Saturday, July 17

ဟောဒီဘက်က အုန်းနို့ခေါက်ဆွဲ

နေ့လည်က ရုံးကနေကြွားထားတာ.... အုန်းနို့ခေါက်ဆွဲ လုပ်စားမယ်လို့။

ဒါလေးက မနေ့ညနေထဲက ကြက်သားရယ်... ငါးဖယ်ရယ်ကို ဆီသတ်ထားပြီး ပဲမှုန့်ကိုကျိုထားတာ...မနေ့ညနေထဲက ကြိုလုပ်ထားတာတောင် ဒီနေ့ ညနေချက်တာ ည ၈ နာရီမှ ပြီးတယ်...
ဒါက ခေါက်ဆွဲ ကြက်ဥခေါက်ဆွဲခြောက် ၁ ကီလို တထုတ်လုံးကို ဖျောလိုက်တာ... ပြီးတော့ အိုးကို မဖို့ မနိုင်တော့လို့ မစ္စတာပီကို ခေါ်ရသေးတယ်...

ဒါက အကြွပ်ကြော် ကိုယ်တိုင် ကြော်တာ ။ တအိမ်လုံးကို မွှန်ထူနေတာပဲ။ မီးဖိုချောင်က exhaust fan ကလဲ မှုတ်လိုက်မှ ပိုဆိုးနေသလား မသိဘူး။  တူးတာတူး မကျက်တာ မကျက်နဲ့။ ဒါလေးပဲ အကောင်းကျန်တယ်...အရင်တခါ နန်းကြီးသုတ်လုပ်တုန်းက အသိအစ်မတယောက် လာကြော်ပေးသွားတာ…သူကြော်တုန်းက ဘာသံမှ မကြားရဘူး....ပထမအကြိမ်ကြော်တာပဲ.. ဒီလောက်တော့ ရှိမှာပေါ့နော်...:D အမှန်ပြောရရင် ပူးတေက ဒီအကြော်ကို လုံးဝမကြိုက်ဘူး...ပဲသွေး(ဘဲသွေး)လေး ရှိရင်ကောင်းမှာ...ပူးတေအရမ်းကြိုက်....


နံနံပင်၊ ကြက်သွန်စိမ်း၊ သံပုရာသီး။ နံနံပင်က မနေ့ကထဲက ကြိုဝယ်ထားတော့ နဲနဲနွမ်းနေပြီ…ဒီနေ့မှ ဝယ်မယ်ဆိုလဲ သူက အုန်းနို့ခေါက်ဆွဲထဲ ပါခွင့်ရတော့မှာ မဟုတ်ဘူးလေ...

ဟင်းရည်အိုး

ပွက်ပွက်ဆူနေတုန်းက အရောင်လုံးဝမရှိဘူလေ… ဒါမျိုး ဖြူနေတာ… အုန်းနို့များသွားတယ်ထင်တယ်.. ကိစ္စမရှိဘူး… များပစေ ကောင်းတယ် ...မနက်ဖြန် အဝအိပ်လို့ရတယ်..း)

နောက်တော့ ဒါမျိုးလေး ဆီသတ်ထားတဲ့ အရောင်လေးတက်လာတယ်….

ဒါက စားဖို့အတွက် ပန်းကန်ထဲထည့်တော့ အရောင်က ဒီလောက်ပဲ ထွက်တော့တယ်...
ဒါက ယောက်မ (မစ္စတာပီ ညီမ) ယူလာပေးတဲ့ ငါးဖယ်ကြော်လေး

ရှုစား သုံးဆောင်လို့ ရပါပြီ....
ရှုပြီးတော့ပဲစားနော်...

သူငယ်ချင်းဒေါ်ပွင့်(မြူးမြူး) လေ လာမယ်ဆိုပြီး ပုံပြောသွားတယ်... ၁၀ နာရီလောက်ထိ စောင့်နေသေးတာနော်... ခုနလေးကမှ ရေခဲသေတ္တာထဲ ထည့်လိုက်တယ်... မနက်ကျရင် breakfast တီးချင်ရင်ရသေးတယ်... ဆောဆောထလာခဲ့ မှီသေးတယ်နော်...

