Monday, September 14

ဒီနေ့ (Booking)

အိမ်က အစ်ကိုကို ဖုန်းလှမ်းဆက်လိုက်တယ်။ သိချင်နေတာလေးရှိနေတာလေ။ ဒါနဲ့ 1818 ကဒ်နဲ့တောင်မခေါ်တော့ပဲ တိုက်ရိုက်ခေါ်လိုက်တယ်။ အရမ်းသိချင်နေလို့။ သူ့တို့ မနေ့က သွားလုပ်တဲ့ကိစ္စလေး အဆင်ပြေလား၊ ပူးတေတို့ လိုချင်တဲ့နေ့ရလားလို့ မစ္စတာပီကလဲ သိချင်နေတာလေ။ ဒါနဲ့ ပူးတေဒီမနက် သူအိပ်ယာနိုးမယ့်အချိန်ထိစောင့်ပြီး(အစ်ကိုက သူအိပ်နေတုန်း ဖုန်းလာရင် အရမ်းစိတ်ဆိုးတာလေ။ ဒါက ပူးတေတို့ မောင်နှမတွေ အားလုံးတူတူပဲ။ အရေးကြီး ကိစ္စဆိုရင်တော့ ရပါတယ်။ ခုဟာက ပူးတေတို့ အတွက် အရေးကြီးပေမယ့် သူကတော့ အဝေးကြီးလိုသေးတယ်လို့ ပြောမှာပေါ့။) ဆက်လိုက်တော့ အစ်ကိုက သူ့ရုံးခန်းတောင်ရောက်နေပြီလေ။ စောင့်ရကျိုးနပ်ပါတယ်။ ပူးတေတို့လိုချင်သလို အကုန်လုံးအဆင်ပြေတယ်တဲ့။ ဟီး ပျော်လိုက်တာ ထိန်းလို့ကိုမရဘူး။ ကိုယ်သိချင်တာသိရတော့ သူပြောတာ နားထောင်နေပေမယ့်လဲ မကြားတော့ဘူး။ သူမေးတာတွေလဲ ပေါက်တတ်ကရတွေ ဖြေလို့ အစ်ကိုက ဒါဆိုလဲ ဒါပဲ။ တလွဲတွေဖြေမနေနဲ့တဲ့။ ဟီး ဟီး။ သူသိသွားတယ်။ ဒါနဲ့ ဖုန်းချလိုက်တယ်။ ချပြီးတာနဲ့ မစ္စတာပီဆီကို တန်းခေါ်တော့တာပဲ။ နေ့လည် ထမင်းစားချိန်ထိတောင်မှ မစောင့်နိုင်တော့ဘူး။ ပူးတေလဲ ပြောချင်တာတွေပြောလိုက်တော့ သူလဲ တော်တော်ပျော်သွားတယ်။ အရင်ကဆို ပူးတေ သူ့ဆီကို အလုပ်ချိန်မှာ ဖုန်းဆက်ရင် ဒါပဲနော်။ Lunch Time ကျမှ ပြန်ခေါ်မယ်။ သူများပြောစရာဖြစ်မယ်ဆိုပြီးတော့။ ခုတော့ သူကိုယ်တိုင်ကိုက မေးခွန်းတွေမေးနေတာလေ။ သူမေးတာတွေ ပူးတေလဲ သေချာမသိဘူး။ ဘာလို့လဲဆို ခုနက အစ်ကိုနဲ့ ပြောတုန်းက သေချာမှ နားမထောင်တာကိုး။ ဒါနဲ့ သူလဲ အရေးကြီးတာ သိရရင်ပြီးတာပါပဲဆိုပြီး ဖုန်းချသွားတယ်။ သူဖုန်းချသွားတဲ့ အထိ ပူးတေရင်ထဲက ဝမ်းသာနေတာက မပျောက်သေးဘူး။ ဒါနဲ့ ပူးတေဘလော့လေးထဲမှာ ဒိုင်ယာရီ အနေနဲ့ ချရေးထားလိုက်တာ။ စာလာဖတ်တဲ့ သူငယ်ချင်းတွေ ဘာမှန်းမသိ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။ အခုတော့ အမှတ်(၁) ခြေလှမ်းအနေနဲ့ သိမ်းထားလိုက်တယ်။ ခြေလှမ်းအားလုံးပြည့်သွားလို့ ပူးတေတို့ သွားချင်တဲ့နေရာရောက်ပြီဆိုရင် ဘာလဲဆိုတာ သိရမှာပါ။ အမှတ်(၁) ခြေလှမ်းလေးက ပူးတေတို့ လိုချင်သလိုဖြစ်လာလို့ ပူးတေရင်ထဲမှာ အတိုင်းမသိ ဝမ်းသာရပါတယ်ရှင်။...

ပုံလေးကို ဒီကနေယူတာပါရှင်

8 comments:

Anonymous said...

လာလည်သွားတယ်နော်

Anonymous said...

လာလည်သွားတယ်နော်

Anonymous said...

ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့မှာ တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ် သီချင်းကို မစ္စတာပီနဲ့ ပူးတေတို့ သရုပ်ဆောင်မယ်မဟုတ်လား ငှဲငှဲ

ပူးတေ said...

အနောနီးမတ်စ်- ကျေးဇူးနော်

အနောနီးမတ်စ်_ မှန်ပါတယ်ကွယ်။ အဖြေမှန်ကို ဖြေဆိုတဲ့ မောင်လေး/ညီမလေးကို မမတို့က ဆုချပါမယ်။ :) ကျေးဇူးနော်

yangonthar said...

ကျနော်တော့ မသိဘူးဗျ ..... ဝမ်းသာနေတယ် ကြားရလို့  ဝမ်းသာသွားပါတယ်
လာလည်လို့ ကျေးဇူး
ရန်ကုန်သား :))))
အေးမြသာယာရှိပါစေ

ZT said...

အဟဲ။ အရှေ့မှာ Hint ပေးပြီးပြီ။ သိတာပေါ့။ :D

ကိုလူထွေး said...

မင်္ဂလာခန်းမငှားဖို့ကိစ္စထင်တယ်...

းဝ)

Pwint Myue Zin said...

ဘာလဲဆိုတာ သိသလိုပဲ...