဆရာတော်ဘုရားကြီး)

(တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး)        (မဟာစည်ဆရာတော်ဘုရားကြီး)


(ကစင် ဆရာတော်ဘုရားကြီး)               (ဆားတောင်ဆရာတော်ဘုရားကြီး)


 
        
(သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရား)            (ချမ်းမြေ့ဆရာတော်) 


သင်္ကြန်အကြတ်နေ့ (၁၅.၀၄.၂၀၁၀)နေ့ ဗုံးပေါက်ကွဲရာမှာ ကွယ်လွန်သွားကြတဲ့ ပုဂ္ဂိုလ်များအားလုံးလဲ ကောင်းရာဘုံဘဝများသို့ ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ မကျွတ်မလွတ်သော ဘုံဘဝများသို့ ရောက်ရှိခဲ့ရင်လဲ နှစ်သစ်မှစ၍ ကောင်းမွန်သော ဘုံဘဝများသို့ ကျွတ်လွတ်ရောက်ရှိပါစေလို့ မိသားစုဝင်များနဲ့ ထပ်တူတပ်မျှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။ ဒဏ်ရာရရှိတဲ့ လူနာများလဲ အမြန်ဆုံး ကျန်းမာပကတိ ချမ်းသာရှိပါစေလို့ နှစ်သစ်မှာ ဆုတောင်းမေတ္တာပို့သပါတယ်။

ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာနိုင်ကြပါစေသော်ဝ်....


>>>>ဆရာတော်ကြီးများ၏ပုံတော်များအား သိက္ခာတော် ဝါတော်အရ စီစဉ်ထားခြင်းမဟုတ်ပဲ သိမှတ်သလောက် စီစဉ်ထားရပါသဖြင့် သိက္ခာတော် ဝါတော်များနှင့် ပုံတော်အစီအစဉ်များလွဲမှားနေပါက ဖြည့်စွက်နားလည်ပေးကြပါရန်။ <<<<

5 comments:

~ဏီလင်းညို~ said...

ပူးတေရေ......
တချို့ဆရာတော်ကြီးတွေကို မဖူးခဲ့ရဘူးသေးလို့ ကျေးဇူးဗျာ.......
ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

ပူးရေ...
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကွယ်...

ဇွန်မိုးစက် said...

မင်္ဂလာနှစ်သစ်ပါ ညီမပူးတေရေ။ ဆရာတော်ဘုရားကြီးများရဲ့ ပုံတော်တွေ ဖူးသွားပါတယ်။း)

kiki said...

ဆရာတော်ကြီးများ ပုံတော် အား ကြည်ညိုဖူးမျှော်သွားပါတယ် ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ။

နှစ်သစ်မင်္ဂလာပါ ...

ဖိုးသား said...

ဆရာတော်ကြီးတွေပုံတွေဖူးမျှော်သွားပါတယ်