25 comments:

သုခုမလေဒီ said...

ဘယ်သူမှမစားခင်အရင်လာစားသွားတယ်း)) အမလည်းဘဲသွေးလေးနဲ့ မုန့်ကြွပ်များများ ကြက်သွန်စိမ်းလေးနဲ့ဆိုကြိုက်တယ်။ နံနံတော့မစားဘူး။
ကြည့်ရတာ အုန်းနို့တော်တော်များမယ်ထင်တယ်။ အင်းလေ သွေးတိုးပြီး အိပ်တာကောင်းတယ်။ သွေးအားနည်းနေတာဆိုတော့ အတော်ပါပဲး)))

ကိုဇော် said...

ရှလွှတ် . . .တောက်. .တောက်. .

မေဓာဝီ said...

ပူးတေခေါက်ဆွဲက အရောင်တော့မလှဘူး။ ဒါပေမဲ့ အမယ်စုံတော့ စားချင်စဖွယ်လေး။ ငါးဖယ်တွေရော အကြွတ်ကြော်တွေရော စုံလို့ပဲ။ အမလဲ ဟိုအပတ်က ချက်စားသေးတယ်။ မစုံမလင်နဲ့ ဖြစ်သလိုပဲချက်တာမို့ မှတ်တမ်းမတင်လိုက်ရဘူး။

မောင်မောင် said...

အင်း အုန်းနို့ ခေါက်ဆွဲ စားဘူး။ :(
သွေးတိုးမှာ စိုးလို့ ဗျ။
အဲ ဒံပေါက်တော့စားတယ်။
ဒံပေါက်ချက်ယင် ပြောပါဗျို့ ။
စီးပွားဖြစ် ချက်ရောင်းယင်တော့ ရှုံးမယ့်သဘောရှိတယ်။

ကိုလူထွေး said...

ဒန်ပေါက်မဆလာနဲ့ အုန်းနို့ခေါက်ဆွဲချက်ကြည့်ပါလား...

းဝ)

blackroze said...

ပူးလေးပြောသလိုဘဲ
ဓါတ်ပုံကိုရှု့ပြီးခေါက်ဆွဲပြုတ်ကိုစားလိုက်ပါတယ်..

လသာည said...

မနက်စောစော ဗိုက်ဆာနေချိန် အုန်းနိုခေါက်ဆွဲပွဲကို မြင်လိုက်ရတော့ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်က အော်တယ်။ ဆာတယ် ဆာတယ်တဲ့..။

စားကောင်းမှာသေချာတယ်..။ ချက်တတ်ပြုတ်တတ်တဲ့ ဇနီးချောလေးကို ရတာ မစ္စတာပီ ကံကောင်းတယ်ကွာ..( တူးတဲအခါ တူးတာက လွဲရင်ပေါ့းD)

အဖြူရောင်နတ်သမီး said...

အုန်းနို့ခေါက်ဆွဲ အဝတီးသွားတယ် ပူးရေ...

Myue Myue said...

ဆေားတီးသယ်ရင်း.. နေ့လည်ကရွာတဲ့မိုးမိသွားပြီး ချောင်းတွေမတရားဆိုးနေလို့ ရင်နာနာနဲ့ အုန်းနို့ခေါက်ဆွဲကို စွန့်လွှတ်လိုက်ရသူပါကွယ်..

နွေးနေခြည် said...

အရမ်းစားချင်စရာကောင်းတာပဲ.. ပူးတေရယ်

sosegado said...

အုန်းနို့ခေါက်ဆွဲစားရင် ကြက်သွန်နီ များများထည့်စားတယ် တက်မှာစိုးလို့

Anonymous said...

