Friday, April 23

မွေးနေ့အမှတ်တရ

ဒီနေ့ ပူးတေမွေးနေ့ပါ... မွေးနေ့နဲ့ မွေးရက်တိုက်ဆိုင်ပါတယ်... သောကြာပူးမို့ အပေအတေအဆိုးလေးမို့ ပူးတေတဲ့

အရင်ဆုံး လူ့လောကထဲရောက်အောင် ခေါ်ဆောင်လာပေးခဲ့တဲ့ မိဘနှစ်ပါးကို ရှိခိုးကန်တော့ပါတယ်... ပူးတေမေမေက သင်္ကြန်မတိုင်မီ ၁ပတ် အလိုထဲက တရားရိပ်သာဝင်တာ ၂၅ရက်နေ့မှ ပြန်ထွက်လာမှာမို့ မေမေကို မွေးနေ့မှာ ဖုန်းနဲ့ ရှိခိုးကန်တော့ခွင့် မရပါဘူး။ ဖေဖေနဲ့ အဖွားကိုတော့ ညထဲက ဖုန်းပြော ကန်တော့ပါတယ်.. ဒါမှ သူတို့ ဒီနေ့ဘုရားသွား ဘုံကျောင်းတက် စာချစတဲ့ အလုပ်တွေကို အေးအေးဆေးဆေး သွားလုပ်နိုင်ကြမှာပါ။ မဟုတ်ရင် ပူးတေဖုန်းဆက်တဲ့အချိန် သူတို့မရှိမှာဆိုးပြီး နောက်ဆံတင်း စိတ်မဖြောင့် ဖြစ်နေမှာဆိုးလို့ပါ။

ဒါက ပူးတေမေမေ လွန်ခဲ့တဲ့နှစ် ၂၀၀၈ သင်္ကြန်တုန်းက သီလရှင်ဝတ်တဲ့ ပုံလေးပါ။ ပူးတေညတိုင်းရှိခိုးပြီးအိပ်ပါတယ်... မနက်ရုံးသွားခါနီးတိုင်းလဲ ရှိခိုးသွားပါတယ်။ မွေးနေ့အမှတ်တရ မေမေ့ပုံလေးကို ပူးတေဘလော့ပေါ်မှာတင်လိုက်ပါတယ်။ ညက ပူးတေ မေမေ့ ဓါတ်ပုံကို upload လုပ်နေတုန်း ဘေးကနေ မစ္စတာပီက အမေပုံပဲတင်ပြီး အဖေပုံမတင်ရင် သူများတွေက အမေ မယ်သီလရှင် တစ်ယောက်ထဲကနေ မွေးတယ်ထင်မှာပေါ့ဆိုပြီး အတင်းလိုက် နောက်နေသေးတယ်။ ကောင်းကောင်းကိုမရေးရလို့ ခုမနက်မှ ဆက်ရေးရတယ်။

ပူးတေကို မွေးတဲ့အချိန်တုန်းက မေမေတော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်လို့ လူကြီးတွေ ပြောစကားအရ သိခဲ့ရပါတယ်။ ပူးတေကို ကိုယ်ဝန်စရှိတော့ မေမေက နှင်းဆီပန်း အနီကြီးတွေကို အိပ်မက်မက်လို့ ဒီတခေါက်မိန်းကလေးဖြစ်မှာလို့ မေမေက သူ့ယောက္ခမ(ပူးတေအဖွား)ကို ပြောပါတယ်။ ပူးတေအစ်ကိုက မြေးဦးပါ။ သူတို့က ယောက်ျားလေးတယောက်ရထားပြီးသားဆိုတော့ ဒီတယောက်ကို မိန်းကလေးဖြစ်စေချင်တာတဲ့။ စာသွားချတော့လဲ မိန်းကလေးပဲတဲ့။ ရှေ့ကအစ်ကိုကိုပါ ဦးဆောင်မယ့် သမီးမိန်းကလေးပါတဲ့။ ကပ်ကြွားတာ.. :D တကယ်ပဲအဲဒီအချိန်က အားလုံးပဲ  အားလုံးဝမ်းသာကြပါတယ်တဲ့။