ညီမရေ

အပြင်သွားနေလို့ အရောက်နောက်ကြ သွားတယ် တော်သေးတယ် ရှိသေးလို့

အမ အတွက် ငါးဖယ်များများ ထည့်ပေးပါ အဲလိုငါးဖယ် အရမ်းကြိုက်တယ်

အုန်းနို့ခေါက်ဆွဲလေး က တော်တော်ကောင်းတယ် ကျေးဇူး

စိတ်ကူးနဲ့စားသွားတာ ၃ ပုဂံ ကုန်သွားတယ် တော်သေးတယ် ဆေးခန်းမရောက်လို့

ခင်မင်စွာဖြင့်
အမရွှေစင်

နေ၀သန် said...

မနေ့ကတည်းက တင်ထားတာကို စားချင်ပါတယ်ချိုမှ... ဒီနေ့တော့ ပုံနဲ့ကို တင်ကျွေးတာ... ဟင့်..း))))


ခင်မင်တဲ့
နေ၀သန်

ယွန်း said...

စားလိုက်တာ တော်တော် များသွားတယ် ..
ကိုယ့်ဗိုက်တောင်ကိုယ် မသယ်ချင်တော့ဘူးးး
ဗိုယ်လေးသွားလို့  ပြန်အိပ်လိုက်ဦးမယ်..:D

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးဖယ်လေးနဲ့တစ်ပွဲပေးပါဗျို့..
အော် ဆိုင်ရောက်နေတယ်မှတ်လို့..
ပူးတေရဲ့ လက်ရာကိုး...
စားချင်လိုက်တာနော်
မစားရတာကြာပြီ..

သက်ဝေ said...

အမယ်လေးတွေ စုံနေတာပဲ...
စားချင်စရာလေး...း))

ပန်းနုနှင်းဆီ said...

အုန်းနို့ခေါက်ဆွဲလာစားပါတယ်..
ခေါက်ဆွဲစားရင်အရည်များများ အဖတ်နည်းနည်း စားတတ်တာမို့
အုန်းနို့များများချက်ထားတဲ့ဟင်းရည်က အကြိုက်ပါဘဲ..
တကယ်သွားရေကျသွားတယ်

မောင် လေး said...

အုန်းနို့ခေါက်ဆွဲ စားချင်နေတာ ကြာပြီ...။
သုံးပွဲတိတိစားသွားပါ၏။
ချက်နည်းလေးများ မျှလို့ရမလားခင်ည။

Cameron said...

ပူးတေရေ...အမလဲ အုန်းနို့ခေါက်ဆွဲလေးအ၀စားသွားတယ် ပဲသွေးပါရင် ပိုကောင်းမယ်နော်...။ နောက်နေ့ အမအိမ်ကိုလာလည်လှည့်...ယိုးဒယားအုန်းနို့မုန့်ဟင်းခါးချက်ထားမယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ချိုကျ said...

အုန်းနို့ခေါက်ဆွဲလေး မြည်းသွားတယ်နော် ကောင်းလိုက်တာ အရသာကိုရှိလို့ :)

ခင်တဲ့(ချိုကျ)

စူးနွယ်လေး said...

ငါးဖယ်ကြော်တွေချည်း ထိုင်စားချင်လိုက်တာ..အုန်းနို့ခေါက်ဆွဲက မကြိုက်လို့ :)

Mila said...

Hello! Invite to Ukraine!))

ချစ်ကြည်အေး said...

ပူးတေညီမ...အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်၊ ခေါက်ဆွဲဖတ်က ဘယ်အထုပ်လဲဟင် အခွံရှိသေးရင် ပုံတင်ပေးပါလား...အမကတော့ နို့စိမ်းခေါက်ဆွဲကို အုန်းနို့နဲနဲ အာသာပြေထည့်ပြီး ချက်စားတယ်၊ အုန်းနို့ချည်းပဲ မစားရဲလို့...

ကောင်းမွန်ဝင်း said...

ပူးတေ
နေကောင်းလား
အုန်းနို့ခေါက်ဆဲလာစားတယ်။
အဆင်ပြေပါစေ။
ခင်မင်လျှက်

khin oo may said...

ကြို့က်တယ်။ ဘိုက်ဆာလိုက်တာ.