ပူးတေကို မွေးတဲ့အချိန်မှာ ပူးတေတို့အိမ်က လက်ဖက်ရည်ဆိုင်ဖွင့်ထားလို့ အရမ်းအလုပ်ရှုပ်ပါတယ်တဲ့။ ပူးတေကိုမွေးပြီးတဲ့အချိန်မှာ မေမေက ပူးတေကိုနို့တိုက်လို့မရခဲ့ပါဘူး... မေမေပြောတာတော့ နို့ချောင်းပိတ်တာတဲ့.... အရမ်းနာပြီး အရမ်းခံစားရပါတယ်တဲ့... ကလေးကငို နို့ကတိုက်ချင်ပေမယ့် မခံမရပ်နိုင်အောင်နာနေလို့ မတိုက်ရ၊ မတိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ပြီး ငိုနဲ့ တော်တော်လေး အကျပ်တွေ့ခဲ့ပါတယ်တဲ့။ နောက်ဆုံးမခံနိုင်လို့ ဆေးရုံတက်ပြီး နို့နှစ်ဖက်လုံးခွဲစိပ်ကုသခဲ့ရပါတယ်တဲ့။ ပူးတေကလဲ နို့ဗူးပဲစို့ရတော့ အခုခေတ်လို နို့ဗူးပေါင်းတာတွေဘာတွေ မပေါ်သေးတဲ့ နို့ဗူးဖျော်ဖို့ သန့်ရှင်းရေးလုပ်ဖို့တွေအတွက် အရမ်းကိုပဲ ကရိကထများခဲ့တယ်လို့ သိခဲ့ရပါတယ်... ဒါနဲ့ပဲ ပူးတေအမေဆေးရုံစတက်တဲ့ အချိန်ကနေစပြီး မေမေနေပြန်ကောင်းတဲ့အချိန်ထိ ပူးတေက မေမေ့ညီမ အဒေါ်အပျိုလေး(အပျိုကြီးတွေမဟုတ်ပါ။ ပူးတေမေမေက ၂၁ နှစ်နဲ့ အိမ်ထောင်ကျတဲ့အတွက် သူ့ညီမတွေအားလုံးက အဲဒီအချိန်က အသက် ၂၀ ဝန်းကျင်ပါပဲ) တွေနဲ့ နေခဲ့ရပါတယ်။ ဒါနဲ့ပဲ ရှိတဲ့အစ်ကိုအပေါ်မှာ ဗိုလ်လုပ်ပြီးဆိုးခဲ့ အနိုင်ယူခဲ့ပါတယ်။ အစ်ကိုနဲ့ပူးတေနဲ့က ၃ နှစ်ခြားပါတယ်... ပူးတေကြောင့် သူအဆော်ခံခဲ့ရတာတွေ မနည်းဘူးလို့လဲ သတိရတိုင်းပြောပါတယ်။ :D ညီမလေးအပေါ် ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတာတွေကတော့ ဒီပို့စ်လေးမှာရှိတယ်။

မွေးနေ့မှာ မေမေ့ကျေးဇူး ပြန်လည်သတိရပြီးတော့ ငယ်ငယ်က ပူးတေကို ဘယ်လို ဒုက္ခခံပြီးမွေးခဲ့ရလဲဆိုတာတွေးကြည့်ရင် ဒီကျေးဇူးတွေက ဆပ်လို့မကုန်နိုင်အောင်ပါပဲ။ ဒါကြောင့် မွေးမေကျေးဇူးများကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ရပါတယ်...မေမေကျန်းမာချမ်းသာနဲ့ သားသမီးအကျိုးခံစားပြီး စိတ်သွားတိုင်းကိုယ်ပါ သာသနာအကျိုးဆောင်ရွက်နိုင်တဲ့ မိခင်တယောက်ဖြစ်ပါစေလို့ သမီးဒီနေရာကနေဆုတောင်းလိုက်ပါတယ်...

စားစရာတွေကျွေးချင်ပေမယ့် အစ်ကိုတယောက်အလည်ရောက်နေတာရယ်၊ အမျိုးသားရဲ့ ဧည့်သည်နှစ်ယောက်အလည်ရောက်နေတာရယ်၊ ရုံးမှာ ပရောဂျက်အသစ်စတဲ့အချိန်ရယ်ပေါင်းပြီး လုံးဝမအားတာ မွေးနေ့ပို့စ်လေးတောင်မှ အခုမှပဲ လက်စသတ်နိုင်ပါတယ်...ဒါကြောင့် စားစရာ သောက်စရာတွေကို ပူးတေရဲ့ ချစ်မမက ပူးတေကိုယ်စား ဧည့်သည်တွေကိုတည်ခင်းဧည့်ခံကျွေးမွေးမှာမို့ ဒီမှာ သွားရောက်သုံးဆောင်ကြပါလို့.... 

ဒါလေးက မမအဖြူရောင်နတ်သမီးပေးတဲ့ မွေးနေ့ကတ်လေးပါ...


မမအဖြူရောင်နတ်သမီးရေ မွေးနေ့ပွဲလေးအတွက်ကျေးဇူးအထူးတင်ပါတယ်နော်... ဘယ်တော့မှ မမေ့ကြေးနော်.... အာဝါး x infinity. နော် ချစ်မမ :D

ဒါကတော့ သူငယ်ချင်း သက်တန့်ချိုပေးတဲ့ မွေးနေ့ကတ်လေးပါ။ သူငယ်ချင်းရော ကဗျာလေးအတွက်ရော၊ အမှတ်တရရှိတဲ့အတွက်ရော၊ ကတ်လေးအတွက်ရော အရာအားလုံးအတွက် ကျေးဇူးပါနော်... ကျေးဇူးx infinity ပါနော်... အမြဲအမှတ်ရနေမှာပါ။

နောက်ဆုံးရသတင်း ... ဒီညနေ အိမ်က မစ္စတာပီကြီးက အစ်ကိုတွေလဲရောက်နေလို့ ဆန်တိုဆာ လိုက်ပို့ပါမယ်တဲ့ မွေးနေ့အမှတ်တရ သွားကြပါမယ်... :D

14 comments:

မေလေး said...

Happy Birthday!!!!!!!!!!!!!!!

ချစ်ကြည်အေး said...

Happy Birthday...All the best naw :)

သမီးကြီး said...

Happy Birthday.....
I wish both of u n ur family to be happy n healthy.

ကိုကိုးအိမ်(မန္တလေး) said...

ပူးတေရေ မင်္ဂလာရှိသောမွေးနေ့ပါ မုန့်ကိုတော့ မနမ်းမ၀ ဆီကစားခဲ့ပြီဗျ.. ကိုသက်တန့်ချိုရဲ့ ပို့်စ်ကို ဖတ်မိမှ ပူးတေရဲ့မွေးနေ့မှန်းသိလို့ မုန့်လာစားတာ.. ပြည်တော်ပြန်ရင်လည်း မုန့်များများဝယ်ခဲ့နော် ဘလော့ဂါတွေဝိုင်းစားရအောင်လို့ အဟီး

ပျော်ရွှင်ပါစေ
ကိုကိုးအိမ်

အဖြူရောင်နတ်သမီး said...

မွေးနေ့မှာ ပျောရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေ ညီမလေးရေ...

မြူးမြူး said...

ဘာကျွေးမလဲပြော.. ညနေကျရင်အိမ်တံခါးလာခေါက်ပြီပဲ.. ပုန်းမနေနဲ့ဦးနော်.. Happy Birthday ပါဘော်ဘော်လေးရေ...

Ree Noe Mann said...

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေဗျာ

ညလင်းအိမ် said...

HAPPY BIRTHDAY TO YOU !!!
ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်ခြင်းနှင့် ပြည့်စုံပါစေ ....

what is good things said...

HaPpY bIrThDaY Puutae !
ဒီနေ့ April 23th 2010 မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ တိုင် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ။ ဆန္ဒနဲ့ ဘ၀တစ်ထပ်တည်းကျပါစေ။

မေဓာဝီ said...

ညီမရေ မွေးနေ့ဆုတောင်းတာ နောက်ကျသွားတယ်။
ညီမမေမေက အေးချမ်းလိုက်တာ။ မိဘကို မမေ့တဲ့ ညီမလေး အမြဲ အဆင်ပြေပျော်ရွှင်ပါစေ ... မွေးနေ့မှစပြီး မင်္ဂလာရှိသော နေ့ရက်များသာ ကြုံတွေ့ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Flower said...

နောက်ကျတဲ့မွေးနေ့ဆုတောင်းလေးပါပူးရေ
ခရီးက ပြန်ရောက်တော့ အလုပ်ရှုပ်နေတာကြောင့်
ခုမှ လာဖြစ်တာပါ..
ပျော်ရွှင်ချမ်းမြေ့တဲ့မွေးနေ့ကိုနှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်ပါစေ
ဘ၀မှာ အကောင်းဆုံးအရာတွေကို ဆန္ဒရှိတိုင်းရနိုင်ပါစေ..
ပျော်ရွှင်တဲ့ မိသားစုဘ၀လေးနဲ့ ထာဝရ ချမ်းမြေ့ပါစေ ပူးရေ
ချစ်ခင်စွာ

ချော

ကိုလူထွေး said...

ဟာ...
နောက်ကျလို့ ဝါးတီးမဆွဲလိုက်ရတာ နာတာပဲ...

မွေးနေ့မှာ မွေးမေမေရဲ့ ကျေးဇူးကိုသိတတ်ပြီး ဂုဏ်ပြုဖော်ပြတဲ့အတွက် လိမ္မာတဲ့ သမီးလေးအဖြစ် ချီးကျူးပါတယ်...

နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့သူတွေနဲ့အတူတူပျော်ရွှင်တဲ့ဘဝတခုကို ပိုင်ဆိုင်နိုင်ပါစေ...

ခင်တဲ့...
ကိုလူထွေး

သဒ္ဓါလှိုင်း said...

မွေးနေ့အတွက်ဆုတောင်း..
မွေးနေ့မှစပြီး နောက်နှစ်..နောက်နှစ်တွေများစွာအထိ
ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး မိဘ
ကျေးဇူးဆပ်ခွင့်ရပြီး သာသနာအကျိုးသယ်ပိုးနိုင်ပြီး အတူ
တကွ နေထိုင်နိုင်ပါစေ..။
မွေးနေ့အတွက်မုန့်က မနတ်သမီးဆီကယူစားပြီးသွားပြီ
မို့လို့ကျေးဇူး........
ခင်တဲ့
သဒ္ဓါ

SHWE ZIN U said...

Happy Birthday

အဖြူရောင်နတ်သမီး ဘလော့ဂ် မှာလုပ်ခဲ့ပြီနော် ညီမ


ပျော်ရွှင်ပါစေ

ချစ်တဲ့
ရွှေစင်